
မိုးရွာထား၍ လမ်းပေါ်တွင် ရေအနည်းငယ်အိုင်နေသောအခါ ဇနီးဖြစ်သူရဲ့ခြေထောက်လေး ရေစိုသွားမည်ကိုစိုးရိမ်ပြီး ကားနားသို့အရောက် ပွေ့ချီသွားခဲ့သော ခင်ပွန်းသည်
အမျိုးသမီးတစ်ယောက်ရဲ့ ကံကောင်းခြင်း ကံဆိုးခြင်းသည် အိမ်ထောင်ကျသောအချိန်မှ သိရပြီး ကြင်နာတတ်ပြီး ဂရုတစိုက်ရှိသည့် ခင်ပွန်းမျိုးနှင့် ပေါင်းဖက်ရပါက ကံကောင်းသည်ဟု ဆိုရမည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် အပြင်ထွက်ပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားခဲ့ရာ မထင်မှတ်ပဲ မိုးများရွာလာကာ လမ်းမတစ်လျှောက်လုံးလည်း ရေတွေပြည့်နေခဲ့သည်။
သူတို့ဇနီးမောင်နှံသည် စားသောက်ပြီးသွား၍ အိမ်ပြန်မည်လုပ်သောအခါ ခင်ပွန်းဖြစ်သူမှ ဇနီးသည်ရဲ့ ခြေထောက်လေးကို ရေစိုပြီး နေမကောင်းဖြစ်မှာကို စိုးရိမ်၍ လူအများရှေ့မှာပဲ ဇနီးသည်လေးကို ပွေ့ချီကာ ကားထဲသို့အရောက် ပို့ဆောင်ပေးခဲ့သည်။
ထိုအဖြစ်ကို မြင်တွေ့သူများမှာ အသေးအဖွဲလေးကအစ အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်ပေးတတ်သော ခင်ပွန်းသည်ရဲ့ လုပ်ရပ်ကို ချီးမွမ်းကြကာ ဇနီးဖြစ်သူကိုလည်း ယောကျ်ားရ ကံကောင်းလိုက်တာဆိုပြီး အားကျခဲ့ကြသည်။
Zawgyi
မိုး႐ြာထား၍ လမ္းေပၚတြင္ ေရအနည္းငယ္အိုင္ေနေသာအခါ ဇနီးျဖစ္သူရဲ႕ေျခေထာက္ေလး ေရစိုသြားမည္ကိုစိုးရိမ္ၿပီး ကားနားသို႔အေရာက္ ေပြ႕ခ်ီသြားခဲ့ေသာ ခင္ပြန္းသည္
အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကံေကာင္းျခင္း ကံဆိုးျခင္းသည္ အိမ္ေထာင္က်ေသာအခ်ိန္မွ သိရၿပီး ၾကင္နာတတ္ၿပီး ဂ႐ုတစိုက္ရွိသည့္ ခင္ပြန္းမ်ိဳးႏွင့္ ေပါင္းဖက္ရပါက ကံေကာင္းသည္ဟု ဆိုရမည္။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ ဇနီးေမာင္ႏွံႏွစ္ဦးသည္ အျပင္ထြက္ၿပီး စားေသာက္ဆိုင္တစ္ဆိုင္မွာ အစားသြားစားခဲ့ရာ မထင္မွတ္ပဲ မိုးမ်ား႐ြာလာကာ လမ္းမတစ္ေလွ်ာက္လုံးလည္း ေရေတြျပည့္ေနခဲ့သည္။
သူတို႔ဇနီးေမာင္ႏွံသည္ စားေသာက္ၿပီးသြား၍ အိမ္ျပန္မည္လုပ္ေသာအခါ ခင္ပြန္းျဖစ္သူမွ ဇနီးသည္ရဲ႕ ေျခေထာက္ေလးကို ေရစိုၿပီး ေနမေကာင္းျဖစ္မွာကို စိုးရိမ္၍ လူအမ်ားေရွ႕မွာပဲ ဇနီးသည္ေလးကို ေပြ႕ခ်ီကာ ကားထဲသို႔အေရာက္ ပို႔ေဆာင္ေပးခဲ့သည္။
ထိုအျဖစ္ကို ျမင္ေတြ႕သူမ်ားမွာ အေသးအဖြဲေလးကအစ အရိပ္တၾကည့္ၾကည့္ႏွင့္ ဂ႐ုစိုက္ေပးတတ္ေသာ ခင္ပြန္းသည္ရဲ႕ လုပ္ရပ္ကို ခ်ီးမြမ္းၾကကာ ဇနီးျဖစ္သူကိုလည္း ေယာက်္ားရ ကံေကာင္းလိုက္တာဆိုၿပီး အားက်ခဲ့ၾကသည္။
Crd