မိသားစုလိုက် လေယာဉ်ပြန်ပေးဆွဲခြင်း

News Social News

မိသားစုလိုက် လေယာဉ်ပြန်ပေးဆွဲခြင်း

ကလေး ၁၁ ယောက်ပါတဲ့ မိသာစုတစ်ခုဟာ လေယာဉ်တစ်စီးကို ပြန်ပေးဆွဲခဲ့ကြဘူးပါတယ်။ စာရှုသူတို့အတွက် ရှာဖွေတင်ဆက်လိုက်ပါတယ်။

၁၉၈၈ ခုနှစ်က ရုရှားနိုင်ငံမှာ ခရီးသည်တင်လေယာဉ်တစ်စီးကို မိသားစုတစ်စုက ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။

သူတို့က လေယာဉ်ကို လန်ဒန်အထိ ပျံသန်းခိုင်းခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာခင်မှာဘဲ အဖြစ်အပျက်တွေက ဆိုးရွားသွားခဲ့ပါတယ်။ ဘဝတွေအများကြီး ဆုံးရှုံးသွာရသလို ဘယ်သူမှ အနိုင်မရကြပါဘူး။

Ovechkin ဆိုတာ ဘယ်သူလဲ၊ အမှန်တကယ်ဖြစ်ပျက်ခဲ့တာက ဘယ်လိုလဲဆိုတာ ကြည့်ကြရအောင်နော်။

လေယာဉ်ပြန်ပေးဆွဲသူမှာ ကြီးမားတဲ့ မိသားစုတစ်ခု ရှိပါတယ်။ အမေဖြစ်သူ Ninel Ovechkina မှာ ကလေး ၁၁ ယောက် ရှိပါတယ်။

ခုဖြစ်ရပ်ထဲမှာတော့ သမီးတစ်ယောက် မပါခဲ့ပါဘူး။ သူမက လက်ထပ်ပြီး သီးခြားနေထိုင်သူမို့ ကျန်ခဲ့တာပါ။ ဖခင်ဖြစ်သူဟာ ၁၉၈၄ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပါတယ်။မိခင်က ကလေးတွေနဲ့ ကျန်နေခဲ့ပါတယ်။

သူမဟာ ဆိုဗီယက်ဝါဒဖြန့်ချီရေးတွေကို အရင်က ချီးမွမ်းခဲ့သူပါ။ သူမဟာ သူရဲကောင်းမိခင် “Mother Heroine” ဘွဲ့ကိုတောင် ချီးမြှင့်ခံရပါတယ်။

သူမရဲ့သား ၇ ယောက်ဟာ ဂီတမှ ာထူးချွန်ကြပါတယ်။ သူတို့တီးဝိုင်းအမည်က Simeons ဖြစ်ပြီး ဂျပန်မှာတောင် သွားရောက် ဖျော်ဖြေဘူးပါတယ်။

ဒီအကြောင်းအရာကဘဲ နောက်ထပ်အဖြစ်အပျက်တွေအတွက် တွန်အားဖြစ်စေခဲ့တာပါ။ အရင်းရှင်နိုင်ငံ‌ကို အလည်ရောက်ပြီးနောက်မှာတော့ မိခင်ဖြစ်သူ Ovechkin ဟာ စိတ်ဓါတ်ကျသွားပါတယ်။

သူတို့မိသားစုဟာ ဆိုဗီယက်မှာ တစ်ရက်တောင် မနေချင်ကြတော့ပါဘူး။ ဒါပေမဲ့ နိုင်ငံက တရားဝင်ထွက်ခွာဖို့ကလည်း အာဏာပိုင်တွေက အဲအချိန်က ခွင့်မပြုပါဘူး။

ဒါနဲ့ဘဲ သူတို့ဟာ ရူးမိုက်တဲ့ အစီအစဉ်တစ်ခုကို ရေးဆွဲကြပါတော့တယ်။ ပထမဆုံး လက်နက် စုဆောင်းပါတယ်။ ဘဲပစ်သေနတ် နှစ်လက် ရပါတယ်။ ပေါက်ကွဲနိုင်တဲ့ ယမ်းတောင့် တချို့လဲ ရခဲ့ပါတယ်။

အကြံအစည် မအောင်မြင်ခဲ့ရင် သူတို့ကိုယ်သူတို့ ဖေါက်ခွဲဖို့ပါ။ မိခင် Ovechkin ဟာ လက်နက်တွေကို ဂီတပစ္စည်းတွေထည့်တဲ့ ဘူးထဲမှာ နှစ်ထပ်လုပ်ပြီး ထည့်ပါတယ်။

ပစ္စည်းထည့်တဲ့ သေတ္တာတွေက ကြီးမားလို့ လေဆိပ်လုံခြုံရေးတွေ Scan ဖတ်ဖို့ မလွယ်ပါဘူး။ သူမနဲ့ ကလေးတချို့က ဒါကို တခြားခရီးစဉ်တစ်ခုအတွင်း စမ်းသပ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ၁၉၈၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ မိခင်နဲ့ကလေး ၁၁ ယောက်တို့ဟာ TU-154 B လေယာဉ်ပေါ် ရောက်ရှိခဲ့ကြပါပြီ။ Aeroflot flight 3739 ဟာ Irkutsk ကနေ Leningrad ကို ပျံသန်းမှာပါ။

လမ်းမှာ Kurgan မှာ တစ်ထောက်နားမှာ ဖြစ်ပါတယ်။ လက်နက်တွေ ထည့်ထားတဲ့ သေတ္တာဟာ ကုန်တင်ခန်းမှာ ပါလာပါတယ်။ သူမက ဒါတွေဟာ အလွန်တန်ဖိုးရှိတယ်လို့ ပြောခဲ့ပါတယ်။

လေယာဉ်က တက်ခဲ့ပါပြီ။ ဒါပေမဲ့ Leningrad ကိုတော့ ဘယ်တော့မှ မဆင်းနိုင်တော့ပါဘူး။ လမ်းတစ်နေရာမှာတော့ လေယာဉ်အမှုထမ်းတွေက လက်ရေးနဲ့ရေးထားတဲ့ ခြိမ်းခြောက်စာတစောင်ကို ရခဲ့ပါတယ်။

စာထဲမှာက လန်ဒန်အထိ ပျံသန်းဖို့ ကြားမှာဘယ်နေရာမှ မဆင်းဖို့ ရေးထားပါတယ်။ မလိုက်နာရင် လေယာဉ်ကို ဖေါက်ခွဲပစ်မယ်လို့ ပါရှိပါတယ်။

ပထမဆုံး လေယာဉ်မှူးတွေက မြေပြင်ကို လျှို့ဝှက် အချက်ပြစနစ်နဲ့သတင်းပို့ လိုက်ပါတယ်။ အာဏာပိုင်တွေဖက်က ဒါဟာ ဆိုးရွားတဲ့ရာဇဝတ်မှုဖြစ်တဲ့အပြင် နိုင်ငံရေးပယောဂ ပါတယ်လို့ ယူဆတာကြောင့် လေယာဉ်ကို စစ်ဖက်လေယာဉ်ကွင်းတစ်ခုမှာ ဆင်းသက်ဖို့ အမိန်ပေးခဲ့ပါတယ်။

ပိုင်းလော့တွေက Ovechkin ကို လန်ဒန်အထိသွားဖို့ ဆီမလုံလောက်လို့ ဖင်လန်နိုင်ငံရဲ့ကွင်းတစ်ခုမှာ ဆင်းပြီးဆီဖြည့်ရမယ်လို့ လှည့်ဖျားခဲ့ကြပါတယ်။ သူမမှာ ရွေးချယ်ရ ခက်ခဲ့ပါတယ်။

လေယာဉ်ဟာ Veshchevo လေတပ်ကွင်းမှာ ဆင်းသက်ခဲ့ပါတယ်။ဖင်လန်နယ်စပ်နားကပါ။ သူတို့မိသားစုဟာ ဒါကို သတိပြုမိသွားကြပါတယ်။ ၂၄ နှစ်အရွယ် သားဖြစ်သူ Dimitrove က စတင်လှုပ်ရှားပါတယ်။

သူက ‌၂၈ နှစ်အရွယ် လေယာဉ်အမှုထမ်းတစ်ဦးကို ပစ်သတ်လိုက်ပါတယ်။ ဒီနောက်မှာတော့ လေယာဉ်အတွင်းခန်းမှာ အနိဌာရုံ အဖြစ်အပျက်တွေ ဖြစ်ခဲ့ရပါတော့တယ်။

အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့တွေဟာ ခေါင်းခန်းကနေ ဝင်ရောက်ပြီး ခရီးသည်ခန်းထဲကို ဒလကြမ်း ပစ်ခတ်ပါတော့တယ်။ ခရီးသည် ၃ ယောက်သေဆုံးပြီး ၃၆ ယောက် ဒါဏ်ရာရတဲ့အထဲက ၁၄ ယောက် ထပ်မံသေဆုံးခဲ့ပါတယ်။

သားတစ်ယောက်က ဗုံးကို ဖေါက်ခွဲလိုက်ပါတယ်။ အသေးစာပေါက်ကွဲမှုဖြစ်တာကြောင့် သူတစ်ယောက်ဘဲသေဆုံးသွားပါတယ်။ မိခင် Ninel Ovechkin က သားတစ်ယောက်ကို သူမကိုပစ်ဖို့ အမိန်ပေးပါတယ်။

Dimitri က မိခင်ကိုပစ်အပြီး သူ့ကိုယ်သူလဲ အဆုံးစီရင်လိုက်ပါတယ်။ ကျန်သား သုံးယောက်ကလည်း သဝာ်သေလိုက်ကြပါတယ်။ ၆ ယောက်သာ ကျန်ခဲ့ပြီး အဲဒီထဲမှာ ၄ ယောက်က ကလေးငယ်တွေ ဖြစ်ပါတယ်။

အကြီးဆုံးသမီး Olga ၂၈ နှစ်နဲ့ သား Igor ၁၇ နှစ်တို့ဟာ အဖမ်းခံရပြီးထောင်ကျခဲ့ပါတယ်။ Igor က ထောင် ၈ နှစ်၊ Olga က ၆ နှစ်အသီးသီး ကျခံခဲ့ရပါတယ်။ Olga ဟာ ကိုယ်ဝန် ၇ လနဲ့မို့ ကလေးကို ထောင်ထဲမှာဘဲ မွေးခဲ့ရပါတယ်။ သူတို့မနေချင်တဲ့ ဆိုဗီယက်ယူနီယံကြီးလည်း ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ မိခင်ဖြစ်သူရဲ့ ကြိုးပမ်းမှုဟာ အံ့ဩစရာပါ။ စာရေးသူကတော့ သူ့ရဲ့ ကလေးတွေကို လွတ်မြောက်စေခြင်တဲ့ မေတ္တာတရားကို လေးစားမိပါတယ်လို့။

Knight News Team

Crd