
မီနီအိုးဝေများ မဖြစ်မနေ အရောင်ပြောင်းလဲရမည်ဟုကြေညာ
မန္တလေးတွင် ခရီးသည်တင်သုံးဘီးဆိုင်ကယ်များဖြစ်သည့်မီနီအိုးဝေများကိုအဝါရောင်ပြောင်းလဲရန် ညွှန်ကြားထားခြင်းကြောင့်ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းများအတွက်အခက်အခဲများရှိနေကြောင်း သိရသည်။
မြို့ပြအင်္ဂါရပ်နှင့်အညီလူစီးသုံးဘီးယာဉ်များကိုအဝါရောင်ပြောင်းလဲရမည်ဟုစည်ပင်မှကြေညာထားခြင်းဖြစ်ပြီးလိုက်နာမှုမရှိပါကလုပ်ငန်းလိုင်စင်ရပ်စဲသွားမည်ဟုလည်းယခုမတ်လဆန်းကထုတ်ပြန်ထားသည်။ “အလုပ်အကိုင်မကောင်းတဲ့အထဲ ဆေးပြောင်းသုတ်ရမယ်ဆိုတော့ ခက်ခဲတာပေါ့ဗျာ၊
ကျွန်တော်တို့က ကြော်ငြာဆိုင်းဘုတ်ကရတဲ့ဝင်ငွေလေးနဲ့ အဓိကရပ်တည်နေရတာလေ၊အဆင်မပြေဘူး၊လိုအပ်ရင်လုပ်ငန်းရပ်ရမှာပေါ့” ဟု အောင်မြေသာစံမြို့နယ်မှ မီနီအိုးဝေကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် စက်သုံးဆီဈေးနှုန်းများအဆမတန်မြင့်မားမှုကြောင့် မီနီအိုးဝေများမှာလုပ်ငန်းတွင်ကျယ်မှုမရှိဘဲ ရုန်းကန်နေကြရကြောင်း ၎င်းယာဉ်မောင်းများကဆိုကြသည်။အရောင်ကုဒ်နံပါတ်ကို 455 အဖြစ်သတ်မှတ်ပြီး ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ ကြိုက်နှစ်သက်ရာဘော်ဒီရုံများတွင် ဆေးရောင်ပြောင်းမှုလုပ်ငန်းများလုပ်ဆောင်ရမည်ဖြစ်သည်။
ယာဉ်စစ်မှတ်တမ်းကိုမန္တလာသီရိအားကစားကွင်းတွင်မတ်လ ၁၆ ရက်မှ ဇွန်လ ၃၀ ရက်အတွင်းတွင် ဆောင်ရွက်ပေးမည်ဟုလည်းထုတ်ပြန်ထားကြောင်းသိရသည်။
crd
Unicode
crd
Crd