ဘောလုံးလောကကိုကျောခိုင်းရန် စဉ်းစားခဲ့ဖူးသည်ဟု လင်ဂတ် ပြောကြား

News

မန်ယူအသင်းမှဝက်စ်ဟမ်းအသင်းသို့အငှားသွားရောက်ကစားနေသည့်အင်္ဂလန်ကွင်းလယ်ကစားသမားလင်ဂတ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်းဘောလုံးလောကကိုကျောခိုင်းရန်စဉ်းစားခဲ့ဖူးသည်ဟုဝန်ခံပြောကြားခဲ့သည်။ 

လင်ဂတ်ကမိမိအနေဖြင့်မန်ချက်စတာယူနိုက်တက်အသင်းတွင်အရန်ခုံထိုင်နေရသည့်အပြင်မိခင်ဖြစ်သူမှာလည်း စိတ်ကျရောဂါခံစားနေရခြင်းကြောင့်ဘောလုံးလောကမှခေတ္တခဏထွက်ခွာ၍အနားယူရန်စဉ်းစားခဲ့မိသည်ဟုဆိုခဲ့သည်။သို့သော်မန်ယူအသင်းဆေးအဖွဲ့၏အကြံပြုလမ်းညွှန်ချက်များကိုလိုက်နာကာစိတ်ပိုင်းဆိုင်ရာကိုပြန်လည်ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

news-eleven

Leave a Reply