ဘွန်ဒစ်လီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

News

ကိုလုံး နှင့် လိုက်ပ်ဇစ် (၂၀-၄-၂၀၂၁ ည ၁၁:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းက အိမ်ကွင်းနဲ့ အဝေးကွင်းရလဒ်က ပြောင်းပြန်ဖြစ်နေတယ်။ အဝေးကွင်းနောက်ဆုံး(၅)ပွဲဆက်တိုက် အနိုင်ကစားထားပြီး (၄)ပွဲက Clean Sheet ရရှိထားပါတယ်။ ကိုလုံးအသင်းကတော့ လက်ရှိပုံစံအတိုင်းဆို ရှော်လ်ကေးအသင်းနဲ့အတူ တန်းလိုက်ဆင်းရဖို့များနေတယ်။ လိုက်ပ်ဇစ်ကိုပဲ ရွေးချယ်ချင်တယ်။

ဘိုင်ယန်မြူးနစ် နှင့် လေဗာကူဆင် (၂၁-၄-၂၀၂၁ နံနက် ၁:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒစ်လီဂါတစ်ခုတည်းပဲ အာရုံစိုက်ကစားစရာရှိတော့ပြီး နည်းပြ ဟန်ဆီဖလစ်ခ်ကလည်း နွေရာသီမှာ အသင်းနဲ့လမ်းခွဲဖို့ရှိနေလို့ ချန်ပီယံဆုကို စောစောစီးစီးရယူဖို့များပါတယ်။ လီဝန်ဒေါစကီး၊ နာဘရီတို့ ဒဏ်ရာပြဿနာရှိနေပေမဲ့ ဘိုင်ယန်ရဲ့ကျန်တိုက်စစ်အင်အားက ပြည်တွင်းပြိုင်ပွဲမှာ အခက်အခဲမရှိပါဘူး။ လေဗာကူဆင် အသင်း ရလဒ်တွေပြန်ကောင်းလာပေမဲ့ အဝေးကွင်းမှာတော့  အသင်းစွမ်းဆောင်ရည်က အကျဘက်ယိုင်နေသေးတာတွေ့ရတယ်။ မြူးနစ်ကွင်းလည်းဖြစ်လို့ ဘိုင်ယန်အသင်း ဂိုးပြတ် အနိုင်ကစားဖို့များတယ်။

– ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါအိမ်ကွင်း (၂၄)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး လေဗာကူဆင်နှင့် ပြိုင်ပွဲစုံတွေ့ဆုံမှု နောက်ဆုံး (၉)ပွဲတွင် နှစ်သင်းပေါင်းသွင်းဂိုး (၂.၅)ဂိုးအထက်တွင်ရှိသည်။

ဖရန့်ဖတ် နှင့် အော့စ်ဘတ် (၂၁-၄-၂၀၂၁ နံနက် ၁:၀၀ နာရီ)
အော့စ်ဘတ်က အဝေးကွင်းနောက်ဆုံး(၇)ပွဲမှာ (၆)ပွဲအထိ အရေးနိမ့်ထားသလို၊ တန်းဆင်းဇုန်ကလည်း လွတ်သလောက်ဖြစ်နေပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နိုင်ပွဲပြန်ရှာမယ့် ဖရန့်ဖတ်ကိုပဲ ရွေးချင်တယ်။

အာမီးနီးယား နှင့် ရှော်လ်ကေး (၂၁-၄-၂၀၂၁ နံနက် ၁:၀၀ နာရီ)
ရှော်လ်ကေးအသင်းက ဒီပွဲအနိုင်ရရင်တောင် ဘွန်ဒစ်လီဂါကနေ တန်းဆင်းရဖို့ရှိနေတယ်။ အာမီးနီးယားပဲ အနိုင်ရဖို့များပါတယ်။

credit – news-eleven

Leave a Reply