မိဘများက အိမ်ပေါ်ကနှင်ချမည်ဆို သော်လည်း မသန်စွမ်းဖြစ်နေသော ချစ်သူမိန်းကလေးကို လမ်းမခွဲခဲ့ဘဲ အမှန်တကယ်လက်ထပ်ယူခဲ့သည့် အမျိုးသား

ဗီယက်နမ်နိုင်ငံမှ မစ္စတာထရီယူငုယင်ချီယင်ဆိုသည့်လူငယ်လေးဟာ တေ့တိုင်းရင်းသားစ်ဦးဖြစ်ပြီး မိုင်းတွင်းလုပ်သားအနေဖြင့် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။မိုင်းတွင်းထဲတွင်အလုပ်လုပ်ပြီး အနားယူချိန်တွင် လိုင်းသုံးခဲ့ရာမှ မသန်စွမ်းဖြစ်နေသည့် Bui Thi Diem ဆိုသည့်အမျိုးသမီးနှင့် ဆုံတွေ့ခဲ့ကြပါတယ်။

ထို့နောက် အချိန်ကြာလာတာနှင့်အမျှ ချစ်သူတွေဖြစ်လာခဲ့ကြပြီးနောက် ကောင်လေးဟာ ကောင်မလေးရှိဟာမြို့အထိ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ကောင်မလေး၏လမ်းမလျှောက်နိုင်သည့် အခြေအနေကို မြင်တွေ့လိုက်ရသော်လည်း ချစ်သူလေးနှင့် ပေါင်းဖက်နိုင်ရန် ဆက်လတ်ကြိုးစားခဲ့ပါတယ်။

ကောင်လေး၏မိသားစုဝင်များကတော့ မသန်စွမ်းဖြစ်နေသောကောင်မလေးနှင့် လက်ထပ်မှာကို လက်မခံနိုင်ဘဲ နည်းလမ်းမျိုးစုံဖြင့် တားမြစ်ခဲ့သော်လည်း မအောင်မြင်ခဲ့တာဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd