မင်္ဂလာစုံတွဲဓာတ်ပုံကို ရိုးရိုးမရိုက်ပဲ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားတော့မည့် ပိုစ့်မျိုးပေးပြီး ရိုက်ခဲ့ခြင်းကြောင့် အများဧ။်ကဲ့ရဲ့ခြင်းကိုခံနေရသော ဇနီးမောင်နှံ







Zawgyi

မင်္ဂလာစုံတွဲဓာတ်ပုံကို ရိုးရိုးမရိုက်ပဲ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားတော့မည့် ပိုစ့်မျိုးပေးပြီး ရိုက်ခဲ့ခြင်းကြောင့် အများဧ။်ကဲ့ရဲ့ခြင်းကိုခံနေရသော ဇနီးမောင်နှံ

အမေရိကန်နိုင်ငံ Arkansasတွင် နေထိုင်သော အသက်၃၀နှစ်အရွယ် အမျိုးသားတစ်ဦးသည် အသက်၂၈နှစ်အရွယ် ချစ်သူမိန်းကလေးနှင့် တွဲလာခဲ့တာ နှစ်အတော်ကြာပြီးနောက် လက်ထပ်ရန်ဆုံးဖြတ်ခဲ့သည်။

သူတို့ချစ်သူစုံတွဲသည် မင်္ဂလာပွဲကို အခမ်းနားဆုံးကျင်းပရန် စိတ်ကူးထားခဲ့သော်လည်း ရောဂါကာလတွင်းဖြစ်နေ၍ လူစုလူဝေးမပြုလုပ်ရသောအခါ လူသူကင်းရှင်းသည့် ၅၀၀မီတာ အမြင့်ရှိသည့် တောင်ထိပ်တစ်ခုပေါ်သို့ သွားရောက်ကာ မင်္ဂလာပွဲအား ဧည့်သည်တော် ၁၂ယောက်နှင့်အတူ ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။

သူတို့ဇနီးမောင်နှံနှစ်ဦးသည် တောင်တက်ရခြင်းကို ဝါသနာပါကြပြီး အရင်ကလည်း တက်ဖူးတာကြောင့် သူတို့နှစ်ဦးရဲ့ မင်္ဂလာဓာတ်ပုံကို အမှတ်တရအဖြစ်ဆုံးလေးပုံစံမျိုးနဲ့ ရိုက်ခဲ့ကြရာ သတို့သမီးလေးမှ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားတော့မည့် အနေအထားကို ရိုက်ကူးခဲ့သည်။

သတို့သမီးသည် အမှန်တကယ်တော့ ပြုတ်ကျမသွားပဲ သူမရဲ့ခါးကို ကြိုးလေးနဲ့ချည်နှောင်ထားကာ ဓာတ်ပုံထဲတွင် Photoshopနဲ့ ကြိုးကိုဖျောက်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သူတို့ဇနီးမောင်နှံသည် အမိုက်စား မင်္ဂလာစုံတွဲဓာတ်ပုံကို မျှဝေခဲ့ရာတွင် အလွန်အမင်း အံ့အားသင့်ခဲ့ကြပြီး အန္တရာယ်များလွန်းသည့်အတွက် ထိုကဲ့သို့မရိုက်ကူးသင့်ကြောင်း ပြောဆိုဝေဖန်ကာ ကဲ့ရဲ့ခဲ့ကြသည်။

Crd