မင်္ဂလာဆောင်ပန်းစည်းကို မရမက လိုက်လုယူခဲ့တဲ့ပုံစံကြောင့် လူအများအံ့အားသင့်ခဲ့ရတဲ့ မိန်းကလေး

News

မင်္ဂလာဆောင်ပွဲတစ်ခုအတွင်းမှာ အမျိုးသမီးများအားလုံးလိုလိုစောင့်ဆိုင်းနေတဲ့အရာတစ်ခုကတော့ သတို့သမီးကပန်းစည်းပစ်ပေးမဲ့အချိန်ဘဲဖြစ်ပါတယ်။Tiffany အမည်ရှိအမျိုးသမီးဟာ အစ်မဖြစ်သူရဲ့မင်္ဂလာဆောင်ပွဲရှိ သတို့သမီးပစ်လိုက်တဲ့ပန်းစည်းကို ဖမ်းယူရာမှာ လေထုထဲသို့ မြင့်မားစွာ ခုန်ပျံဖမ်းလိုက်တဲ့သူမရဲ့ခုန်ချက်ကြောင့် မင်္ဂလာပွဲရှိ လူတိုင်းဟာ အံ့အားသင့်သွားခဲ့ပါတယ်။

ထို့နောက် လေထဲသို့ ခုန်ပျံလိုက်တဲ့ သူမရဲ့ဓာတ်ပုံဟာ social media ပေါ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။Tiffany ဟာ သတို့သမီးကပန်းစည်းပစ်ပေးမဲ့အချိန်ကို ဝင်မ join ဖို့လုပ်ထားပေမဲ့လည်း သူမရဲ့တစ်ဦးတည်းသောအစ်မဖြစ်သူရဲ့မင်္ဂလာဆောင်ပွဲဖြစ်နေတာကြောင့် ဝင် join ဖြစ်ခဲ့ကြောင်း ပြောပြထားခဲ့ပါတယ်။

ပန်းစည်းလုမဲ့ဧည့်သည်အမျိုးသမီးတိုင်းက Tiffany အား ဘေးစွန်းဆုံးမှာနေစေခဲ့ကြပေမယ့် အစ်မဖြစ်သူက ပန်းစည်းကိုလေထဲသို့ မြှောက်ပစ်လိုက်တဲ့အခါမှာတော့ Tiffany ဟာ သူမရဲ့အရမ်းမြင့်တဲ့ခုန်နှုန်းဖြင့် ပန်းစည်းကို လှမ်းဆွဲဖမ်းလိုက်တာကြောင့် အခြားအမျိုးသမီးများအားလုံးက ၎င်းတို့ရချင်နေခဲ့တဲ့အခွင့်အလမ်းကို လက်လွှတ်လိုက်ကြရပါတော့တယ်။Tiffany ခုန်လိုက်တဲ့အမြင့်က လူတိုင်းကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့ပါတယ်။မင်္ဂလာပွဲများရဲ့အယူအရ မင်္ဂလာဆောင်ပွဲတွေမှာ သတို့သမီးရဲ့ပန်းစည်းကို ဖမ်းမိတဲ့မည်သူမဆိုဟာ ကံကောင်းတတ်ပြီး နောက်တစ်ချိန်ကျ့ရင်တော့ ၎င်းတို့က မင်္ဂလာဆောင်ရလိမ့်မယ်လို့ ယုံကြည်ထားတတ်ကြပါတယ်။

Mia (KB Chimmy One)

Reference : rachwed

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

မင်္ဂလာဆောင်ပွဲတစ်ခုအတွင်းမှာ အမျိုးသမီးများအားလုံးလိုလိုစောင့်ဆိုင်းနေတဲ့အရာတစ်ခုကတော့ သတို့သမီးကပန်းစည်းပစ်ပေးမဲ့အချိန်ဘဲဖြစ်ပါတယ်။Tiffany အမည်ရှိအမျိုးသမီးဟာ အစ်မဖြစ်သူရဲ့မင်္ဂလာဆောင်ပွဲရှိ သတို့သမီးပစ်လိုက်တဲ့ပန်းစည်းကို ဖမ်းယူရာမှာ လေထုထဲသို့ မြင့်မားစွာ ခုန်ပျံဖမ်းလိုက်တဲ့သူမရဲ့ခုန်ချက်ကြောင့် မင်္ဂလာပွဲရှိ လူတိုင်းဟာ အံ့အားသင့်သွားခဲ့ပါတယ်။ထို့နောက် လေထဲသို့ ခုန်ပျံလိုက်တဲ့ သူမရဲ့ဓာတ်ပုံဟာ social media ပေါ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။Tiffany ဟာ သတို့သမီးကပန်းစည်းပစ်ပေးမဲ့အချိန်ကို ဝင်မ join ဖို့လုပ်ထားပေမဲ့လည်း သူမရဲ့တစ်ဦးတည်းသောအစ်မဖြစ်သူရဲ့မင်္ဂလာဆောင်ပွဲဖြစ်နေတာကြောင့် ဝင် join ဖြစ်ခဲ့ကြောင်း ပြောပြထားခဲ့ပါတယ်။

Leave a Reply