မန္ယူႏွင့္ အာဆင္နယ္ ပရိသတ္မ်ားေၾကာင့္ ေတာ္လွန္ေရး ေထာက္ပို႔ရန္ပုံေငြ သန္းခ်ီရ

News Social News

မန္ယူႏွင့္ အာဆင္နယ္ ပရိသတ္မ်ားေၾကာင့္ ေတာ္လွန္ေရး ေထာက္ပို႔ရန္ပုံေငြ သန္းခ်ီရ

ပရီးမီးယားလိဂ္အမွတ္ေပးပြဲစဥ္ (၆) ျဖစ္သည့္ မန္ခ်က္စတာယူႏိုက္တက္ႏွင့္ အာဆယ္နယ္အသင္း ပြဲစဥ္ေၾကာင့္ ေတာ္လွန္ေရးရန္ပုံေငြ ပိုမိုရရွိခဲ့ေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ ပ်ံ႕ႏွံေနသည့္ အလႉေငြျဖတ္ပိုင္းမ်ားအရ သိရသည္။

“က်ေနာ္ သိသေလာက္ Fundraising အဖြဲ႕ေတြဆီက ၾကားရတာကလည္း ဒီတမနက္လုံး မန္ယူ/အာႀကီးပြဲ အေၾကာင္းျပဳၿပီး တခ်က္မွ မနားရေသးဘဲ စာျပန္ေနရတာတဲ့” ဟု Play2Donate က အသိေပးထားသည္။
ေတာ္လွန္ေရးရန္ပုံေငြရရွိေရးအတြက္ Play2Donate က ျပဳလုပ္ထားသည့္ ေဘာလုံးပြဲၾကည့္ရင္း လႉဒါန္းႏိုင္ေသာ Nwe Oo Video အစီစဥ္မွ မန္ခ်က္စတာယူႏိုက္တက္ႏွင့္ အာဆယ္နယ္အသင္းပြဲသည္ အျခားပြဲစဥ္မ်ားထပ္ ၾကည့္ ရႈသူ Play2Donate က ထုတ္ျပန္ထားသည္။

“မေန႔ညက မန္ယူနဲ႔ အာဆင္နယ္ပြဲ … ဝင္ေငြေလးပါ ခင္ဗ်ာ။ တိတိက်က် ေျပာရရင္ ၂၅ သိန္းနဲ႔ ၇ ေသာင္းက်ပ္ဝင္ခဲ့ပါတယ္။ Admob SS ကို မန႔္မွာ တင္ေပးပါမယ္။ ဒါဟာ iOS တစ္ခုတည္းကရတဲ့ ဝင္ေငြပါ။ Android သာ ေၾကာ္ျငာတက္ခဲ့ရင္ သိန္း (၅၀) တင္မက (၁၀၀) အထိ မွန္းလို႔ရခဲ့တဲ့ပြဲေကာင္း တစ္ပြဲပါဗ်ာ။ App ထဲ ဝင္ၾကည့္ၿပီး အားျဖည့္ေပးခဲ့သူမ်ား အားလုံးကိုလည္း ေက်းဇူးအထူးတင္ပါတယ္။ Android ေၾကာ္ျငာျပန္ပြင့္ဖို႔ ေန႔စဥ္ေလးဝင္ေပးၾကပါ ခင္ဗ်ာ။ အားလုံး တာဝန္ေက်ခဲ့ပါတယ္” ဟု Play2Donate က ေရးသားေဖာ္ျပထားသည္။

ထို႔ျပင္ မန္ခ်က္စတာယူႏိုက္တက္ အသင္းပရိသတ္မ်ားႏွင့္ အာဆင္နယ္ပရိသတ္မ်ားကလည္း ၄င္းတို႔ႀကိဳက္ႏွစ္သက္သည့္ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားႏွင့္ ေထာက္ပို႔အဖြဲ႕အစည္းမ်ားကို လႉဒါန္းမ်ားျပဳလုပ္ခဲ့ၿပီး အလႉေငြျဖတ္ပိုင္းမ်ားကိုလည္း လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ ေဖာ္ျပခဲ့ၾကသည္။

“၃-၁ ဘုံက အာႀကီးဖန္ေတြအတြက္ မ်က္ရည္ႏွစ္စက္”၊ “မနက္တစ္ဝိုင္းလုံးရွင္းမယ့္ ဂိတ္မႈးမ်ား”၊ “ေ႐ႊေရာင္ဆိုက္ကားဂိတ္မွ GL”၊ “ငယ္ႏိုင္ေ႐ႊေက်းအား ရည္စူး၍”၊ “က်ဥ္မရွိ Gunnerေတြအတြက္ မန္ယူဖန္မွက်ဥ္ဖိုးလႉဒါန္း”၊ “ေရႁပြတ္ေရမထြက္ေရမထြက္ေအာင္ ျပင္ေပးေသာ္ဂိတ္မႉး”စသည့္ စာသားမ်ားျဖင့္ ေတာ္လွန္ေရး ေထာက္ပို႔အဖြဲ႕အစည္းမ်ားကို လႉဒါန္းခဲ့ၾကသည္။

“ManU ဘက္က ၂၄၀၀၀၀ က်ပ္ႏွင့္ ဂ်ပန္ယန္းေငြ ၁၀၀၀၀ Arsenal ဘက္က ၂၄၀၀၀၀ က်ပ္၊ ကြၽန္ေတာ္ ၃၀၀၀၀၀ က်ပ္ အားျဖည့္ပါမယ္။ ယန္းေငြ လဲလိုက္ရင္ စုစုေပါင္း ၉၀၀၀၀၀ နဲနဲေက်ာ္ရပါတယ္။ ေတာ္ေတာ္ကို ထိထိခိုက္ခိုက္ အေရးေပၚလိုအပ္ေနတဲ့ ေကာလင္းၿမိဳ႕နယ္ ကိုးေတာင္ဘို႔ဘက္နဲ႔ ေျမာင္ဘက္ကို တစ္ဝက္စီပို႔ပါမယ္” ဟု မန္ယူပရိသတ္တစ္ဦးက လူငယ့္ေခတ္သတင္းဌာနသို႔ ေျပာသည္။

ပရီးမီးယားလိဂ္ အမွတ္ေပးပြဲစဥ္ (၆)ျဖစ္သည့္ မန္ခ်က္စတာယူႏိုက္တက္ႏွင့္ အာဆယ္နယ္ အသင္းတို႔ ယွဥ္ၿပိဳင္ခဲ့သည့္ ပြဲစဥ္တြင္ မန္ခ်က္စတာယူႏိုက္တက္အသင္းက အာဆင္နယ္အသင္းကို (၃)ဂိုး (၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့သည္။
အာဆင္နယ္အသင္း၏ ရာသီအစ (၅)ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္ကို မန္ခ်က္စတာယူႏိုက္တက္အသင္းက အန္တိုနီ ႏွင့္ ရက္စ္ဖို႔ ဂိုးမ်ားျဖင့္ ရပ္တန္႔ေစခဲ့ေသာ္လည္း အမွတ္ေပးဇယား ထိပ္ဆုံးတြင္ အာဆင္နယ္အသင္းကရမွတ္ (၁၅)မွတ္ျဖင့္ ဦးေဆာင္ေနဆဲျဖစ္သည္။

မန္ခ်က္စတာယူႏိုင္တက္ကမူ (၂)ပြဲရႈံး၊ (၄) ပြဲႏိုင္ ရမွတ္ (၁၂) မွတ္ျဖင့္ အမွတ္ေပးဇယား အဆင့္(၅)ေနရာတြင္ရပ္တည္ေနသည္။
#E07 #Lungekhit
crd

Unicode
မန်ယူနှင့် အာဆင်နယ် ပရိသတ်များကြောင့် တော်လှန်ရေး ထောက်ပို့ရန်ပုံငွေ သန်းချီရ

ပရီးမီးယားလိဂ်အမှတ်ပေးပွဲစဥ် (၆) ဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် အာဆယ်နယ်အသင်း ပွဲစဥ်ကြောင့် တော်လှန်ရေးရန်ပုံငွေ ပိုမိုရရှိခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံနေသည့် အလှူငွေဖြတ်ပိုင်းများအရ သိရသည်။

“ကျနော် သိသလောက် Fundraising အဖွဲ့တွေဆီက ကြားရတာကလည်း ဒီတမနက်လုံး မန်ယူ/အာကြီးပွဲ အကြောင်းပြုပြီး တချက်မှ မနားရသေးဘဲ စာပြန်နေရတာတဲ့” ဟု Play2Donate က အသိပေးထားသည်။
တော်လှန်ရေးရန်ပုံငွေရရှိရေးအတွက် Play2Donate က ပြုလုပ်ထားသည့် ဘောလုံးပွဲကြည့်ရင်း လှူဒါန်းနိုင်သော Nwe Oo Video အစီစဥ်မှ မန်ချက်စတာယူနိုက်တက်နှင့် အာဆယ်နယ်အသင်းပွဲသည် အခြားပွဲစဉ်များထပ် ကြည့် ရှုသူ Play2Donate က ထုတ်ပြန်ထားသည်။

“မနေ့ညက မန်ယူနဲ့ အာဆင်နယ်ပွဲ … ဝင်ငွေလေးပါ ခင်ဗျာ။ တိတိကျကျ ပြောရရင် ၂၅ သိန်းနဲ့ ၇ သောင်းကျပ်ဝင်ခဲ့ပါတယ်။ Admob SS ကို မန့်မှာ တင်ပေးပါမယ်။ ဒါဟာ iOS တစ်ခုတည်းကရတဲ့ ဝင်ငွေပါ။ Android သာ ကြော်ငြာတက်ခဲ့ရင် သိန်း (၅၀) တင်မက (၁၀၀) အထိ မှန်းလို့ရခဲ့တဲ့ပွဲကောင်း တစ်ပွဲပါဗျာ။ App ထဲ ဝင်ကြည့်ပြီး အားဖြည့်ပေးခဲ့သူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ Android ကြော်ငြာပြန်ပွင့်ဖို့ နေ့စဉ်လေးဝင်ပေးကြပါ ခင်ဗျာ။ အားလုံး တာဝန်ကျေခဲ့ပါတယ်” ဟု Play2Donate က ရေးသားဖော်ပြထားသည်။

ထို့ပြင် မန်ချက်စတာယူနိုက်တက် အသင်းပရိသတ်များနှင့် အာဆင်နယ်ပရိသတ်များကလည်း ၄င်းတို့ကြိုက်နှစ်သက်သည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ထောက်ပို့အဖွဲ့အစည်းများကို လှူဒါန်းများပြုလုပ်ခဲ့ပြီး အလှူငွေဖြတ်ပိုင်းများကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ကြသည်။

“၃-၁ ဘုံက အာကြီးဖန်တွေအတွက် မျက်ရည်နှစ်စက်”၊ “မနက်တစ်ဝိုင်းလုံးရှင်းမယ့် ဂိတ်မှုးများ”၊ “ရွှေရောင်ဆိုက်ကားဂိတ်မှ GL”၊ “ငယ်နိုင်ရွှေကျေးအား ရည်စူး၍”၊ “ကျဥ်မရှိ Gunnerတွေအတွက် မန်ယူဖန်မှကျဥ်ဖိုးလှူဒါန်း”၊ “ရေပြွတ်ရေမထွက်ရေမထွက်အောင် ပြင်ပေးသော်ဂိတ်မှူး”စသည့် စာသားများဖြင့် တော်လှန်ရေး ထောက်ပို့အဖွဲ့အစည်းများကို လှူဒါန်းခဲ့ကြသည်။

“ManU ဘက်က ၂၄၀၀၀၀ ကျပ်နှင့် ဂျပန်ယန်းငွေ ၁၀၀၀၀ Arsenal ဘက်က ၂၄၀၀၀၀ ကျပ်၊ ကျွန်တော် ၃၀၀၀၀၀ ကျပ် အားဖြည့်ပါမယ်။ ယန်းငွေ လဲလိုက်ရင် စုစုပေါင်း ၉၀၀၀၀၀ နဲနဲကျော်ရပါတယ်။ တော်တော်ကို ထိထိခိုက်ခိုက် အရေးပေါ်လိုအပ်နေတဲ့ ကောလင်းမြို့နယ် ကိုးတောင်ဘို့ဘက်နဲ့ မြောင်ဘက်ကို တစ်ဝက်စီပို့ပါမယ်” ဟု မန်ယူပရိသတ်တစ်ဦးက လူငယ့်ခေတ်သတင်းဌာနသို့ ပြောသည်။

ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဥ် (၆)ဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် အာဆယ်နယ် အသင်းတို့ ယှဥ်ပြိုင်ခဲ့သည့် ပွဲစဥ်တွင် မန်ချက်စတာယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အာဆင်နယ်အသင်း၏ ရာသီအစ (၅)ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို မန်ချက်စတာယူနိုက်တက်အသင်းက အန်တိုနီ နှင့် ရက်စ်ဖို့ ဂိုးများဖြင့် ရပ်တန့်စေခဲ့သော်လည်း အမှတ်ပေးဇယား ထိပ်ဆုံးတွင် အာဆင်နယ်အသင်းကရမှတ် (၁၅)မှတ်ဖြင့် ဦးဆောင်နေဆဲဖြစ်သည်။

မန်ချက်စတာယူနိုင်တက်ကမူ (၂)ပွဲရှုံး၊ (၄) ပွဲနိုင် ရမှတ် (၁၂) မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၅)နေရာတွင်ရပ်တည်နေသည်။
#E07 #Lungekhit
crd

Crd