■မည်သည့်ပြတိုက်မှာမှတွေ့ရမည်မဟုတ်သော ကြောက်မက်ဖွယ်ရုပ်တုများ

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■မည်သည့်ပြတိုက်မှာမှတွေ့ရမည်မဟုတ်သော ကြောက်မက်ဖွယ်ရုပ်တုများ

ဗီရက်ကို ရိုကိုနမ်ကို ၁၉၄၄ မှာ ဖင်လန်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပရီကာလာ ရွာလေးတစ်ရွာမှာမွေးဖွားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ သူဟာ ကမ္ဘာမှာအောင်မြင်ကျော်ကြားတဲ့သူဖြစ်လာလိမ့်မယ်ဆိုတာ မသိခဲ့ပါဘူး။အဲ့ဒီကောင်ငယ်လေးဟာ မောင်နှမလေးယောက်မှာအငယ်ဆုံးဖြစ်ပြီးအရှက်အကြောက်ကြီးတဲ့သူတစ်ယောက်ပါ။

အသက်ဆယ့်ခြောက်နှစ်မှာ သူဟာ စက္ကူစက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပေမယ့် မပျော်ရွှင်ခဲ့ပါဘူး။သူဟာ သူစိမ်းမျက်လုံးတွေရဲ့ဝေးရာအိမ်မှာပဲ ပျော်ရွှင်ခဲ့တာပါ။ဗီရက်ကိုဟာ သူ့ဘဝရဲ့အဓိကပရောဂျက်တစ်ခုကိုစတင်လုပ်ဆောင်ခဲ့ပါတယ်။

သူဆုံးပါးပြီးတဲ့နောက် ဒီပရောဂျက်က ကမ္ဘာ့ကြောက်စရာအကောင်းဆုံးနေရာတစ်ခုလို့ နာမည်ကြီးလာခဲ့ပါတယ်။သူဟာ ရုပ်တုတွေကိုကွန်ကရစ်နဲ့ပြုလုပ်ခဲ့တာပါ။ကြောက်မက်ဖွယ်ရာမျက်နှာအမူအရာတွေနဲ့ရုပ်တုတွေကို ကမ္ဘာပေါ်က ဘယ်ပြတိုက်မှာမှ ရှာတွေ့မှာမဟုတ်ပါဘူး။

နှစ်ပေါင်းငါးဆယ်ကျော်ကြာ ရုပ်တုတွေကိုဖန်တီးခဲ့ပြီး ရုပ်တုပေါင်း ၄၅၀ ကိုပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ အဲ့တာတွေကို အများပြည်သူကိုပြသဖို့ငြင်းဆိုခဲ့ပြီး သူ့အိမ်ဘေးရှိပန်းခြံမှာပဲထားခဲ့တာပါ။သူ့ရုပ်တုတွေရဲ့ ထူးခြားချက်တစ်ခုကတော့ သဘာဝကိုတုပပြုလုပ်ထားတဲ့သွားတွေဖြစ်ပါတယ်။

ဥပမာအနေနဲ့ဆုံးပါးသွားပြီဖြစ်တဲ့ သူ့ဖခင်ရဲ့အံကပ်ကို ရုပ်တုတစ်ခုရဲ့ပါးစပ်မှာအသုံးပြုတာမျိုးပါ။သူမဆုံးပါးခင်သုံးနှစ်အလိုမှာ ဖင်လန်နိုင်ငံယဥ်ကျေးမှုဝန်ကြီးဌာနမှ သူ့ကို ဆုချီးမြှင့်ခဲ့ပါတယ်။သူဟာ ဆုရဖို့ မသွားခဲ့ပါဘူး။

ဒါပေမဲ့သူဖန်တီးထားတဲ့ ကြောက်မက်ဖွယ်ရုပ်တုတွေက သူရဲ့အရင်ဥယျာဥ်ထဲမှာရှိနေဆဲပါ။ယနေ့ခေတ်မှာတော့ နှစ်စဥ်နှစ်တိုင်းလူထောင်ပေါင်းများစွာဟာ အဲ့ဒီကိုသွားရောက်ကြပြီး ထိတ်လန့်ခြောက်ချားဖွယ်ရုပ်တုတွေကြားမှာလမ်းလျှောက်ရတာကိုကြိုက်နှစ်သက်ကြပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■မည္သည့္ျပတိုက္မွာမွေတြ႕ရမည္မဟုတ္ေသာ ေၾကာက္မက္ဖြယ္႐ုပ္တုမ်ား

ဗီရက္ကို ရိုကိုနမ္ကို ၁၉၄၄ မွာ ဖင္လန္ရဲ့အုပ္ခ်ဳပ္မႈေအာက္မွာရွိတဲ့ ပရီကာလာ ရြာေလးတစ္ရြာမွာေမြးဖြားခဲ့ပါတယ္။အဲ့ဒီအခ်ိန္တုန္းကေတာ့ သူဟာ ကမၻာမွာေအာင္ျမင္ေက်ာ္ၾကားတဲ့သူျဖစ္လာလိမ့္မယ္ဆိုတာ မသိခဲ့ပါဘူး။အဲ့ဒီေကာင္ငယ္ေလးဟာ ေမာင္ႏွမေလးေယာက္မွာအငယ္ဆုံးျဖစ္ၿပီးအရွက္အေၾကာက္ႀကီးတဲ့သူတစ္ေယာက္ပါ။

အသက္ဆယ့္ေျခာက္ႏွစ္မွာ သူဟာ စကၠဴစက္႐ုံတစ္ခုမွာ အလုပ္လုပ္ခဲ့ေပမယ့္ မေပ်ာ္ရႊင္ခဲ့ပါဘူး။သူဟာ သူစိမ္းမ်က္လုံးေတြရဲ့ေဝးရာအိမ္မွာပဲ ေပ်ာ္ရႊင္ခဲ့တာပါ။ဗီရက္ကိုဟာ သူ႔ဘဝရဲ့အဓိကပေရာဂ်က္တစ္ခုကိုစတင္လုပ္ေဆာင္ခဲ့ပါတယ္။

သူဆုံးပါးၿပီးတဲ့ေနာက္ ဒီပေရာဂ်က္က ကမၻာ့ေၾကာက္စရာအေကာင္းဆုံးေနရာတစ္ခုလို႔ နာမည္ႀကီးလာခဲ့ပါတယ္။သူဟာ ႐ုပ္တုေတြကိုကြန္ကရစ္နဲ႔ျပဳလုပ္ခဲ့တာပါ။ေၾကာက္မက္ဖြယ္ရာမ်က္ႏွာအမူအရာေတြနဲ႔႐ုပ္တုေတြကို ကမၻာေပၚက ဘယ္ျပတိုက္မွာမွ ရွာေတြ႕မွာမဟုတ္ပါဘူး။

ႏွစ္ေပါင္းငါးဆယ္ေက်ာ္ၾကာ ႐ုပ္တုေတြကိုဖန္တီးခဲ့ၿပီး ႐ုပ္တုေပါင္း ၄၅၀ ကိုျပဳလုပ္နိုင္ခဲ့ပါတယ္။ဒါေပမဲ့ အဲ့တာေတြကို အမ်ားျပည္သူကိုျပသဖို႔ျငင္းဆိုခဲ့ၿပီး သူ႔အိမ္ေဘးရွိပန္းၿခံမွာပဲထားခဲ့တာပါ။သူ႔႐ုပ္တုေတြရဲ့ ထူးျခားခ်က္တစ္ခုကေတာ့ သဘာဝကိုတုပျပဳလုပ္ထားတဲ့သြားေတြျဖစ္ပါတယ္။

ဥပမာအေနနဲ႔ဆုံးပါးသြားၿပီျဖစ္တဲ့ သူ႔ဖခင္ရဲ့အံကပ္ကို ႐ုပ္တုတစ္ခုရဲ့ပါးစပ္မွာအသုံးျပဳတာမ်ိဳးပါ။သူမဆုံးပါးခင္သုံးႏွစ္အလိုမွာ ဖင္လန္နိုင္ငံယဥ္ေက်းမႈဝန္ႀကီးဌာနမွ သူ႔ကို ဆုခ်ီးျမႇင့္ခဲ့ပါတယ္။သူဟာ ဆုရဖို႔ မသြားခဲ့ပါဘူး။

ဒါေပမဲ့သူဖန္တီးထားတဲ့ ေၾကာက္မက္ဖြယ္႐ုပ္တုေတြက သူရဲ့အရင္ဥယ်ာဥ္ထဲမွာရွိေနဆဲပါ။ယေန႔ေခတ္မွာေတာ့ ႏွစ္စဥ္ႏွစ္တိုင္းလူေထာင္ေပါင္းမ်ားစြာဟာ အဲ့ဒီကိုသြားေရာက္ၾကၿပီး ထိတ္လန္႔ေျခာက္ခ်ားဖြယ္႐ုပ္တုေတြၾကားမွာလမ္းေလၽွာက္ရတာကိုႀကိဳက္ႏွစ္သက္ၾကပါတယ္။
Ref:youtube
Trans:thegeektext