မင်္ဂလာဆောင်မှာဖွင့်တဲ့ တေးသီချင်းသံမှာ ကျယ်လောင်လွန်း၍ နှလုံးဖောက်ပြီး ကြက်အကောင်ရေ ၆၃ကောင် သေဆုံးသွားတာကြောင့် ပိုင်ရှင်မှ တရားစွဲဆိုခဲ့သည့်အဖြစ်
News Social News
သိပ္ပံပညာရှင်များဧ။်ပြောကြားချက်အရ ကြက်များသည် ပတ်ဝန်းကျင်ရှိ ဆူညံသံ ကျယ်လောင်သော တေးသီချင်းသံတွေ ကြားရသည့်အခါ နှလုံးအားနည်းသည့်အတွက် သေဆုံးသွားတတ်ကြောင်း သိရသည်။
သို့ဖြစ်၍ အိန္ဒိယနိုင်ငံမှ ကြက်ခြံပိုင်ရှင်တစ်ဦးသည် အိမ်နီးနားချင်းရဲ့ မင်္ဂလာဆောင်တွင် ဖွင့်ထားသည့် ကျယ်လောင်သော တေးသီချင်းသံကြောင့် ကြက်အကောင်ရေ ၆၃ကောင်ကို ဆုံးရှုံးလိုက်ရသည့်အတွက် တရားစွဲဆိုခဲ့သည်။
အိမ်နီးနားချင်းမှ ရိုးရာ မင်္ဂလာလက်ထပ်ပွဲတွင် မီးရှူးမီးပန်းတွေနှင့်အတူ ကျယ်လောင်သော သီချင်းသံစဥ်တွေနဲ့ ပျော်ရွှင်စွာ ကျင်းပနေခဲ့စဥ် သူတို့ရဲ့ဆူညံတွေကြောင့် ကြက်လေးတွေမှာ ထိတ်လန့်စွာ အော်နေခဲ့၍ အသံနည်းနည်းတိုးပေးရန် တောင်းဆိုခဲ့သည်။
သို့သော်လည်း မင်္ဂလာပွဲရှိလူများမှာ ကြက်ခြံပိုင်ရှင်ရဲ့ တောင်းဆိုချက်ကို အလေးအနက်မထားပဲ ဂရုမစိုက်ဟန်ဖြင့် အသံတိုးမပေးခဲ့ရာ ကြက်လေးတွေသည် သီချင်းသံကျယ်လောင်မှုအတွက် ထိတ်လန့်ခြင်းတွေနှင့်အတူ နှလုံးဖောက်ပြီး သေဆုံးခဲ့၍ ပိုင်ရှင်မှ ဒေါသထွက်ကာ မင်္ဂလာပွဲစီစဥ်သူတွေကို လျော်ကြေးပြန်ပေးရန် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
Rain (For Ialinks)
Zawgyi
Rain (For Ialinks)
Crd