မြေးဖြစ်သူဆော့ကစားသည့် ကားအရုပ်ကြီးကို လမ်းမပေါ်မောင်းထွက်လာခဲ့သည့် အဖိုးအိုကြောင့် လူအများကြားတွင် ပွဲဆူသွားခဲ့ရသည့်အဖြစ်

News Social News

ကလေးသူငယ်များဟာ လောကကြီး၏အကြောင်းကို ဘာမှမသိနားမလည်သေးသည့်အတွက် ဆော့ကစားစရာ အရုပ်လေးများဖြင့် အချိန်ကုန်စေတတ်ပါတယ်။အချို့မိဘများသည် သားသမီးလေးတို့အတွင် အမှန်တကယ်စီးလို့ရသည့် ဆိုင်ကယ်၊ကား အစရှိသည့် အရုပ်လေးတွေကို ဝယ်ယူပေးကြပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ TianJinမြို့၏ လမ်းမပေါ်သို့ အဖိုးအိုတစ်ဦးဟာ အရုပ်ကားတစ်စီးကို မောင်းနှင်လာခဲ့တော့တာဖြစ်ပါတယ်။အပန်းရောင်ကော်ကားလေးကို အဖိုးအိုက မောင်းနှင်လာခဲ့သည့်အတွက် မြေးမလေးစီးဖို့အတွက် ဝယ်ပေးထားတာကို ယူမောင်းနေတာသေချာပါတယ်။

အဖိုးအို၏လုပ်ချလိုက်ပုံက ကလေးဆော့ကစားသည့် ကော်အရုပ်ကားလေးကိုပင် အလွတ်မပေး မောင်းနှင်နေတာကို လူတိုင်းကသတိထားမိခဲ့ပြီး လူတကာငေးလို့ လိုက်ကြည့်နေရလောက်သည်အထိပင် စွဲဆောင်မှုရှိနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd