မြန်မာပြည်က ကျောက်စိမ်းတွေကို ဈေးပေါပေါနဲ့ဝယ်ယူဖို့ ပေါက်ဖော်တို့ ကြံနေတဲ့အကွက်တွေ
News Social News
အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
Unciode
မြန်မာပြည်က ကျောက်စိမ်းတွေကို ဈေးပေါပေါနဲ့ ဝယ်ယူဖို့ ပေါက်ဖော်တို့ ကြံနေတဲ့ အကွက်တွေ လာပါပြီ..
ဂွာတီမာလာ တရားခံဘယ်သူလဲ..? မြန်မာလက်ရှိအခြေနေကို တရုတ်ဟာ ကောင်းကောင်းသိတယ်။ မြန်မာတွေ ငွေလိုနေပြီ။
ကြပ်တည်းနေပြီ။ ကျောက်စိမ်းကို ရဈေးနဲ့ မရောင်းချင်လည်း ရောင်းရ တော့မယ့်အခြေနေနဲ့ လူတွေများလာကြောင်း သိတယ်။
ဒီတော့ တရုတ်ဟာ မြန်မာ့အခြေနေကိုနင်းပြီး ကျောက်စိမ်းဈေး ဂုတ်သွေးစုတ်တော့တာပဲ။ တကယ် ဆို မြန်မာငွေဈေးဟာ အရမ်းကို ကျဆင်းလာတာပါ။
အရင်က ကျောက်ကို မြန်မာငွေ တစ်သိန်းနဲ့ ဝယ်တာထက် လက်ရှိတစ်သိန်းနဲ့ဝယ်ရတာ တရုတ်အတွက် ၂ ဆနီးပါး ပိုပြီး ပေါချောင်ကောင်းရနေ ပါတယ်။
ဒီလိုပေါချောင်ကောင်းရတဲ့အပေါ်မှာတောင် တရုတ်ဟာ အရင်က သိန်း ၅၀ ပေါက်ဈေးရှိတဲ့ ကျောက် တစ်လုံးကို
လက်ရှိ အမြင့်ဆုံး ၁၅ သိန်းပဲ ပေးတော့ဟာ တရုတ်ရဲ့မြန်မာအပေါ်ထားတဲ့ မေတ္တာတရား တွေလို့ စာဖွဲ့ရမလားမပြောတက်ဘူး။ တကယ်ကို မိအေး ၅ ခါနာအခြေနေပါပဲ။
မြန်မာ ငွေဈေးကျလို့ ရှုံးရတဲ့အထဲမှာ ဈေးနှိမ်ပြီးပါဝယ်တယ်ဆိုတော့ တရုတ်ရဲ့ ခေါင်းပုံဖြတ် စကေး ဟာ ထိပ်ဆုံးလယ်ဗယ်အဆင့်ရောက်နေပါပြီ။
တကယ်ဆို မြန်မာ့အခြေနေအရ တရုတ်မြန်မာ ငွေ ဈေးအရချိန်ရင် အရင် တစ်သိန်းပေးတဲ့ကျောက်တစ်လုံးကို တရုတ်ဟာ ၃ သိန်းလောက်ပေးဝယ်နေ သင့်တာပါ။
ဒီလိုအကြောင်းကို ရိပ်မိလာတဲ့ မြန်မာတွေအချို့ကို အသံထွက်မလာအောင် အချိန်ကိုက်ပဲ ကျောက်စိမ်းနဲ့ဆင်တူရိုးမှား ပုံမှားရိုက်တက်တဲ့ ဂွာတီမာလာကျောက်တွေပေါ်လာတယ်။
မြန်မာတွေ အဝယ်တွေလန့်လာအောင် ဈေးကွက်ကမောက်ကမဖြစ်အောင် ဂွာတီမာလာကျောက်တွေ ဘယ်က ရောက်လာမှန်းမသိ ရောက်လာချလာတယ်။ မသိရင် ဈေးကွက်ဟာ ဂွာတီမာလာတွေကြောင့်ပဲ ကျ လာရသလိုလို..။
မြန်မာပြည်ကကျောက်စိမ်းဝယ်တဲ့ တရုတ်တွေဟာ ဝယ်ပြီး တရုတ်ကိုသွင်းချိန် ဖမ်းခံရတယ် ဆိုတဲ့ ကောလဟာတွေလည်း တချိန်တည်းထွက်လာပြန်ရော။ စေ့လိုက်တဲ့ အကွက်တွေ
ဒါ့အပြင် မန္တလေးမှာ ကျောက်စိမ်း စစ် မစစ် စစ်ချက်ထုတ်ပေးတဲ့ နေရာ ၅ ခု ရှိတာမှာ တန်ဖိုး ကြီးမားတဲ့ကျောက်စိမ်းကို ဂွာတီမာလာဖြစ်မှာစိုးလို့ တစ်နေရာမှ မထုတ်ပေးတဲ့ သတင်းကြားမိမှာ ပါ။
ကဲ ဘယ်သူတွေများ တရုတ်နဲ့များလက်ဝါးရိုက်ထားသလဲ။ စစ်ချက်မရ စစ်ချက်မရတော့ ရောင်း မရ။
ရောင်းမရတော့ တန်ဖိုးကြီးကျောက်ကိုလည်း ငွေလိုတော့ အောက်ကြေးနဲ့ရောင်း။ အဲသလိုလေး မျှော်လင့်နေပုံပဲ။
မြန်မာကျောက်ကုန်သည်တွေနားလည်ရမှာဟာ ကျောက်စိမ်း ဈေးကွက်ဟာ ပျက်နေတာမဟုတ်ပါ ဘူး။ အဖျက်ခံနေရပြီး ဂုတ်သွေးစုပ်ခံနေရကြောင်း သိဖို့လိုတာပါ။
ဒီတော့ ဂွာတီမာလာ ဘယ်သူ သွင်းနေလဲ? ဘယ်သူတွေ ဘာတွေလုပ်နေလဲ? ဘယ်သူတွေအမြတ်ကြီးစားနေလဲ?
ဘယ်တွေက ဘယ်သူတွေနဲ့လက်ဝါးချင်းရိုက်နေလဲ? ဘယ်သူတွေ ခေါင်းပုံဖြတ်ခံနေရလဲ?
ပုံထဲကကျောက်တွေအားလုံး ဂွါတီမာလာ ကျောက်ပုံတွေပါ။
မူရင်းရေးသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Crd