မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ (၂၀၀)ခန့်ကို အမေရိကန် စောင့်ကြည့်နေ

News

အမေရိကန်ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှု ခံရတယ်လို့ ယူဆရတဲ့ လူပေါင်းနှစ်ရာကျော်ကို စောင့်ကြည့်နေရပါတယ်။ ဇူလိုင်လ (၈) ရက်နေ့ မိခင်နိုင်ငံကို ပြန်မလာခင် နိုင်ဂျီးရီးယားကနေ ကူးဆက်လာသူတွေဟာ ပြည်နယ် (၂၇)ခုမှာ ရှိနေပါတယ်။

ကူးဆက်ခံရပြီးနောက် ရောဂါလက္ခဏာပြသခဲ့တဲ့ ပြည်နယ်တွေကတော့ ဒါးလက်စ်ပြည်နယ်နဲ့ တက္ကစက်ပြည်နယ်တွေမှာ ဖြစ်ပါတယ်။ မျောက်ကျောက်ဟာ အသေးစားရေကျောက်နဲ့ အမျိုးစားတူဗိုင်းရပ်ဖြစ်ပြီး ကူးဆက်ခံရသူ (၁၀၀)ထဲမှာ ကိုယ်ခံအားနည်းသူဟာ သေဆုံးနိုင်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။

စောင့်ကြည့်ခံရသူတွေကတော့ Lagos ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာ ခြောက်ပေအတွင်း အတူစီးခဲ့သူတွေ၊ အိမ်သာအတူအသုံးပြုခဲ့သူတွေ၊ လေယာဉ်အတူတက်ခဲ့သူတွေ၊ ဒါးလက်ပြည်နယ်က ကူးဆက်ခံမိသားစုဝင်တွေ ဖြစ်ကြပါတယ်။

လူနာနဲ့အတူ 95-maskမတပ်ပဲ ခြောက်ပေအတွင်း ထိစပ်သူတွေ၊ သုံးနာရီလောက် ဒါမှမဟုတ် လေသန့်ပစ္စည်း အသုံးမပြုသူတွေကို စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါဟာ အလွန်ရှားပါးတဲ့ ဗိုင်းရပ်ဖြစ်ပြီး မျက်နှာနဲ့ ခန္ဓာကိုပေါ် အဖုအပိန့်တွေ မပျံခင်ထိ မျက်စိတွေရောင်ပြီး-

တုပ်ကွေးလိုမျိုး ပုံမှန်စတင်ကာ အလွန်ပြင်းထန်တဲ့ အဖျားမျိုး ခံစားရနိုင်ပါတယ်။ ရောဂါထိန်းချုပ်ရေးဌာနကတော့ လေယာဉ်ပေါ် စီးနင်းလိုက်ပါသူတွေမှာ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာတဲ့အတွက် ကူးစက်မှုဟာ သိပ်မများလောက်ဘူးလို့ တွက်ဆနေပါတယ်။

ဘာသာပြန်-သရက္ခန်

Ref ; LadBible

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

For Zawgyi-

Leave a Reply