မင်္ဂလာပွဲများစွာမှာ သတို့သမီးနဲ့ သတို့သားရဲ့ မိသားစု၊ ဆွေမျိုးများက ကြင်စဦးဇနီးမောင်နှံများအတွက် ခန်းဝင်လက်ဆောင်အဖြစ် ရွှေကိုပေးကြပြီး ဇနီးမောင်နှံက ဘဝသစ်အတွက် ပြင်ဆင်ရန် အရင်းအနှီးတစ်ခုလို့ မှတ်ယူကြပါတယ်။ ထို့သို့ပေးခြင်းက ရှေးခေတ်ကတည်းက မရှိမဖြစ်လိုအပ်တဲ့ ဓလေ့တစ်ခုဖြစ်လာခဲ့ပြီး ထိုနေ့ကြီးနေ့မြတ်မှာ နှစ်ဖက်စလုံးအတွက် ပျော်ရွှင်မှုဖြစ်စေမှာ ဖြစ်ပါတယ်။
မကြာသေးမီက လူမှုကွန်ရက် TikTok ဟာ လူများစွာ ကို စိတ်လှုပ်ရှားစေမဲ့ အဖြစ်အပျက်လေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ဆိုလိုတာက မင်္ဂလာပွဲပြီးမြှောက်သွားပြီး ညရောက်တဲ့အခါ သတို့သမီးနဲ့ သတို့သားက အနားယူမယ့်အစား မင်္ဂလာဦးညမှာ ဆွေမျိုးသားချင်းတွေက ဂုဏ်ပြုလက်ဖွဲ့ခဲ့တဲ့ ရွှေတွေအားလုံးကို တန်ဖိုးမည်မျှရှိကြောင်း အလေးချိန် ချိန်ကြည့်နေကြပါတယ်။
သတို့သမီးလေးက ရွှေကို ချိန်ပြီး သတို့သားကတော့ ရွှေပဏကို ချရေးဖို့ စာရွက်နဲ့ဘောပင်ကို ကိုင်ထားပါတယ်။ လင်မယားနှစ်ယောက်စလုံးက ရယ်ရယ်မောမောနဲ့ အရမ်းပျော်နေပုံက သူတို့ရဲ့ရွှေဟာ နှစ်ယောက်စလုံးရဲ့ အနာဂတ်ဘဝကို စတင်ဖို့ လုပ်ငန်းတစ်ခုစဖို့ လုံလောက်တယ်ဆို သေချာပါတယ်။
JRose(Tgidailynews)
Zawgyi
မင်္ဂလာဦးညမှာ သက်တောင့်သက်သာ မအိပ်ဘဲ မိသားစု၊ဆွေမျိုးဆီက ရတဲ့ ရွှေတွေကို ချိန်ဆပြီး ပြုံးရွှင်နေကြတဲ့ သတို့သားနဲ့ သတို့သမီး
JRose(Tgidailynews)
Crd