TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■မြေငလျှင်လှုပ်ခတ်တာကိုခံစားရစေမည့် disaster cafe

ညစာစားတဲ့အခါမှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ ခဏခဏ တံခါးလာခေါက်နေတာ ဖုန်းတတီတီဝင်နေတာနဲ့ မြေငလျှင်တွေကြောင့်ပါပဲ။ ဘယ်သူကမှတော့ ပိုက်ဆံပေးပြီး စားသောက်နေရင်း မြေငလျှ င်ထလှုပ်တာကို ကြိုက်နှစ်သက်မယ်လို့မထင်ပါဘူး ။

ဒါပေမယ့် စပိန်နိုင်ငံက ကဖေးလေးတစ်ခုကတော့ ကြိုဆိုလျက်ရှိပါတယ်။ အဲဒီကိုညစာစားဖို့သွားမယ်ဆိုရင် မြေအောက်ခန်းကိုသွားရမှာဖြစ်ပြီး ဝန်ထမ်းတွေက ဆောက်လုပ်ရေးသုံး ဦးထုပ်တွေနဲ့ တစ်ခြား ကာကွယ်ရေးဝတ်ဆုံတွေကို ဝတ်ဆင်ပေးမှာပါ။နောက်ပြီး သုံးဆောင်ရမယ့် အစားအသောက်တွေကလဲ ပုံမှန်အသားတွေထပ် ကြီးမားတဲ့အရွယ်အစားရှိပါတယ်။

နောက်ပြီးအဲဒီဆိုင်ခန်းထဲမှာ ညစာကိုသုံးဆောင်နေရင်း တစ်ခန်းလုံးစတင်ပြီးလှုပ်ရှားလာပါလိမ့်မယ် ဟိုလိမ့်လိုက် ဒီလိမ့်လိုက်နဲ့ ပြင်းအားအဆင့် ၇.၈ ပြင်းအားရှိတဲ့ ငလျှင်ကိုကြုံတွေ့ခံစားရမှာပါ။ ဒီလိုငလျှင်လှုပ်နေတဲ့အချိန်မှာ သင့်ရဲ့ညစာကို ဘယ်လိုမှ စားဝင်ဖို့ကြိုးစားလို့ ရမှာမဟုတ်ပါဘူး။ နောက်ပြီး အဲဒီပြင်းအားနှုန်းနဲ့ ငလျှင်လှုပ်မယ်ဆိုတဲ့အကြောင်းကိုလဲ ဒီအခန်းမှာမစားခင်ကတည်းက သဘောတူကြောင်း လက်မှတ်ထိုးထားရမှာပါ။

တကယ်လို့ အပြင်မှာသာအဲဒီနှုန်းနဲ့ ငလျှင်လှုပ်မယ်ဆိုရင် သင်ဘာလုပ်လို့လုပ်ရမယ်မှန်းတောင် သိမှာမဟုတ်ပါဘူးး။ ဒါပေမယ့် အဲဒီစားသောက်ဆိုင်ထဲ ငလျှင်လှုပ်ပြီးတဲ့ အချိန်မှာတော့ ဘယ်သူမှထိခိုက်အနာတရ ရမှာမဟုတ်ပါဘူး ဒါပေမယ့် အစားအသောက်တွေ သောက်စရာတွေကတော့ ပြန့်ကျဲနေပါလိမ့်မယ် ။

နောက်ပြီး အဲဒီစားသောက်ဆိုင်ဟာ အရွယ်ရောက်ပြီးသူတွေအတွက်ပဲ ဖြစ်ပါတယ်။မိသားစုနဲ့ အတူလာကြသူတွေအတွက်ကတော့ ပျော်စရာကောင်းတဲ့ ဂြိုလ်သားကမ္ဘာစားသောက်ခန်းရှိပြီး ငလျှင်စားသောက်ခန်းရဲ့ အပေါ်ထပ်တည့်တည့်မှာတည်ရှိတာပါ ။စိတ်မပူပါနဲ့ အဲဒီကဂြိုလ်သားတွေက ဘယ်သူ့ကိုမှ ပြန်ပေးမဆွဲပါဘူးနော်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■အစားအေသာက္စားေနရင္း ေျမငလၽွင္လႈပ္ခတ္တာကိုၾကဳံေတြ႕ရေစမည့္ disaster cafe
ညစာစားတဲ့အခါမွာ စိတ္အေႏွာက္အယွက္ျဖစ္ေစတဲ့အေၾကာင္းအရာေတြကေတာ့ ခဏခဏ တံခါးလာေခါက္ေနတာ ဖုန္းတတီတီဝင္ေနတာနဲ႔ ေျမငလၽွင္ေတြေၾကာင့္ပါပဲ။ ဘယ္သူကမွေတာ့ ပိုက္ဆံေပးၿပီး စားေသာက္ေနရင္း ေျမငလၽွ င္ထလႈပ္တာကို ႀကိဳက္ႏွစ္သက္မယ္လို႔မထင္ပါဘူး ။
ဒါေပမယ့္ စပိန္နိုင္ငံက ကေဖးေလးတစ္ခုကေတာ့ ႀကိဳဆိုလ်က္ရွိပါတယ္။ အဲဒီကိုညစာစားဖို႔သြားမယ္ဆိုရင္ ေျမေအာက္ခန္းကိုသြားရမွာျဖစ္ၿပီး ဝန္ထမ္းေတြက ေဆာက္လုပ္ေရးသုံး ဦးထုပ္ေတြနဲ႔ တစ္ျခား ကာကြယ္ေရးဝတ္ဆုံေတြကို ဝတ္ဆင္ေပးမွာပါ။ေနာက္ၿပီး သုံးေဆာင္ရမယ့္ အစားအေသာက္ေတြကလဲ ပုံမွန္အသားေတြထပ္ ႀကီးမားတဲ့အရြယ္အစားရွိပါတယ္။
ေနာက္ၿပီးအဲဒီဆိုင္ခန္းထဲမွာ ညစာကိုသုံးေဆာင္ေနရင္း တစ္ခန္းလုံးစတင္ၿပီးလႈပ္ရွားလာပါလိမ့္မယ္ ဟိုလိမ့္လိုက္ ဒီလိမ့္လိုက္နဲ႔ ျပင္းအားအဆင့္ ၇.၈ ျပင္းအားရွိတဲ့ ငလၽွင္ကိုၾကဳံေတြ႕ခံစားရမွာပါ။ ဒီလိုငလၽွင္လႈပ္ေနတဲ့အခ်ိန္မွာ သင့္ရဲ့ညစာကို ဘယ္လိုမွ စားဝင္ဖို႔ႀကိဳးစားလို႔ ရမွာမဟုတ္ပါဘူး။ ေနာက္ၿပီး အဲဒီျပင္းအားႏႈန္းနဲ႔ ငလၽွင္လႈပ္မယ္ဆိုတဲ့အေၾကာင္းကိုလဲ ဒီအခန္းမွာမစားခင္ကတည္းက သေဘာတူေၾကာင္း လက္မွတ္ထိုးထားရမွာပါ။
တကယ္လို႔ အျပင္မွာသာအဲဒီႏႈန္းနဲ႔ ငလၽွင္လႈပ္မယ္ဆိုရင္ သင္ဘာလုပ္လို႔လုပ္ရမယ္မွန္းေတာင္ သိမွာမဟုတ္ပါဘူးး။ ဒါေပမယ့္ အဲဒီစားေသာက္ဆိုင္ထဲ ငလၽွင္လႈပ္ၿပီးတဲ့ အခ်ိန္မွာေတာ့ ဘယ္သူမွထိခိုက္အနာတရ ရမွာမဟုတ္ပါဘူး ဒါေပမယ့္ အစားအေသာက္ေတြ ေသာက္စရာေတြကေတာ့ ျပန႔္က်ဲေနပါလိမ့္မယ္ ။
ေနာက္ၿပီး အဲဒီစားေသာက္ဆိုင္ဟာ အရြယ္ေရာက္ၿပီးသူေတြအတြက္ပဲ ျဖစ္ပါတယ္။မိသားစုနဲ႔ အတူလာၾကသူေတြအတြက္ကေတာ့ ေပ်ာ္စရာေကာင္းတဲ့ ၿဂိဳလ္သားကမၻာစားေသာက္ခန္းရွိၿပီး ငလၽွင္စားေသာက္ခန္းရဲ့ အေပၚထပ္တည့္တည့္မွာတည္ရွိတာပါ ။စိတ္မပူပါနဲ႔ အဲဒီကၿဂိဳလ္သားေတြက ဘယ္သူ႔ကိုမွ ျပန္ေပးမဆြဲပါဘူးေနာ္။
Ref:youtube
Trans:thegeektext