မင်္ဂလာဆောင်သည့်နေ့မှာမှ သတို့သားဖြစ်သူကရုပ်ဆိုးဆိုးနဲ့ တစ်ခါမှမမြင်တွေ့ဖူးတဲ့သူဖြစ်နေတာကြောင့် မူးမေ့မလိုဖြစ်ခဲ့ရသော သတို့သမီးလေး

News Social News

လောကကြီးတွင် အချို့သောသူများသည် တစ်ဖက်သားရဲ့ခံစားချက်ကို မတွေးကြည့်ကြပေးပဲ ကိုယ့်ရဲ့စိတ်ဆန္ဒသဘောတိုင်းသာ ပြည့်ဝအောင် လုပ်ဆောင်တတ်သည့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်ထားရှိသူများသည် အင်မတန်မှ ဆိုးဝါးလှသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ jiangxiပြည်နယ် Shangraoမှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် သတို့သမီးဖြစ်သူခမျာ သူမနဲ့ချိန်းတွေ့တုန်းကတစ်ယောက် တကယ်တမ်းလက်ထပ်တော့မည့်ချိန်ကျ အခြားသူစိမ်းအမျိုးသားတစ်ယောက်ဖြစ်နေတာကြောင့် စိတ်ရှုပ်ထွေးခဲ့ရသည်။

သတို့သမီးလေးသည် မင်္ဂလာမဆောင်မီတစ်လလောက်အလိုက ရုပ်ရည်ချောမောပြီး သန့်သန့်ပြန့်ပြန့်နဲ့ အဆင့်တန်းရှိရှိကောင်လေးတစ်ဦးနဲ့ ချိန်းတွေ့ခဲ့ပြီး သူမဘဝလက်တွဲဖော်အဖြစ်ပါ တစ်ခါတည်းရွေးချယ်ခဲ့ရာတွင် ကောင်လေးရဲ့မိသားစုဆီကနေ ခန်းဝင်ပစ္စည်းအနေနဲ့ ယွမ်၈သိန်းကို လက်ခံရရှိခဲ့သည်။

သတို့သမီးလေးသည် သူမနဲ့လက်ထပ်တော့မည့်သူက ချောလည်းချော ပိုက်ဆံလည်းချမ်းသာ၍ ပျော်နေခဲ့ရာ တကယ်တမ်း မင်္ဂလာဆောင်သည့်နေမှာတော့ သူမနဲ့ချိန်းတွေ့ခဲ့သောကောင်လေးချောချောအစား စိတ်သိပ်မမှန်သည့် ဝဝတုတ်တုတ်အမျိုးသားက သတို့သားဖြစ်နေတာကိုတွေ့ခဲ့ရကာ မူးမေ့မလိုဖြစ်သွားခဲ့ရသည်။

အမှန်တကယ်အားဖြင့် သူမနဲ့ချိန်းတွေ့ခဲ့သောကောင်လေးသည် ဝတုတ်တုတ်သတို့သားရဲ့ ညီလေးဖြစ်နေပြီး စိတ်ကျန်းမာရေးအခြေအနေသိပ်မကောင်းတာကြောင့် သူ့ရဲ့အစ်ကိုဖြစ်သူကို ယူမည့်သူမရှိသေး၍ သူကအရင်ကိုယ်စားချိန်းတွေ့ပေးခဲ့တာဖြစ်ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)

Unicode







Rain (For Ialinks)

Crd