
News Social News

မနက်ဖြန် စက်တင်ဘာ ၉ ရက်နေ့မှစတင်ပြီး Wave Money က ငွေလွှဲလုပ်ငန်းစဉ် စည်းမျဉ်းအသစ်များပြောင်းလဲသွားတော့မည်ဖြစ်

ပြည်တွင်းမှာ အသုံးအများဆုံး မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Wave Money က မနက်ဖြန် စက်တင်ဘာ ၉ ရက်နေ့မှစတင်ပြီး ငွေလွှဲလုပ်ငန်းစဉ် စည်းမျဉ်းအသစ်များပြောင်းလဲသွားတော့မည်ဖြစ်တယ်လို့ သိရပါတယ်။

ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းစဉ်များ ပိုမိုလုံခြုံစိတ်ချရစေရန်လုံခြုံရေး အဆင်မြှင့်တင်လုပ်ဆောင်ချက်များအရ Wave ဆိုင်များမှာ ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် မှတ်ပုံတင်ကိုမဖြစ်မနေ ယူလာပြီး

အချက်အလက်အပြည့်အစုံကိုဖြည့်စွက်ဖို့ လိုအပ်ပါကြောင်း၊ သို့မှသာငွေလွှဲ၊ငွေထုတ် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Wave Money ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းက တယ်လီနောမှပိုင်ဆိုင်သည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းအား ဒေါ်လာ ၅၃ သန်းဖြင့် Yoma သို့ရောင်းချခဲ့တာဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းမှာ Wave Money သည် ငွေလွှဲခြင်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုတို့တွင် ဦးဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း Wave Money အနေဖြင့်ငွေလွှဲခြင်း၊ငွေပေးချေခြင်းတို့တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ရ ဘီလျံအထိဆောင်ရွက်ပေးခဲ့ကြောင်း၊တစ်နိုင်ငံလုံးရှိ မြို့နယ် ၂၉၅ ခုတွင်Wave Shops နှင့် Wave Moneyအေးဂျင့် ၄၅,၀၀၀ ကျော် ရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။

Wave(Password -ဆိုင်ထုတ်)
ငွေလွှဲသူများ သိစေရန်
***********
ငွေလက်ခံသူမှတ်ပုံတင်နံပါတ်
အမှန်မထည့်ပဲ..
ဒီနေ့လွှဲထားသော
ဝေ့ဆိုင်ထုတ်များ နီးစပ်ရာ Wave Money ဆိုင်များတွင်
ငွေအမြန်ထုတ်ထားကြပါ။
9/9/2022 ကစပြီး အရင်လိုမဟုတ်ပဲ version အသစ်နဲ့ ငွေလွဲရမှာပါ။
ငွေထုတ်သူ့ကလည်း မှတ်ပုံတင်ပြပြီး မှတ်ပုံတင်နဲ့ ထုတ်ရသလိုလွှဲတဲ့ သူကလည်း မှတ်ပုံတင်နဲ့သာ လွှဲရမှာမို့ပါ ။ ငွေထုတ်သူမှာ အသက်18ပြည့်မှတ်ပုံတင်ရှိသူဖြစ်ရပါမည်။
ဒီနေ့ငွေလွှဲ ဒီနေ့ထုတ်ယူနိုင်သူဖြစ်ရပါမည်။
wave password (လျှို့ဝှက်နံပါတ်) ကို မိမိထည့်ချင်သည့်နံပါတ်ထည့်လို့ရတော့မည်မဟုတ်ပဲ.
wave company ကချပေးသည့် လျှို့ဝှက်နံပါတ်6လုံးဟာ..ငွေလက်ခံသူရဲ့ ဖုန်းနံပါတ်ထဲသို့
စာအိပ်ဝင်သွားပါမည်။
9/9/2022 နေ့မတိုင်ခင် လွှဲထားသူများ
8/9/2022ရက်နေ့အပြီး ထုတ်မှသာ
အဆင်ပြေပါမည်။
နောက်မှသွားထုတ်ပြီး ထုတ်မရ ဖြစ်သွားတာမျိုး ပြန်ထုတ်ခိုင်းခြင်းမျိုး
လုပ် ပေးလို့ ရချင်မှရလိမ့်မည်။
#Crd
crd

Unicode







***********
#Crd
crd

Crd