မန်းလေးသားတွေ အပျင်းကြီးလို့ မအောင်မြင်ခဲ့တဲ့ တချိန်က မြို့ပတ်ရထားစီးမံကိန်း

၁၉၃၈ ခုနှစ်မှာ မန်းလေးသားဝပ်ရှော့ဆရာ တယောက်က ဆိုက်ကားကို စထွင်တယ်.. စက်ဘီးကို အခြေခံထွင်ထားတဲ့ ဆိုက်ကားက စျေးသက်သာတော့ စစ်ကြိုခေတ် အလုပ်အကိုင်ရှားပါးနေတဲ့ လူတွေက ဆိုက်ကားတွေ ဝယ်ပီး နင်းကြတယ် ။ အဲအချိန်က မန်းလေးမှာ မြို့တွင်းရထားစနစ်ရှိတယ် ။ လက်မှတ်ခက နှစ်ပြား.. ဆိုက်ကားသမားတွေကလည်း ရထားကို လိုက်တုပီး နှစ်ပြားယူတယ် ။

အဲမှာ အပျင်းကြီးတဲ့ မန်းလေးသားတွေက ရထားစီးလဲ နှစ်ပြား ဆိုက်ကားစီးလဲနှစ်ပြား.. ဒါပေမဲ့ဆိုက်ကားဆရာက အိမ်ရှေ့ဝင်းထဲအရောက်လိုက်ပို့တာဟ ဆိုပီး ဆိုက်ကားပဲ ဖိစီးကြတော့ လည်ပါတ်စ မြို့ပါတ်ရထားကုမ္ပဏီလေး အရှုံးပေါ်ပီး လစ်သွားတယ် ။ အဲမှာ ဆိုက်ကားတွေကတော့ မန်းလေးကနေ တစတစနဲ့ ပြန့်နှံ့လာလိုက်တာ ခုတော့ မြို့တိုင်းလိုလို ဆိုက်ကားဂိတ်မရှိတဲ့ မြို့ကို မရှိတော့ဘူး ။ မြို့ပါတ်ရထားစနစ်ကတော့ အဲတည်းက ပြန်ပီး နလံမထူနိုင်ခဲ့တာ ခုထိပါပဲ ။

ဘန်ကောက်တို့ စင်္ကာပူတို့ရောက်လို့ သူတို့မြို့တွေက အောင်မြင်နေတဲ့ MRT ရထားစနစ်တွေ မြင်ရင် အော်ငါတို့နိုင်ငံမှာလည်း အစောကြီးတည်းက အဲလိုရထားစနစ်လေးတခု ထူထောင်ဖူးတယ်.. မန်းလေးသားတွေ အပျင်းကြီးလို့ မအောင်မြင်လိုက်တာပေါ့ ဆိုပီး တွေးမိနေတုန်းပဲ ။ (Zaw Naing Win)

1

Crd