မြို့ထဲကိုအဝတ်မပါဘဲဆိုင်ကယ်စီးလို့ အရေးယူဖို့လုပ်ဆောင်နေသည့် ရဲစခန်းသို့ မင်္ဂလာသတိုးသမီးဝတ်စုံကြီးကို ဝတ်ဆင်ပြီး သွားရောက်အဖမ်းခံခဲ့သည့် အမျိုးသမီး

News Social News




Shoon (Cele Daily)

Zawgyi

မြို့ထဲကိုအဝတ်မပါဘဲဆိုင်ကယ်စီးလို့ အရေးယူဖို့လုပ်ဆောင်နေသည့် ရဲစခန်းသို့ မင်္ဂလာသတိုးသမီးဝတ်စုံကြီးကို ဝတ်ဆင်ပြီး သွားရောက်အဖမ်းခံခဲ့သည့် အမျိုးသမီး

လွန်ခဲ့သောရက်က ချစ်သူစုံတွဲနှစ်ဦးဟာ မိုးရွာထဲတွင် အတွင်းခံလေးကိုသာဝတ်ဆင်ပြီး မြို့အနှံဆိုင်ကယ်ထွက်စီးကြသည့်အကြောင်းကို လူအချို့လည်းသိနေလောက်ပြီဖြစ်ပါတယ်။ထိုစုံတွဲနှစ်ယောက်လုံးဟာ အောင်မြင်ကျော်ကြားနေသည့် ယူကျူဘာများဖြစ်ကြပြီး ကောင်လေးBoss Jဖြစ်ကာ ကောင်မလေးကတော့ Green ဖြစ်ပါတယ်။

အဝတ်အစားမပါဘဲ ဆိုင်ကယ်စီးခဲ့သဖြင့် ရဲစခန်းမှ အရေးယူမှုပြုလုပ်ရန် စုံးစမ်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ထိုအခါကောင်မလေးဖြစ်သူက ရဲစခန်းသို့သွားရောက်ပြီး အဖမ်းခံခဲ့ပါတယ်။အဖမ်းခံရာတွင်လည်း သတိုးသမီးဂါဝန်ဝတ်စုံကြီးကို ဝတ်ဆင်ပြီး သွားရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။

ကောင်မလေးကတော့ အဝတ်မဝတ်လို့အရေးယူမယ့်သူတွေကို မင်္ဂလာဆောင်ဝတ်စုံကြီးဖြင့် အရွဲ့တိုက်လုပ်ဆောင်ခဲ့ပုံရပါတယ်။

Shoon (Cele Daily)

Crd