မိခင်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ မိခင်ရဲ့ဓာတ်ပုံကိုအမြင့်ဆုံးတောင်ထိပ်အထိ ယူဆောင်သွားခဲ့တဲ့ကောင်လေး

News

အသက် ၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ထိုင်ဝမ်က အမြင့်ဆုံးတောင်ကို တက်ခြင်းအတွက် သူ့အမေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းခဲ့ခြင်းကြောင့် ပျံ့နှံ့မှုဖြစ်ပွားခဲ့ပါတယ် ။ သူဟာ တောင်ပေါ်ကိုတက်ဖို့ ခက်ခဲပေမယ့် ကောင်လေးဟာ မိခင်ကဘယ်နေရာမှာပဲရှိနေပါစေ ပျော်ရွှင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အ‌မေရဲ့ဆန္ဒကိုဖြည့်ဆည်းရန် စိန်ခေါ်မှုများကို ကျော်လွှားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ် ။

ပြီးခဲ့တဲ့လက ၈ နှစ်အရွယ် Tzuo Ze Gang အမည်ရှိ ကောင်လေးဟာ မိခင်ဖြစ်သူ အမြဲတက်ချင်နေခဲ့တဲ့ The Jade Mountain လို့ခေါ်တဲ့ ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတောင်ကို တက်ခဲ့ပါတယ် ။ ထိုင်ဝမ်က အမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်ကျွန်းတွင်မဆိုစတုတ္ထအမြင့်ဆုံးဖြစ်တဲ့ Jade Mountain ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၉၅၂ မီတာရှိပါတယ် ။

ဒေသအလိုက် Yu Shan လို့ လူသိများတဲ့ Jade Mountain ဟာ မျိုးဆက်မှတစ်ဆက်သို့ကူးပြောင်းခဲ့တဲ့ ဒဏ္ဏာရီပုံပြင်များ နဲ့ ဇာတ်လမ်းများရဲ့နေရာလည်းဖြစ်ပါတယ် ။

ဒါပေမဲ့ Tzuo ဟာ တောင်တက်ရန် နောက်ထပ်အကြောင်းရင်းက သူ့မိခင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ရင် မိမိရဲ့မိခင် နဲ့ ပိုမိုနီးကပ်စွာနေရသလို ခံစားရတယ်လို့ဆိုပါတယ် ။ သူ့ရဲ့ဖခင် နဲ့ အတူကောင်လေးဟာ တောင်ပေါ်သို့တက်ခဲ့ပါတယ် ။ ဖခင်ဖြစ်သူရဲ့ အဆိုအရကောင်လေးဟာ အမြင့်ကိုတက်တဲ့အခါမှာ ဖျားနာခြင်းကြောင့် ခေါင်းကိုက်ခြင်းများဖြစ်ပွားခဲ့ပါတယ် ။

ဒါပေမဲ့ သူက ဇွဲမလျော့ဘဲ ဆက်လက်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ သူဟာ Jade Mountain ကို ရောက်နိုင်ခဲ့တဲ့အချိန်မှာ Tzuo က သူ့အမေအတွက်ကြီးမားတဲ့အရာတစ်ခု ပြီးမြောက်အောင်မြင်ခဲ့တယ်ဆိုပြီး ဝမ်းသာပျော်ရွှင်ခဲ့ပါတယ် ။ “အမေ, သားတို့ထိပ်ကိုရောက်ရှိလာပြီ ! အမေ့ကို သွားတို့ Jade Mountain ထိပ်ကို ခေါ်ဆောင်လာနိုင်ခဲ့ပြီ ” ဆိုပြီး Tzuo ကကြွေးကြော်ခဲ့ပါတယ် ။

နောက်ပြီး မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ကောင်လေးရဲ့မျက်နှာပေါ်မှာ ဝမ်းသာပီတိဖြစ်နေပါတော့တယ် ။

JRose (KB Chimmy One)

Reference : rachfeed

Zawgyi

အသက် ၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ထိုင်ဝမ်က အမြင့်ဆုံးတောင်ကို တက်ခြင်းအတွက် သူ့အမေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းခဲ့ခြင်းကြောင့် ပျံ့နှံ့မှုဖြစ်ပွားခဲ့ပါတယ် ။ သူဟာ တောင်ပေါ်ကိုတက်ဖို့ ခက်ခဲပေမယ့် ကောင်လေးဟာ မိခင်ကဘယ်နေရာမှာပဲရှိနေပါစေ ပျော်ရွှင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အ‌မေရဲ့ဆန္ဒကိုဖြည့်ဆည်းရန် စိန်ခေါ်မှုများကို ကျော်လွှားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ် ။ ပြီးခဲ့တဲ့လက ၈ နှစ်အရွယ် Tzuo Ze Gang အမည်ရှိ ကောင်လေးဟာ မိခင်ဖြစ်သူ အမြဲတက်ချင်နေခဲ့တဲ့ The Jade Mountain လို့ခေါ်တဲ့ ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတောင်ကို တက်ခဲ့ပါတယ် ။ ထိုင်ဝမ်က အမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်ကျွန်းတွင်မဆိုစတုတ္ထအမြင့်ဆုံးဖြစ်တဲ့ Jade Mountain ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၉၅၂ မီတာရှိပါတယ် ။ ဒေသအလိုက် Yu Shan လို့ လူသိများတဲ့ Jade Mountain ဟာ မျိုးဆက်မှတစ်ဆက်သို့ကူးပြောင်းခဲ့တဲ့ ဒဏ္ဏာရီပုံပြင်များ နဲ့ ဇာတ်လမ်းများရဲ့နေရာလည်းဖြစ်ပါတယ် ။

ဒါပေမဲ့ Tzuo ဟာ တောင်တက်ရန် နောက်ထပ်အကြောင်းရင်းက သူ့မိခင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ရင် မိမိရဲ့မိခင် နဲ့ ပိုမိုနီးကပ်စွာနေရသလို ခံစားရတယ်လို့ဆိုပါတယ် ။ သူ့ရဲ့ဖခင် နဲ့ အတူကောင်လေးဟာ တောင်ပေါ်သို့တက်ခဲ့ပါတယ် ။ ဖခင်ဖြစ်သူရဲ့ အဆိုအရကောင်လေးဟာ အမြင့်ကိုတက်တဲ့အခါမှာ ဖျားနာခြင်းကြောင့် ခေါင်းကိုက်ခြင်းများဖြစ်ပွားခဲ့ပါတယ် ။ ဒါပေမဲ့ သူက ဇွဲမလျော့ဘဲ ဆက်လက်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ သူဟာ Jade Mountain ကို ရောက်နိုင်ခဲ့တဲ့အချိန်မှာ Tzuo က သူ့အမေအတွက်ကြီးမားတဲ့အရာတစ်ခု ပြီးမြောက်အောင်မြင်ခဲ့တယ်ဆိုပြီး ဝမ်းသာပျော်ရွှင်ခဲ့ပါတယ် ။ “အမေ, သားတို့ထိပ်ကိုရောက်ရှိလာပြီ ! အမေ့ကို သွားတို့ Jade Mountain ထိပ်ကို ခေါ်ဆောင်လာနိုင်ခဲ့ပြီ ” ဆိုပြီး Tzuo ကကြွေးကြော်ခဲ့ပါတယ် ။ နောက်ပြီး မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ကောင်လေးရဲ့မျက်နှာပေါ်မှာ ဝမ်းသာပီတိဖြစ်နေပါတော့တယ် ။

JRose (KB Chimmy One)

Leave a Reply