မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်လွင်နေလို့ အားကစားပွဲတွေမှာ အမျိုးသမီးတွေ မပါဝင်ဖို့ တာလီဘန် အမိန့်ထုတ်

News

မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်လွင်နေလို့ အားကစားပွဲတွေမှာ အမျိုးသမီးတွေ မပါဝင်ဖို့ တာလီဘန် အမိန့်ထုတ်

အာဖဂန်အမျိုးသမီးတွေကို အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို တာလီဘန်တို့ ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ ဒီလိုပိတ်ပင်တာဟာ အစ္စလာမ့်ဥပဒေအရဖြစ်ပြီး အမျိုးသမီးတွေရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားခြင်းမရှိတာကြောင့်ဖြစ်တယ်လို့လည်း အကြေင်းပြချက်ပေးကာ အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အင်္ဂါနေ့က အစိုးရအဖွဲ့ဖွဲ့စည်းပြီးနောက် တာလီဘန်တွေဟာ အမျိုးသမီးအားလုံးကို ယာယီလုပ်ထုံး လုပ်န ည်းတစ်ခုအဖြစ် နေအိမ်မှာပဲနေကြဖို့ အမိန့်ပေးခဲ့ပြီး အမျိုးသမီးတွေဦးဆောင်နေတဲ့ ဆန္ဒပြပွဲကိုလည်း နှိမ်နှင်းခဲ့ပါတယ်။ သူတို့ရဲ့အစိုးရအဖွဲ့မှာလည်း အမျိုး သမီးတွေပါဝင်လာခြင်းမရှိဘဲ အမျိုးသားတွေကိုသာ ရွေးချယ်ခန့်အပ်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

“အမျိုးသမီးတွေကို ခရစ်ကတ်ကစားဖို့ ခွင့်မပြုသင့်ဘူးလို့ ကျွန်တော်ထင်တယ်၊ ဘာလို့လဲဆိုတော့ သူတို့ ခရစ်ကတ်ကစားဖို့ လိုမှမလိုအပ်တာ၊ အဲဒီအားကစားနည်းမှာ သူတို့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားတာမျိုးလည်းမရှိပါဘူး၊ အစ္စလာမ်က အမျိုးသမီးတွေကို အဲဒီလိုမြင်တွေ့ဖို့ ခွင့်မပြုထားပါဘူး၊ အခုက မီဒီယာခေတ်ပါ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအများကြီးရှိနေပြီး လူတွေက အဲဒါကိုကြည့်နေကြပါတယ်”

“အစ္စလာမ်နဲ့ အစ္စလာမ့်စော်ဘွားများပြည် ထောင်စု (အာဖဂန်) က ခရစ်ကတ် ဒါမှမဟုတ် အဲဒီလိုအားကစားမျိုးမှာ အမျိုးသမီးတွေကို ခွင့်မပြုပါဘူး” လို့ ယဉ်ကျေးမှုဒုဝန်ကြီး Amhadullah Wasiq က အတည်ပြုပြောဆိုခဲ့ပါတယ်။ တာလီဘန်တွေက ကဘူးလ်ကို သိမ်းပိုက်ပြီးနောက် အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်ပေးမယ်လို့ ဆိုခဲ့ပေမယ့် ဆန္ဒပြအမျိုးသမီးတွေကို ရက်စက်စွာပြုမူဆက်ဆံခဲ့တာကြောင့် အဆိုပါမျှော်လင့်ချက်တွေကလည်း သိသိသာသာလျော့နည်းလာခဲ့ပါတယ်။

ဆန္ဒပြပွဲတွေမှာ ပါဝင်မှာစိုးလို့ မြေအောက်ခန်းတစ်ခုအတွင်း အမျိုးသမီးတစ်ဦးကို ပိတ်လှောင်ထားတဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ်ခဲ့ပြီး အရင်အုပ်ချုပ်ခဲ့စဉ်ကအတိုင်း မပြောင်းလဲတဲ့ အမျိုးသမီးတွေအပေါ် ဆက် ဆံမှုကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတွင်းက ဘောလုံးအားကစားသမားတွေ စိုးရိမ်ခဲ့ကြသလို ဖြစ်လာခဲ့တာလည်းဖြစ်ပြီး တာလီဘန်တွေက အစ္စလာမ့်ဥပေဒအတိုင်း အခွင့်အရေးပေးမယ်လို့ ပြောဆိုခဲ့မှုတွေက ဘာကိုရည်ရွယ်လဲဆိုတာလည်း ရှင်းသွားပြီလို့ အာဖဂန်အမျိုးသမီးတွေက တုံ့ပြန်ခဲ့ကြပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

မ်က္ႏွာနဲ႔ ခႏၶာကိုယ္ေပၚလြင္ေနလို႔ အားကစားပြဲေတြမွာ အမ်ိဳးသမီးေတြ မပါဝင္ဖို႔ တာလီဘန္ အမိန႔္ထုတ္

အာဖဂန္အမ်ိဳးသမီးေတြကို အားကစားၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ကို တာလီဘန္တို႔ ပိတ္ပင္လိုက္ၿပီျဖစ္ပါတယ္။ ဒီလိုပိတ္ပင္တာဟာ အစၥလာမ့္ဥပေဒအရျဖစ္ၿပီး အမ်ိဳးသမီးေတြရဲ့ မ်က္ႏွာနဲ႔ ခႏၶာကိုယ္ကို ဖုံးကြယ္ထားျခင္းမရွိတာေၾကာင့္ျဖစ္တယ္လို႔လည္း အေၾကင္းျပခ်က္ေပးကာ အတည္ျပဳထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

အဂၤါေန႔က အစိုးရအဖြဲ႕ဖြဲ႕စည္းၿပီးေနာက္ တာလီဘန္ေတြဟာ အမ်ိဳးသမီးအားလုံးကို ယာယီလုပ္ထုံး လုပ္န ည္းတစ္ခုအျဖစ္ ေနအိမ္မွာပဲေနၾကဖို႔ အမိန႔္ေပးခဲ့ၿပီး အမ်ိဳးသမီးေတြဦးေဆာင္ေနတဲ့ ဆႏၵျပပြဲကိုလည္း ႏွိမ္ႏွင္းခဲ့ပါတယ္။ သူတို႔ရဲ့အစိုးရအဖြဲ႕မွာလည္း အမ်ိဳး သမီးေတြပါဝင္လာျခင္းမရွိဘဲ အမ်ိဳးသားေတြကိုသာ ေရြးခ်ယ္ခန႔္အပ္ခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

“အမ်ိဳးသမီးေတြကို ခရစ္ကတ္ကစားဖို႔ ခြင့္မျပဳသင့္ဘူးလို႔ ကၽြန္ေတာ္ထင္တယ္၊ ဘာလို႔လဲဆိုေတာ့ သူတို႔ ခရစ္ကတ္ကစားဖို႔ လိုမွမလိုအပ္တာ၊ အဲဒီအားကစားနည္းမွာ သူတို႔ရဲ့မ်က္ႏွာနဲ႔ ခႏၶာကိုယ္ကို ဖုံးကြယ္ထားတာမ်ိဳးလည္းမရွိပါဘူး၊ အစၥလာမ္က အမ်ိဳးသမီးေတြကို အဲဒီလိုျမင္ေတြ႕ဖို႔ ခြင့္မျပဳထားပါဘူး၊ အခုက မီဒီယာေခတ္ပါ၊ ဓာတ္ပုံေတြ၊ ဗီဒီယိုေတြအမ်ားႀကီးရွိေနၿပီး လူေတြက အဲဒါကိုၾကည့္ေနၾကပါတယ္”

“အစၥလာမ္နဲ႔ အစၥလာမ့္ေစာ္ဘြားမ်ားျပည္ ေထာင္စု (အာဖဂန္) က ခရစ္ကတ္ ဒါမွမဟုတ္ အဲဒီလိုအားကစားမ်ိဳးမွာ အမ်ိဳးသမီးေတြကို ခြင့္မျပဳပါဘူး” လို႔ ယဥ္ေက်းမႈဒုဝန္ႀကီး Amhadullah Wasiq က အတည္ျပဳေျပာဆိုခဲ့ပါတယ္။ တာလီဘန္ေတြက ကဘူးလ္ကို သိမ္းပိုက္ၿပီးေနာက္ အမ်ိဳးသမီးေတြကို အလုပ္လုပ္ခြင့္ေပးမယ္လို႔ ဆိုခဲ့ေပမယ့္ ဆႏၵျပအမ်ိဳးသမီးေတြကို ရက္စက္စြာျပဳမူဆက္ဆံခဲ့တာေၾကာင့္ အဆိုပါေမၽွာ္လင့္ခ်က္ေတြကလည္း သိသိသာသာေလ်ာ့နည္းလာခဲ့ပါတယ္။

ဆႏၵျပပြဲေတြမွာ ပါဝင္မွာစိုးလို႔ ေျမေအာက္ခန္းတစ္ခုအတြင္း အမ်ိဳးသမီးတစ္ဦးကို ပိတ္ေလွာင္ထားတဲ့ ဗီဒီယိုဖိုင္လည္း ထြက္ေပၚခဲ့ၿပီး အရင္အုပ္ခ်ဳပ္ခဲ့စဥ္ကအတိုင္း မေျပာင္းလဲတဲ့ အမ်ိဳးသမီးေတြအေပၚ ဆက္ ဆံမႈကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ နိုင္ငံတြင္းက ေဘာလုံးအားကစားသမားေတြ စိုးရိမ္ခဲ့ၾကသလို ျဖစ္လာခဲ့တာလည္းျဖစ္ၿပီး တာလီဘန္ေတြက အစၥလာမ့္ဥေပဒအတိုင္း အခြင့္အေရးေပးမယ္လို႔ ေျပာဆိုခဲ့မႈေတြက ဘာကိုရည္ရြယ္လဲဆိုတာလည္း ရွင္းသြားၿပီလို႔ အာဖဂန္အမ်ိဳးသမီးေတြက တုံ႔ျပန္ခဲ့ၾကပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။