မြန်မာ့တပ်မတော်ကြည်းသုံး Skylark UAVများ

Local Militarily News

မြန်မာ့တပ်မတော် (ကြည်း)သုံး Skylark UAV များ

လွန်ခဲ့သော လအနည်းငယ်များစွာက မြန်မတပ်မတော်(ကြည်း)သုံး Skylark UAV ပျက်ကျခဲ့သည့် ဓါတ်ပုံများသည် လူမှုကွန်ရက်များအပေါ်တွင် ပြန့်နှံ့သွားခဲ့ရသည်။
ထို့အတူ လွန်ခဲ့သော လအနည်းငယ်တွင်းကလည်း ၎င်းမောင်းသူမဲ့လေယာဉ်စနစ်သည်ပင်လျှင် အေအေ အကြမ်းဖက်အဖွဲ့များအခြေပြုတည်ရှိရာ ရခိုင်ဒေသ၌ ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျခဲ့ရပြီး ပျက်ခဲ့သည့် UAV ဓါတ်ပုံများကို AA အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြသခဲ့သည်။

Skylark-2 အမျိုးအစားသည် နေ့ညမရွေး၊ ရာသီဥတုမရွေး အကွာအဝေး ၆၀ ကီလိုမီတာအတွင်း အချိန်နှင့်တစ်ပြေးညီ ကင်းထောက်လှမ်းနိုင်ရန်၊ အချက် အလက်များ စုဆောင်းနိုင်သည့် နည်းဗျူဟာမြောက် မောင်းသူမဲ့လေယာဉ်အမျိုးအစားလည်းဖြစ်သည်။

၎င်း၌ ဟန်ချက်ညီဆောင်ရွက်နိုင်စွမ်းရှိသည့် အာရုံခံစနစ် ၃ မျိုးဖြစ်သည့် ရောင်စုံမြင် CCD နေ့ကြည့်ကင်မရာ၊ တတိယမြောက်မျိုးဆက်အပူအာရုံခံ ညကြည့်ကင်မရာနှင့် လေဆာမီးထိုးစနစ်တို့ပါဝင်သည်။ ထိုစနစ်များသည် Skylark-2 စနစ်ကို ညအချိန်တွင်၌သာမက အလင်းရောင်နည်းပါးသည့် အခြေ အနေမျိုး၌လည်း အသုံးချနိုင်ရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ထိန်းချုပ်မှုစနစ်အနေဖြင့် GPS စနစ်ကိုတပ်ဆင်ထားသည်။

Skylark-1 LEX စနစ်သည် အသေးစား UAV ဖြစ်သည့်အတွက် စစ်သည်တစ်ဦးချင်းအနေဖြင့် လက်မှကိုင်တွယ်ပစ်လွှတ်နိုင်မည်ဖြစ်သည်။ အကွာအဝေး ၂၀ ကီလိုမီတာရောက်ရှိနိုင်ပြီး Skylark-2 အမျိုးအစားသည် Rail-launched အမျိုးအစားဖြစ်ကာ ၆၀ ကီလိုမီတာအထိရောက်ရှိနိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် တပ်မတော်(ကြည်း)၌ Skylark-1 LEX နှင့် Skylark-2 UAV ၂ မျိုးစလုံးကို နည်းဗျူဟာအဆင့် ( တပ်ရင်းမှသည်တပ်မ) အသုံးပြုလျက်ရှိသည်။

ထို့အပြင် တပ်မတော်(လေ) သည်လည်း စစ်ဆင်ရေးအဆင့် (ဌာန ချုပ်များနှင့် တပ်ဖွဲ့များ) ၌ တရုတ်နိုင်ငံထုတ် CH-3A မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေသည်ဟုဆိုသည်။
Skylark UAV များကို နည်းဗျူဟာဆိုင်ရာအဖြစ် ကမ္ဘာအနှံ့ တပ်မတော်များ၌ အသုံးပြုနေပြီး ၎င်းတပ်မတော်များတွင် ဩစတြေးလျ၊ ကနေဒါ၊ ခရိုအေးရှား၊ ချက်၊ ပြင်သစ်၊ ဟန်ဂေရီ၊ အစ္စရေး၊ မက်ဆီဒိုးနီးယား၊ နယ်သာလန်၊ ပိုလန်၊ ဆလိုဗက်ကီးယား၊ တောင်ကိုရီးယားနှင့် ဆွီဒင်တို့တွင် အသီးသီး အသုံးပြုလျက်ရှိသည်။

defensenews.com ၏ အဆိုအရ မြန်မာ့တပ်မတော်အနေဖြင့် မဟာဗျူဟာ အဆင့်၌ တရုတ်ထုတ် CH-4B UCAV စနစ်များကို ၂၀၁၆ ခုနှစ်ကတည်းက အသုံးပြုနေသည်ဟုသိရှိရသည်။
ကြည်းနှင့်လေတို့နည်းတူ ရေတပ်သည်လည်း ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သည့် 100 Schiebel Vertical Takeoff and Landing (VTOL) Camcopter စနစ်များကို အသုံးပြုလျက်ရှိနေပြီးလည်းဖြစ်သည်။

အချက်အလက်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိရခြင်းမရှိသော်လည်း မြန်မာ့တပ်မတော်၏ မောင်းသူမဲ့လေယာဉ်ပိုင်ဆိုင်မှုသည် Skylark-1 LEX အမျိုးအစား၌ ၁၂ – ၂၄ စီးအကြား၊ Skylark-2 သည်လည်း ၁၂ – ၂၄ စီးအကြား၊ CH-3A သည်လည်း ၈ – ၁၂ စီးအကြား၊ CH-4B သည်လည်း ၄-၈ စီးအကြား နှင့် S-100 Camcopter သည် ၄ – ၈ စီးအကြား ပိုင်ဆိုင်ထားရှိသည်ဟု သိရှိရသည်။
ထို့အပြင် ကင်းထောက်မောင်းသူမဲ့လေယာဉ်စနစ်များနှင့် ပတ်သက်၍လည်း ကိုယ်ပိုင်သုတေသနပြု တီထွင်ဆောင်ရွက်လျက်ရှိနေနိုင်သည်ဟု ယူဆရသည်။

ကျော်လင်း (အမိမြေ)
Ref-MDR
MyanmarNews24

Leave a Reply