■မည်သည့်အိမ်မဆို တံခါးပိတ်ထားစရာမလိုဘဲ လုံခြုံစိတ်ချစွာနေနိုင်သည်ဆိုသော အိန္ဒိယရွာလေး

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■မည်သည့်အိမ်မဆို တံခါးပိတ်ထားစရာမလိုဘဲ လုံခြုံစိတ်ချစွာနေနိုင်သည်ဆိုသော အိန္ဒိယရွာလေး

ပရိသတ်ကြီးဟာ သင့်ရဲ့အိမ်မှာရှိတဲ့တံခါးတွေကို မပိတ်ပဲနဲ့ ဒီတိုင်းထားခဲ့ရင် လုံခြုံမယ်ထင်ပါသလား ?
လုံခြုံမယ်မခံစားရမှာ အသေအချာပါပဲ။
ဒါပေမယ့် သင်ဟာ ဒီ ရှားနီး ရှင်ကပေါဆိုတဲ့ ရှေးဟောင်းရွာလေးကို မြင်ရရင် တော်တော်ကို အံ့သြသွားပါလိမ့်မယ်။

အိန္ဒိယရဲ့ မဟာရာရှတြာမှာရှိတဲ့ဒီရွာလေးရဲ့ထူးခြားတဲ့အချက်ကတော့ ရွာထဲမှာရှိတဲ့ အိမ်မှန်သမျှဟာ တံခါးလည်းမရှိသလို သော့ခလောက်လည်း မရှိကြပါဘူး။ ထို့အတူ စီးပွားရေးဆိုင်ရာ အဆောက်အဦးတွေဖြစ်တဲ့ ဘဏ်နှင့် စာတိုက်တွေတောင်မရှိကြပါဘူး။
အရာအားလုံးကို ဘယ်သူမှ စောင့်ကြပ်မနေပါဘူး။

ဒီမှာရှိတဲ့ အိမ်တွေအားလုံးအတွက် သူတို့ဟာ လုံခြုံရေးနည်းနည်းတောင်မှ မလိုဘူးလို့ဆိုပါတယ်။
သူတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားရဲ့ ဘုရားသခင် ရှာနီက သူတို့အိမ်တွေကို အထူးတလည် စောင့်ရှောက်ပေးထားတယ်လို့ ယုံကြည်ပါတယ်။
နယ်ခံတွေက တကယ်လို့တစ်စုံတစ်ယောက်ဟာ မဟုတ်မမှန်တာတွေလုပ်မယ်၊ ပစ္စည်းတွေကို ခိုးမယ်ဆိုရင် ဆားဒယ်စားတီ လို့ခေါ်တဲ့ ၇နှစ်ခွဲတိုင်အောင် ကံဆိုးမိုးမှောင်ကြမယ်လို့ ယုံကြည်ကြပါတယ်။

ဒါကတော့ တော်တော် ရှည်ကြာတဲ့ ကျိန်စာပဲမဟုတ်ပါလား။
ရာစုနှစ်ပေါင်းများစွာတိုင်အောင် ရွာထဲမှာ ခိုးမှု မရှိခဲ့ပါဘူး။

နတ်ဘုရား ရှာနီရဲ့ ကျော်ကြားတဲ့ ဘုရားကျောင်းဟာ ရွာထဲမှာရှိတဲ့ အုတ်ခုံတစ်ခုပေါ်မှာ အမိုးအကာမရှိဘဲ ၅ ပေခန့်အမြင့်ရှိတဲ့ အမည်းရောင်ကျောက်တုံးပဲဖြစ်ပါတယ်။
ယုံကြည်ကိုးကွယ်သူတွေကတော့ နတ်ဘုရား ရှာနီဟာ ဒီ အမိုးမရှိ တံခါးမရှိတဲ့နေရာကနေ သူတို့ကို စောင့်ရှောက်နေတယ်လို့ ယုံကြည်ကြပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■မည္သည့္အိမ္မဆို တံခါးပိတ္ထားစရာမလိုဘဲ လုံျခဳံစိတ္ခ်စြာေနနိုင္သည္ဆိုေသာ အိႏၵိယရြာေလး

ပရိသတ္ႀကီးဟာ သင့္ရဲ့အိမ္မွာရွိတဲ့တံခါးေတြကို မပိတ္ပဲနဲ႔ ဒီတိုင္းထားခဲ့ရင္ လုံျခဳံမယ္ထင္ပါသလား ?
လုံျခဳံမယ္မခံစားရမွာ အေသအခ်ာပါပဲ။
ဒါေပမယ့္ သင္ဟာ ဒီ ရွားနီး ရွင္ကေပါဆိုတဲ့ ေရွးေဟာင္းရြာေလးကို ျမင္ရရင္ ေတာ္ေတာ္ကို အံ့ၾသသြားပါလိမ့္မယ္။

အိႏၵိယရဲ့ မဟာရာရွၾတာမွာရွိတဲ့ဒီရြာေလးရဲ့ထူးျခားတဲ့အခ်က္ကေတာ့ ရြာထဲမွာရွိတဲ့ အိမ္မွန္သမၽွဟာ တံခါးလည္းမရွိသလို ေသာ့ခေလာက္လည္း မရွိၾကပါဘူး။ ထို႔အတူ စီးပြားေရးဆိုင္ရာ အေဆာက္အဦးေတြျဖစ္တဲ့ ဘဏ္ႏွင့္ စာတိုက္ေတြေတာင္မရွိၾကပါဘူး။
အရာအားလုံးကို ဘယ္သူမွ ေစာင့္ၾကပ္မေနပါဘူး။

ဒီမွာရွိတဲ့ အိမ္ေတြအားလုံးအတြက္ သူတို႔ဟာ လုံျခဳံေရးနည္းနည္းေတာင္မွ မလိုဘူးလို႔ဆိုပါတယ္။
သူတို႔ ကိုးကြယ္ယုံၾကည္ရာ ဘာသာတရားရဲ့ ဘုရားသခင္ ရွာနီက သူတို႔အိမ္ေတြကို အထူးတလည္ ေစာင့္ေရွာက္ေပးထားတယ္လို႔ ယုံၾကည္ပါတယ္။
နယ္ခံေတြက တကယ္လို႔တစ္စုံတစ္ေယာက္ဟာ မဟုတ္မမွန္တာေတြလုပ္မယ္၊ ပစၥည္းေတြကို ခိုးမယ္ဆိုရင္ ဆားဒယ္စားတီ လို႔ေခၚတဲ့ ၇ႏွစ္ခြဲတိုင္ေအာင္ ကံဆိုးမိုးေမွာင္ၾကမယ္လို႔ ယုံၾကည္ၾကပါတယ္။

ဒါကေတာ့ ေတာ္ေတာ္ ရွည္ၾကာတဲ့ က်ိန္စာပဲမဟုတ္ပါလား။
ရာစုႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ရြာထဲမွာ ခိုးမႈ မရွိခဲ့ပါဘူး။

နတ္ဘုရား ရွာနီရဲ့ ေက်ာ္ၾကားတဲ့ ဘုရားေက်ာင္းဟာ ရြာထဲမွာရွိတဲ့ အုတ္ခုံတစ္ခုေပၚမွာ အမိုးအကာမရွိဘဲ ၅ ေပခန႔္အျမင့္ရွိတဲ့ အမည္းေရာင္ေက်ာက္တုံးပဲျဖစ္ပါတယ္။
ယုံၾကည္ကိုးကြယ္သူေတြကေတာ့ နတ္ဘုရား ရွာနီဟာ ဒီ အမိုးမရွိ တံခါးမရွိတဲ့ေနရာကေန သူတို႔ကို ေစာင့္ေရွာက္ေနတယ္လို႔ ယုံၾကည္ၾကပါတယ္။
Ref:youtube
Trans:thegeektext