
News Social News


လူငယ်လေးသည် သူတို့ရွာရဲ့ ရွာသူရွာသားတွေ အသက်မွေးဝမ်းကျောင်းပြုသော ပျားမွေးမြူရေးလုပ်ငန်းက ဈေးကွက်မှာသိပ်ပြီး မရောင်းကောင်းတော့သည်ကို ပြန်လည်နာမည်ရလာအောင် ဆောင်ရွက်ပေးခဲ့သည်။



Rain (For Ialinks)

Unicode

မီးသတ်သမားအဖြစ်ကနေ နှုတ်ထွက်ပြီးတော့ မွေးရပ်မြေလေးဆီပြန်ကာ ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပြီး ဝင်ငွေများစွာ ရရှိနေသည့် လူငယ်လေး

တရုတ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် လူငယ်တစ်ဦးသည် မိသားစုနဲ့ခွဲပြီး ပြည်နယ်တစ်ခုမှာ မီးသတ်သမားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံး သူ့ဘဝကို အဓိပ္ပါယ်ရှိရှိနဲ့ နေထိုင်သွားရန် ဆုံးဖြတ်ချက်ချကာ အလုပ်ကနေထွက်ပြီးတော့ မွေးရပ်မြေကလေးဆီပြန်သွားခဲ့သည်။

လူငယ်လေးသည် သူတို့ရွာရဲ့ ရွာသူရွာသားတွေ အသက်မွေး၀မ်းကျောင်းပြုသော ပျားမွေးမြူရေးလုပ်ငန်းက စျေးကွက်မှာသိပ်ပြီး မရောင်းကောင်းတော့သည်ကို ပြန်လည်နာမည်ရလာအောင် ဆောင်ရွက်ပေးခဲ့သည်။

လူငယ်လေးသည် သူကိုယ်တိုင် ပျားမွေးမြူခဲ့ပြီး ရရှိလာသည့် ပျားရည်များကို လိုင်းပေါ်မျှဝေကြော်ညာခဲ့ရာ ပျားရည်ထက် သူ့ရဲ့ရုပ်ရည်ချောမောမှုတို့ကြောင့် နှုတ်ခမ်းနီမလေးတွေဆီကနေ အားပေးမှုများစွာရရှိခဲ့ပြီး အော်ဒါများလည်းတက်လာခဲ့သည်။

ထိုအခါ လူငယ်လေးသည် ပျားမွေးမြူရေးလုပ်ငန်းအား တိုးချဲ့ပြီးတော့ အလုပ်အကိုင်အဆင်မပြေသော သူ့ရဲ့ငယ်သူငယ်ချင်းတွေကို သူ့ရဲ့အလုပ်မှာခန့်ထားပြီး အခြားသော စိုက်ပျိုးရေးနဲ့ပက်သက်ပြီးတော့လည်း အသီးအနှံများကို စိုက်ပျိုးရောင်းချခဲ့ရင်း နှစ်စဥ်ယွမ်ငွေ ၁၅သန်းခန့်ရရှိလျက်ရှိသည်။

Rain (For Ialinks)

Crd