■ဘုရားသခင်ရဲ့အစွမ်းများကိန်းအောင်းနေသည်ဆိုသော လှံ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဘုရားသခင်ရဲ့အစွမ်းများကိန်းအောင်းနေသည်ဆိုသော လှံ

သမာကျမ်းစာမှာဖော်ပြပြီး ခရစ်တော်ကို လက်ဝါးကပ်တိုင်မှာ သတ်ပစ်ခဲ့တဲ့အဓိကသော့ချက်တစ်ခုကတော့ ရောမလှံဖြစ်ပါတယ်။ဒီလှံကို နောက်ပိုင်းမှာ The Spear of Desting လို့ ကမ္ဘာမှာ သိကြပါတယ်။

ကျမ်းစာမှာဖော်ပြထားတဲ့ ကားစင်တင်ရာမှာအသုံးပြုတဲ့‌ ပစ္စည်းတွေက အများကြီးဖြစ်ပေမဲ့ ကမ္ဘာတစ်ခုလုံးမှာ မူလအခြေအနေကို ထိန်းသိမ်းထားနိုင်တာကတော့ ဒီလှံတစ်ခုပဲကျန်ရှိတယ်လို့ ဆိုပါတယ်။ပြောဆိုမှုတွေအရ အဲ့ဒီလှံဟာ တကယ့် အစစ်လို့ပြောကြသလို ဒါမှမဟုတ် အတုကို ထားထားတာလို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

ရှေးရာဇဝင်တွေအဆိုအရတော့ ဒီလှံကို ကိုင်ဆောင်သုံးစွဲသူမည်သူမဆို ဟာ ကမ္ဘာကြီးကို သိမ်းပိုက်နိုင်မယ်လို့ ပြောကြပါတယ်။တော်တော်များများဟာလည်း ဒီလှံကို လိုက်လံရှာဖွေခဲ့ကြပြီး ဒီထဲကတစ်ယောက်ဟာ အဒေါ့ဟစ်တလာပါ။

လျှို့ဝှက်ချက်တစ်ခုအရတော့ သူဟာ ဒီလှံကို ရရှိခဲ့ပြီးနောက် ဥရောပကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပြောဆိုမှုတွေ ရှိတာပါ။ဒီ့နောက်မှာတော့ ဗိုလ်ချုပ် ဂျော့ဘန်ဟာ သူ့ဆီကနေ မန်တတ်စစ်ပွဲမှာ ယူခဲ့ပြီး သိပ်မကြာခင်မှာပဲ ဟစ်တလာကလည်း စစ်ရှုံးခဲ့ရပါတယ်။ဒီလှံအစွမ်းရှိရတဲ့အကြောင်းပြချက်ကတော့ ဒီလှံမှာ ဘုရားသခင်ရဲ့အစွမ်းတွေ ရှိနေလို့ပါ။

အဲ့တာက ခရစ်တော်ကို ဒီလှံက ထိုးစိုက်ခဲ့ပီး လှံက ခရစ်တော်ရဲ့သွေးနဲ့ ထိတွေ့ခဲ့တာကြောင့် အစွမ်းတွေကပါရှိနေတာပါလို့ယုံကြည်သူတွေကမှတ်ယူကြပါတယ်။ အခုကာလမှာတော့ ဒီလှံကို TV show တွေနဲ့ movie တွေမှာ ထည့်သွင်းပြသပြီး ဘုရားသခင်ရဲ့အစွမ်းတွေ ကိန်းဝပ်နေတယ်လို့ ဖော်ပြကြပါတယ်။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ဘုရားသခင္ရဲ့အစြမ္းမ်ားကိန္းေအာင္းေနသည္ဆိုေသာ လွံ

သမာက်မ္းစာမွာေဖာ္ျပၿပီး ခရစ္ေတာ္ကို လက္ဝါးကပ္တိုင္မွာ သတ္ပစ္ခဲ့တဲ့အဓိကေသာ့ခ်က္တစ္ခုကေတာ့ ေရာမလွံျဖစ္ပါတယ္။ဒီလွံကို ေနာက္ပိုင္းမွာ The Spear of Desting လို႔ ကမၻာမွာ သိၾကပါတယ္။

က်မ္းစာမွာေဖာ္ျပထားတဲ့ ကားစင္တင္ရာမွာအသုံးျပဳတဲ့‌ ပစၥည္းေတြက အမ်ားႀကီးျဖစ္ေပမဲ့ ကမၻာတစ္ခုလုံးမွာ မူလအေျခအေနကို ထိန္းသိမ္းထားနိုင္တာကေတာ့ ဒီလွံတစ္ခုပဲက်န္ရွိတယ္လို႔ ဆိုပါတယ္။ေျပာဆိုမႈေတြအရ အဲ့ဒီလွံဟာ တကယ့္ အစစ္လို႔ေျပာၾကသလို ဒါမွမဟုတ္ အတုကို ထားထားတာလို႔ ေျပာဆိုမႈေတြလည္း ရွိပါတယ္။

ေရွးရာဇဝင္ေတြအဆိုအရေတာ့ ဒီလွံကို ကိုင္ေဆာင္သုံးစြဲသူမည္သူမဆို ဟာ ကမၻာႀကီးကို သိမ္းပိုက္နိုင္မယ္လို႔ ေျပာၾကပါတယ္။ေတာ္ေတာ္မ်ားမ်ားဟာလည္း ဒီလွံကို လိုက္လံရွာေဖြခဲ့ၾကၿပီး ဒီထဲကတစ္ေယာက္ဟာ အေဒါ့ဟစ္တလာပါ။

လၽွို႔ဝွက္ခ်က္တစ္ခုအရေတာ့ သူဟာ ဒီလွံကို ရရွိခဲ့ၿပီးေနာက္ ဥေရာပကို သိမ္းပိုက္နိုင္ခဲ့တယ္လို႔လည္း ေျပာဆိုမႈေတြ ရွိတာပါ။ဒီ့ေနာက္မွာေတာ့ ဗိုလ္ခ်ဳပ္ ေဂ်ာ့ဘန္ဟာ သူ႔ဆီကေန မန္တတ္စစ္ပြဲမွာ ယူခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ဟစ္တလာကလည္း စစ္ရႈံးခဲ့ရပါတယ္။ဒီလွံအစြမ္းရွိရတဲ့အေၾကာင္းျပခ်က္ကေတာ့ ဒီလွံမွာ ဘုရားသခင္ရဲ့အစြမ္းေတြ ရွိေနလို႔ပါ။

အဲ့တာက ခရစ္ေတာ္ကို ဒီလွံက ထိုးစိုက္ခဲ့ပီး လွံက ခရစ္ေတာ္ရဲ့ေသြးနဲ႔ ထိေတြ႕ခဲ့တာေၾကာင့္ အစြမ္းေတြကပါရွိေနတာပါလို႔ယုံၾကည္သူေတြကမွတ္ယူၾကပါတယ္။ အခုကာလမွာေတာ့ ဒီလွံကို TV show ေတြနဲ႔ movie ေတြမွာ ထည့္သြင္းျပသၿပီး ဘုရားသခင္ရဲ့အစြမ္းေတြ ကိန္းဝပ္ေနတယ္လို႔ ေဖာ္ျပၾကပါတယ္။
ref:youtube
trans:thegeektext