■မီးလောင်ပြာကျနေတဲ့နေရာသို့မဟုတ်မီးလောင်ကျွန်းလို့ခေါ်ဝေါ်ကြတဲ့ လူတွေသွား‌ရောက်ရန်ပိတ်ပင်တားမြစ်ထားသည့်နေရာ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■မီးလောင်ပြာကျနေတဲ့နေရာသို့မဟုတ်မီးလောင်ကျွန်းလို့ခေါ်ဝေါ်ကြတဲ့ လူတွေသွား‌ရောက်ရန်ပိတ်ပင်တားမြစ်ထားသည့်နေရာ
မြွေထောင်ပေါင်းများစွာက တစ်ကောင်ပေါ်တစ်ကောင်ဆင့်ပြီး နေကြတာကို အီလာဒေကီယာ မာဒါဂရန်ဒေးရဲ့အိမ်လို့ ခေါ်ကြပါတယ်။ ဒါဟာ ပေါ်တူဂီဘာသာစကားဖြင့် မီးလောင်ပြာကျနေတဲ့နေရာ သို့မဟုတ် မီးလောင်ကျွန်းလို့ ခေါ်ပါတယ်။ နာမည်နဲ့တင်တောင်ကြောက်လန့်စရာပါပဲ။
ကမ္ဘာပတ်ကြတဲ့ ကျွန်မတို့ရဲ့ခရီးစဥ်ဟာ ဒီနေရာကို မရောက်ခင်တုန်းကဆိုရင် နေရာတွေရဲ့ပထဝီဝင်အနေအထားတွေ နှင့် လူတွေရဲ့ ထူးခြားတဲ့အပြုအမူတွေကို အဓိကထားလေ့လာခဲ့ကြတာပါ။ မြွေကျွန်းလို့ ခေါ်လို့ရတဲ့နေရာကတော့ တော်တော်ကိုကွာခြားပါတယ်။
ဘာလို့လဲဆိုတော့ လူတွေလုံးဝမနေထိုင်လို့ပါပဲ။ ရေမြေအနေအထားကတော့ တွားသွားသတ္တဝါတွေအကြိုက်ပဲဖြစ်ပါတယ်။ တွေ့မြင်ရသလောက်တော့ ချောကျိကျိမြွေတွေပဲတွေ့နေရလို့ပါ။ ကျွန်းပေါ်မှာဆိုရင်ခန့်မှန်းခြေအရ မြွေပေါင်း ၂၀၀၀ ကနေ ၄၀၀၀ လောက်ရှိနိုင်ပါတယ်။
ကမ္ဘာ့အဆိပ်ပြင်းဆုံးမြွေဖြစ်တဲ့ ရွှေရောင်ခေါင်းပြား မြွေပွေးလည်းရှိပါတယ်။ ဒီလိုထူးခြားတဲ့နေရာကို သွားလည်ချင်ပါသလား။ အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ သွားရောက်ခွင့်ပိတ်ထားလို့ပဲဖြစ်ပါတယ်။
အထူးခွင့်ပြုချက်နှင့်သွားလို့ရတာဆိုလို့ သိပ္ပံပညာရှင်တွေပဲရှိပါတယ်။ ဘရားဇီးအစိုးရကလည်း ဒီမြေပေါ်ကို လူတွေ ခြေချခွင့်မပေးထားပါဘူး။ ဒါပေမယ့်လည်း ကျွန်မတို့က မသွားရလည်းအဆင်ပြေပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext