
News Social News

လူသားတို့သည် အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်လွန်းပြီး သူတို့နဲ့ လိုက်ဖက်မည့်အဝတ်အစားလေးတွေကိုလည်း ဝတ်ဆင်ပေးကာ မိသားစုဝင်တွေလိုပဲ ဂရုစိုက်တတ်ကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် ဘွဲ့ရပြီး၍ မြို့ထဲမှာအဆောင်ဌားနေပြီးတော့ အလုပ်လုပ်ကိုင်ခဲ့ရာ သူမအနားမှာအဖော်အဖြစ် ခွေးလေးတစ်ကောင်ကို မွေးစားခဲ့သည်။

မိန်းကလေးသည် ခွေးလေးကိုအရမ်းချစ်ကာ ဂရုတစိုက်နဲ့ ခွေးလေးနဲ့တန်သောဘောင်းဘီလေးတွေကို ရောင်စုံဝယ်ထားပေးပြီးတော့ အမြဲလျှော်ဖွတ်ဝတ်ဆင်ပေးခဲ့သည်။

မိန်းကလေးသည် ခွေးလေးရဲ့ ဘောင်းဘီတွေကို အပြင်မှာချိတ်နဲ့လှန်းထားတာမြင်တွေ့သွားသည့် အိမ်နီးချင်းများသည် မိန်းကလေးတစ်ဦးတည်းနေသည့်အခန်းကနေ အမျိုးသားဝတ်အတွင်းခံတွေတွေ့ရှိနေ၍ သူမအားမယုံသင်္ကာဖြစ်ပြီး ကောင်လေးတစ်ယောက်နဲ့ အတူတူနေကြတယ်အထင်နဲ့ ရွာကသူမရဲ့ မိဘတွေဆီတိုင်ကြားခဲ့သည်။

မိဘတွေလည်း ကြားကြားချင်း သမီးဖြစ်သူနေသည့် အဆောင်သို့ချက်ချင်းလိုက်လာကာ ဆဲဆိုနေရင်း ခွေးလေးမှထိုဘောင်းဘီလေးနဲ့ အိမ်ကထွက်လာ၍ အဖြစ်မှန်ကိုသိရှိပြီး ရယ်မောကုန်ကြသည်။

Rain (For Ialinks)

Unicode

မိန်းကလေးတစ်ယောက်တည်းနေတဲ့အခန်းကနေ အမျိုးသားဝတ်အတွင်းခံတွေထုတ်လှန်းထားတာကြောင့် အိမ်နီးချင်းတွေက ရွာကသူမရဲ့မိဘတွေဆီအကြောင်းကြားခဲ့ရာမှ ရယ်မောစရာအဖြစ်နဲ့ကြုံခဲ့

Crd