မိန်းကလေးတွေဟာ ချစ်မိပြီဆိုရင် သိပ်ကိုသတ္တိရှိကြပါတယ်

Unicode









Crd

Zawgyi

ဒီပုံလေးက ကောင်လေး လက်ကို ဆွဲပြီး ခုန်ကူးနေတဲ့ မိန်းမငယ်လေးရဲ့ မျက်နာမှာ ယုံကြည်ခြင်းတွေ,ချစ်ခြင်းတွေ, ပျော်ရွှင်ခြင်းတွေ ရှိတယ် …။

ဘေးက မြင်တဲ့သူတွေက ပြုတ်ကျမလား စိုးရိမ်ကြတယ်။ ငါသာဆို မကူးရဲဘူး ပြောချင် ပြောကြမယ်။ဒါပေမယ့် ဒီမိန်းကလေးကတော့ သူ့ချစ်သူကို ယုံကြည် အားကိုးစိတ်တွေနဲ့ သတ္တိအပြည့် ရှိနေပုံပါပဲ။

ထွက်ခါနီး သင်္ဘောပေါ် သတ္တိအပြည့်နဲ့ ခုန်ကူးတဲ့ အကြောင်းကတော့ စာမဖွဲ့ပါဘူး .။ဘဝမှာ ချစ်သူကို ယုံကြည်အားကိုး စိတ်အပြည့်နဲ့ သူ့လက်ကို မြဲမြဲဆွဲလို့ အိမ်ထောင်ရေးထဲ ခုန်ကူးခဲ့ကြတဲ့ သူတွေ အများကြီးမို့ပါ။

အိမ်ထောင်ရေး ဆိုတဲ့ စည်းဝိုင်းထဲရောက်မှ မထင်မှတ်အောင် ပြောင်းလဲသွားတဲ့ လူလည်း ရှိမယ်။ ကိုယ့်လက်ကို လွှတ်ချသွားတဲ့ ယောကျာ်းတွေလည်း ရှိမယ် …။

ကိုယ့်ဘေးမှာ ရှိနေပေမဲ့ စိတ်ဆင်းရဲအောင် လုပ်နေတဲ့ လူလဲဖြစ်ချင်ဖြစ်မယ် ကိုယ့်ကို မငဲ့ညှာ မကြင်နာပဲ အတ္တသိပ်ကြီးနေတဲ့ သူလည်း ဖြစ်နိင်တယ်။ဘယ်လို ကံမကောင်းမှုမျိုး ကြုံကြုံ ကိုယ်ရွေးချယ်ခဲ့တဲ့ ဘဝကို သတ္တိအပြည့်နဲ့ ရှေ့ဆက်ရမှာပါ။

လူဆိုတာ မွေးဖွားလာတုန်းကလဲ တယောက်ထဲ သေတော့လည်း တယောက်ထဲ သေရမှာပါပဲ …။ကိုယ်သွားနေတဲ့ လမ်းကြောင်းမှာ တွေ့ဆုံ ကြုံ ကွဲ ဆိုတာကို အမြဲကြုံနေရဦးမှာပဲ မကောင်းတဲ့ အရာတွေကို လွှတ်ချပြီး နေတတ်မှ ပျော်ရွှင်မှုကို ရမှာပါ။

မကောင်းတဲ့အရာဆိုတာ အထူးသဖြင့် ကိုယ့်စိတ်ကို ရှုပ်ထွေး နောက်ကျိစေတဲ့ အရာမျိူးတွေပေါ့ ။မိဘဆိုတာ ရွေးချယ်ခွင့်မရှိတာမို့ ကိုယ့်ဘဝမှာ ကိုယ့်အပေါ် နားလည် ကြင်နာပြီး ပျော်ရွှင်စေရမယ့် အရာတွေကိုပဲ ရွေးချယ်ပါ။

ကျန်းမာစွာ အသက်ရှင် ရခြင်းဟာ တန်ဖိုးရှိလှတာမို့ စိတ်ညစ်ညူးမှုတွေကို မဝယ် ယူချင်ပါနဲ့။ ချစ်တဲ့အခါ သတ္တိရှိသလို စွန့်လွှတ်ရတဲ့ အခါလဲ သတ္တိရှိပါနော် ။

Crd

Crd