မြန်မာနိုင်ငံသားတွေကိုမနက်ဖြန်ကစပြီး စင်ကာပူက ပြည်ဝင်ခွင့်ပိတ်

News

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် မြန်မာက ခရီးသွားတွေကို ဇူလိုင် ၁၅ ရက်ကစပြီး စင်ကာပူနိုင်ငံကို ဝင်ခွင့်မပြုတော့ဘူးလို့ စင်ကာပူကျန်းမာရေး၀န်ကြီးဌာနက ဇူလိုင် ၁၄ ရက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း ခရီးစဉ်တစ်ထောက်နားခြင်းအပါအ၀င် မြန်မာနိုင်ငံသို့ခရီးသွား ရာဇ၀င်ရှိသူ ကာလရှည်ဗီဇာကိုင်ဆောင်သူတွေနဲ့ ကာလတိုအလည်အပတ်လာသူများအားလုံးကို ဇူလိုင်၁၅ ရက် ည ၁၁ နာရီ ၅၉ မိနစ်မှစပြီး စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်သို့မဟုတ် ခရီးစဉ်တစ်ထောက်နားတာတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီကန့်သတ်ချက်ဟာ စင်ကာပူနိုင်ငံကို ဝင်ရောကျဖို့အတွက် ကြိုတင်ခွင့်ပြုချက်ရရှိထားသူတွေပါ အကြုံး၀င်မှာဖြစ်ပြီး ဇူလိုင် ၁၅ ရက် ည ၁၁ နာရီ ၅၉ မိနစ်ကနေ နောက်ထပ်ထုတ်ပြန်တာမပြုမချင်း ပြည်၀င်ခွင့်ကန့်သတ်သွားမှာဖြစ်ပါတယ်။

ဇူလိုင် ၁၅ သတ်မှတ်ချိန်မတိုင်မီ ရောက်ရှိလာသော မြန်မာနိုင်ငံသို့ ခရီးသွားရာဇ၀င်ရှိသူတွေအနေနဲ့ လေဆိပ်သို့ ဆိုက်ရောက်ပြီနောက် စင်ကာပူကျန်းမာရေး၀န်ကြီးဌာနက သတ်မှတ်ထားတဲ့ တင်းကြပ်တဲ့အစီအမံတွေအောက်မှာ စစ်ဆေးမှုတွေခံယူရမှာဖြစ်ပါတယ်။

ခရီးသွားတွေဆီကနေ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပြည်တွင်းကူးစက်မှု မြင့်တက်လာတာတွေကို လျှော့ချနိုင်ဖို့ စင်ကာပူရဲ့ နယ်စပ်ကန့်သတ်ချက်အစီအမံတွေကို ဝန်ကြီးဌာနပေါင်းစုံပါတဲ့ အဖွဲ့က ပုံပြန်သုံးသပ်နေပြီး ကမ္ဘာမှာ ကပ်ရောဂါအခြေအနေကောင်းမွန်လာတာနဲ့အမျှ နယ်စပ်အစီအမံတွေကို ဖြေလျော့ပေးသွားမယ်လို့ စင်ကာပူကျန်းမာရေး၀န်ကြီးဌာနက ပြောပါတယ်။

Ref: Straits Times

Leave a Reply