မြန်မာ့နန်းစဉ်ရတနာတွေထဲက ပတ္တမြားငမောက် ရာဇဝင် – Sar Pay Myoh Taw

Knowledge News




[zawgyi]

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၎င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက်ရှိသည်။ ရရှိပုံ – ရ ရှိ ပုံမှာချင်းတွင်းနယ်သားဖြစ်သောငမောက်ဆိုသူသည်မိုးကုတ်နယ်မြေတွင်လာရောက်ပြီးလယ်ယာစိုက်ပျိုးနေထိုင်ရာ၊တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပနေသည်ကို မြင်ရသဖြင့်သွားရောက်ကြည့်ရှု လေသော် အ လွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကိုတွေ့ရှိလေသည်။ငမောက်လည်းဝမ်းသာစွာကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအားတရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ် ပိုင်းကို သက္ကရာဇ်၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်းလက်ထက် အင်းဝြမို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်းများစွာနှစ်သက်အားရ ဝမ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက် ဖရိုဖရဲဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ ဝင်ရောက်တိုက်ခိုက်နေကြသဖြင့်တရုတ်ပြည်သို့ရောက်သွားသောထိုကျောက်တစ်ပိုင်းကိုမြန်မာပြည်ခိုဝင်လာသောတရုတ်လူမျိုးတစ်ဦးလက်ထဲတွင်ငမောက်ရောင်းချခဲ့သောပတ္တမြားတစ်ပိုင်းလည်းပါလာခဲ့ပါသည်။ထိုတရုတ်လူမျိုးကုန်သည်ကြီးသညိုပတ္တမြားတစ်ပိုင်း ကိုမြန် မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီးဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။ဘုရင်မင်းမြတ်လည်း ဝမ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော(ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့်ကျောက်ကြီး ဖြစ် ကြောင်း သိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟုအမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင်မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကိုလောင်းစင်ရွာဟူ၍၎င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင်ရေဝေရွာ ) ဟူ ၍ ၎င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ပြေးရရှာလေသည်။ တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။၎င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက်ရှိပေသည်။ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၎င်းပတ္တမြားမျက်ရှင်မှာ တတိယ အင်္ဂလိပ်-မြန်မာ စစ် ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီးမည်သည့်လက်သို့ ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။ထူးခြားချက် – င မောက်ပတ္တမြား(ခေါ်)ပတ္တမြားငမောက်အလေးချိန်မှာရတီ(၉၀)ရှိပြီးလုံးချောသွေးထားကာအရည်အသွေးအလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ဝါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကိုထည့်လိုက်လျှင် ဝါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်း သိရပါသည်။ ိုပတ္တမြားငမောက်ကို လက်ညှိုးနှင့်လက်မညှပ်ကိုင်ထားလျှင်အရည်လည်ပြီးပေါက်ကွဲယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာအနီရောင်တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာဆုပ်ထားပေမဲ့အေးမြနေ သည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကိုပွတ်သပ်ပေးလျှင် အေးမြပြီး၊ ဝက်ခြံ တင်းတိတ် ကင်းစေသည်။ပျောက်ဆုံးပုံ – ” သီပေါက တိုင်တန်းသည့်ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့်ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာအ တွင်းဝန် က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာတို့ကစုံစမ်းပြီးအထက်သို့တင်ပြ သည်။ တင် ပြချက်မှာယခင်ကအတိုင်းပင်ဖြစ်သည်။စလေဒင်သည်သီပေါထံမှအဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်းများမှအပအခြားမည်သည့်ရတနာပစ္စည်းကိုမျှပြန်ရမည်ဆိုသည်ကတိစကားလည်းမရှိခဲ့ကြောင်းဖြင့်အကြောင်းပြန်သည်။စလေဒင်သည်ပစ္စည်းသိမ်းကော်မတီကသိမ်းယူခဲ့သောရတနာပစ္စည်းများကိုပစ္စည်းသိမ်းကော်မတီ၏ကိုယ်စားတာဝန်ကျ သည့် အစောင့်ကိုလွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင်လက်နက်ချသည့်အခါ တွင် မိမိနှင့်တာဝန်ရှိသူများသည်သီပေါနှင့်မိသားစုတို့ယူဆောင်သွားခြင်းမပြုသောပစ္စည်းများကိုဗိုလ်ချူပ်ပရင်ဒါဂတ်စ်၏အမိန့်အရပစ္စည်း သိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏သရဖူထဲတွင်ရှိကြောင်း၊ထိုပတ္တမြားကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင် သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီးဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင်ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်းရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများအားလုံးကိုစလေဒင်ကအင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့်တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေ တိုက်ဝန်ကထွက်ဆိုသည်။ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင်မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊မိမိသည်ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကိုနန်းတော်ထဲတွင်တွေ့ခဲ့ရကြောင်း၊သို့ ရာတွင်ပုရပိုဒ်တစ်ဆူပေးသည်မပေးသည်ကိုမူမိမိမမှတ်မိတော့ကြောင်းထိုသို့ရုတ်ရုတ်သဲသဲအချိန်မျိုးတွင်အဖိုးတန်ကျောက်မျက်ရတနာများ၊စီခြယ်ထားသည့် ရွှေထည်ပစ္စည်းအသေး၊အကြီးအမျိုးမျိုးတို့ပါသည်နန်းစဉ်ရတနာပစ္စည်းအားလုံးကိုရေးမှတ်ဖို့ဆိုသည်မှာခက်ခဲလှကြောင်းဖြင့် စလေဒင်ကအကြောင်းပြန်သည်။ထိုရတနာပစ္စည်းများအားလုံးသည်နန်းတော်ဝရန်တာကြမ်းပြင်နှင့်ကျယ်ဝန်းလှသောညီလာခံသဘင်ခန်းမကြမ်းပြင်တွင်စုပုံပြန်ု့ ကြဲလျက် ရှိပါသည်..။ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကိုဝိတိုရိယဘု ရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန်ပြတိုက်သို့ပေးပို့သည်။ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပ ဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန် ရှိသူစလေဒင်ကိုတိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့နောက်ဆက်တွဲဖြေရှင်းချက်များဖြစ်သည်။ ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်း စဉ်ပတ္တမြားများ – ၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်။ ၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား။ ၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား။ ၄။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား။ ၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား။ ၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။ကျမ်းကိုး – ရာဇဝင်စာတင်ရသော နန်းစဉ် ပတ္တမြားကျောက်မျက်များ မိုးကုတ်မြို့၊ ပတ္တမြားမြေသမိုင်း

Crd