မိခင်ကကိုယ်ဝန်ကြီးနှင့်အလုပ်များနေတာကြောင့် သူ့ကို ဂရုမစိုက်နိုင်သည့်အတွက် အိမ်ရှေ့တွင် မိခင်၏ပုံတူကို ဆွဲပြီး ရင်ခွင်ထဲဝင်အိပ်ကာ နွေးထွေးမှုကိုရှာဖွေနေခဲ့သည့် ကလေးငယ်

လူတိုင်းသည် ဂရုစိုက်အလေးထားမှုကို ခံချင်ကြပါတယ်။ကလေးသူငယ်များဆိုလျှင် မိခင်တို့၏ နွေးထွေးကြင်နာသော ဂရုစိုက်မှုတွေကြောင့် ဘဝတစ်ခုလုံးအတွက်ပါ ခွန်အားဖြစ်စေမှာသေချာပါတယ်။

ကလေးငယ်လေးတစ်ဦးကတော့ ကိုယ်ဝန်မွေးဖွားခါနီးဖြင့် အလုပ်ရှုပ်နေသော မိခင်ဖြစ်သူက ဂရုမစိုက်ဘဲပစ်ထားခဲ့တာကြောင့် မိခင်၏နွေးထွေးမှုကို လိုချင်နေခဲ့ပါတယ်။ထို့ကြောင့်လည်း အိမ်ရှေ့နေရာလပ်လေးတစ်ခုမှာ မိခင်၏ပုံတူပန်းချီကိုဆွဲထားပြီး ပန်းချီပုံ၏ရင်ခွင်ထဲသို့ ဝင်အိပ်ကာ မိခင်ဖြစ်သူ၏ နွေးထွေးကြင်နာမှုကို ရရှိအောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။

မိသားစု၏ နွေးထွေးကြင်နာမှုကို မရရှိခဲ့သောက​လေးငယ်များသည် ဘဝတွင် စိတ်အားငယ်စွာဖြင့် ရှင်သန်နေကြရမှာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd