မင်္ဂလာပွဲသို့ ရောက်လာခဲ့ပြီးငိုယိုနေသည့် ရည်းစားဟောင်းကို သတိုးသားက ပွေ့ဖက်ပြီးနှစ်သိမ့်ပေးခဲ့တာကြောင့် သတိုးသမီးက စိတ်ဆိုးပြီး မင်္ဂလာပွဲကိုဖျက်သိမ်းခဲ့




Shoon (Cele Daily)

Zawgyi

မင်္ဂလာပွဲသို့ ရောက်လာခဲ့ပြီးငိုယိုနေသည့် ရည်းစားဟောင်းကို သတိုးသားက ပွေ့ဖက်ပြီးနှစ်သိမ့်ပေးခဲ့တာကြောင့် သတိုးသမီးက စိတ်ဆိုးပြီး မင်္ဂလာပွဲကိုဖျက်သိမ်းခဲ့

ချစ်သူစုံတွဲတိုင်းက ဘဝတစ်ခုကိုပေါင်းဖက်နိုင်ကြသည်မဟုတ်ဘဲ အမှန်တကယ်ချစ်ခဲ့သော်လည်း လမ်းခွဲရသည််အခါမျိုးတွင် ခံနိုင်ရည်ရှိနေရမှာဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့သော မင်္ဂလာပွဲတစ်ခုတွင် သတိုးသား၏ လုပ်ရက်ကြောင့် သတိုးသမီးက သည်းမခံနိုင်တော့ဘဲ မင်္ဂလာပွဲကိုဖျက်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။

သတိုးသား၏ရည်းစားဟောင်းဟာ မင်္ဂလာပွဲကို ရောက်လာခဲ့ပြီး ခွဲခွာရတော့မည့်ဖြစ်တာကြောင့် ဝမ်းနည်းငိုကြွေးနေခဲ့တော့တာဖြစ်ပါတယ်။ထိုအခါသတိုးသားကလည်း ရည်းစားဟောင်းကိုပွေ့ဖက်ထားပြီး စိတ်မကောင်းစွာဖြင့် အားပေးနှစ်သိမ့်ပေးခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် သတိုးသမီးက သတိုးသားကိုစိတ်ဆိုးပြီး မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့တော့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Crd