မြို့ပေါ်က မြေကွက်တွေကို ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပေါင်းပြီး လိမ်‌ရောင်းတဲ့ နည်းလမ်း














မြို့ပေါ်က မြေကွက်တွေကို ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပေါင်းပြီး အဖွဲ့လိုက် လိမ်‌ရောင်းတဲ့ နည်းလမ်း..

ကျောက်ပန်းတောင်းမြို့မှာ မြေယာစာရွက်စာတမ်း အတုတွေနဲ့ အဖွဲ့လိုက်လိမ်ရောင်းတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လုပ်ပုံလုပ်နည်းကို ပြောပြချင်ပါတယ်.. အခြားမြို့တွေမှာလည်း ဒီနည်းက ရှိနိုင်ပါတယ်.. သာမန်လူတွေဆို ဘယ်လိုမှ မိမိမြေပြန်ရဖို့မလွယ်ပါ..

ဒီလူတွေရဲ့ target က ဝန်ထမ်းတွေနဲ့ အားနည်းချက်ရှိတဲ့ မြေတွေကို အရင်ရှာပါတယ်.. ဥပမာ – ပိုင်ဆိုင်မှုစာရွက်စာတမ်း မစုံတာ အားနည်းချက် ရှိတာ မြေပြင်ကို ကာလကြာရှည်စွာ လာမကြည့်နိုင်သူတွေနဲ့ သူတို့ကို အမှုပြိုင်မလိုက်နိုင်၊ ငွေကုန်ခံတရားမစွဲနိုင်တဲ့ အားနည်းတဲ့သူတွေကို ဦးတည်ပါတယ်။

သူတို့ရဲ့လိမ်ပုံလိမ်နည်းက စနစ်ကျလို့ လိုက်ဖို့မလွယ်ပါ.. ဦးစွာ မြေပေးမိန့် အတု၊ ပုံစံ ၁၀၅ အတု၊ အမည်ပေါက်အတုတွေ ဖန်တီးပြီး ရုံးဌာနအကြီးအကဲရဲ့ လက်မှတ်အတုထိုးပြီး လိမ်ရောင်းတဲ့ကောင်တွေ မွေးမြူပြီး မသိနားမလည်သူတွေကို ရောင်းချတာပါ။ အဲ့လိုရောင်းချတာတွေ အများကြီးပါ။

ပိုင်ရှင်က တကယ်ပေါ်လာလို့ ကိုယ့်မြေကို ပြန်လိုက်ပြီဆိုရင် ဝန်ထမ်းတွေက သူတို့ကိုယ်တိုင်ပါတာမလို့ ဝိုင်းဝန်းလိမ် ဖုံးဖိ.. ပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း မခိုင်မာအောင် လွဲအောင်.. မှန်နေရင်လဲ မှန်ကြောင်း စစ်ဆေးမခံ အကြောင်းမပြန်ပဲနေတာ စာရင်းဖျောက်တာ ကြန့်ကြာအောင်ဆွဲတာတွေနဲ့ နှောက်ယှက်ပြီး အမှုကြာနေအောင် ဝိုင်းလုပ်ပါတော့မယ်။ သူတို့တွေက အမှုလိုက်လို့မရအောင် မြေကိုအဆင့်ဆင့်ရောင်းချ ဂွင်းဆက်ဖြတ်ပြီး လိုက်မရအောင်လဲ လုပ်တတ်ပါသည်။ သာမန်ပြည်သူတွေဆို ဘယ်လိုမှ လိုက်လို့မလွယ်ပါဘူး။

ဌာနဆိုင်ရာဝန်ထမ်းတွေမှာ မြေစာရင်းမှ လိမ်လည်လုပ်စားသူဝန်ထမ်းတစ်ဦး၊ ထွေအုပ်ဝန်ထမ်းတို့အား ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အထက်အဆင့်ဆင့်တင်ပြပြီး ၎င်းကောင်းတို့မွေးမြူထားသော လိမ်လည်ရောင်းချသူများကိုလဲ အတုပြုလုပ်မှုများဖြင့် အရေးယူဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါသည်။

သူတို့တွေက ထပ်လိမ်နေကြအုံးမှာမို့ မိမိမြေကို မကြာခဏ သွားကြည့်တာ၊ ခြံစည်းရိုးခတ်တာ ပိုင်ဆိုင်မှု ခိုင်မာအောင် လုပ်တာတွေ လုပ်ထားသင့်ပါတယ်.. ဖြစ်လာရင် ဝန်ထမ်းတွေပါဝင်နေလို့ မလွယ်ပါ.. လိမ်လည်မှုများမှ ကင်းဝေးကြပါစေ.. (Ko Chan Nyein)




1








Crd