ဘုန္းႀကီးနဲ႔ သီလရွင္ေတြ ေဖ့စ္ဘုတ္နဲ႔ TikTok မွာ သီခ်င္းဆိုတာ၊ကခုန္တာေတြလုပ္ရင္ လူဝတ္လဲ အေရးယူမယ္

ဘုန္းႀကီးနဲ႔ သီလရွင္ေတြ ေဖ့စ္ဘုတ္နဲ႔ TikTok မွာ သီခ်င္းဆိုတာ၊ကခုန္တာေတြလုပ္ရင္ လူဝတ္လဲ အေရးယူမယ္

ေဖေဖာ္ဝါရီ ၁၁ – ၂၀၂၃
GG(VOM)

ဘုန္းႀကီး ၊သီလရွင္ေတြ Tik Tok နဲ႔ Facebook လူမႈကြန္ယက္စာမ်က္ႏွာမွာ ကခုန္တာ၊သီခ်င္းဆိုတာေတြ လုပ္ရင္ လူဝတ္လဲၿပီး အေရးယူသြားမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္ သံဃမဟာနာယက (မဟန)အဖြဲ႕က သတိေပးထားတယ္လို႔ သိရပါတယ္။

သီလရွင္ ၊ဘုန္းႀကီးေတြအေနနဲ႔ သီခ်င္းဆိုတာေတြ ကခုန္တာေတြမလုပ္ဖို႔ သက္ဆိုင္ရာၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ကတဆင့္ ေက်ာင္းထိုင္ဆရာေတာ္၊ ေက်ာင္းအုပ္ ၊ ေခ်ာင္အုပ္ ၊ ဇရပ္သီလရွင္ဆရာႀကီးေတြဆီအသိေပးထားတယ္လို႔သိရပါတယ္။

” အခုေနာက္ပိုင္း ေဖ့ဘုတ္စ္ေတြ ၊ Tik Tok မွာ သီခ်င္းဆိုၿပီး ကတဲ့ဗီဒီယိုေတြ၊ကေနတာေတြတင္တာ မ်ားလာတယ္။အဲ့ဒါေတြက လူေျပာမ်ားလာၿပီး ကဲ့ရဲ႕စရာျဖစ္လာတယ္၊ဒါေၾကာင့္ မဟန ဆရာေတာ္ႀကီးေတြက အခုလိုသတိေပးလိုက္တာ”လို႔ ေက်ာင္းထိုင္ဆရာေတာ္တပါးကမိန္႔ပါတယ္။

ဇန္နဝါရီလ ေနာက္ဆုံးအပတ္က ျပဳလုပ္ခဲ့တဲ့ အ႒မအႀကိမ္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၊ ဒုတိယအဖြဲ႕ခြဲရဲ႕ပၪၥမအႀကိမ္ ဧကာဒသမအစည္းအေဝးမွာ ဆရာေတာ္ႀကီးေတြက ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
အကယ္၍ သတိေပးတားျမစ္ခ်က္ကို မလိုက္နာပါက ရဟန္း၊ သံဃာ​ေတြ၊ သီလရွင္ေတြကို လူဝတ္လဲၿပီး သံဃနာယကလုပ္ထုံးေတြနဲ႔အညီ အေရးယူေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔သိရပါတယ္။

လက္ရွိ Tik Tok နဲ႔ Facebook လူမႈကြန္ယက္စာမ်က္ႏွာမွာ ဘုန္းႀကီးေတြ ၊သီလရွင္ေတြဟာ သီခ်င္းေနာက္ခံနဲ႔ သ႐ုပ္ေဆာင္တဲ့ ႐ုပ္သံဗီဒီယိုေတြတင္မႈမ်ားလာတာကို ေတြ႕ရပါတယ္။
CRD
#voiceofmyanmar #VOM #ဘုန္းႀကီး၊သီလရွင္ #မဟန #သီခ်င္းဆိုကခုန္ #လူဝတ္လဲအေရးယူမယ္

Unicode
ဘုန်းကြီးနဲ့ သီလရှင်တွေ ဖေ့စ်ဘုတ်နဲ့ TikTok မှာ သီချင်းဆိုတာ၊ကခုန်တာတွေလုပ်ရင် လူဝတ်လဲ အရေးယူမယ်

ဖေဖော်ဝါရီ ၁၁ – ၂၀၂၃
GG(VOM)

ဘုန်းကြီး ၊သီလရှင်တွေ Tik Tok နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ကခုန်တာ၊သီချင်းဆိုတာတွေ လုပ်ရင် လူဝတ်လဲပြီး အရေးယူသွားမှာဖြစ်တယ်လို့ နိုင်ငံတော် သံဃမဟာနာယက (မဟန)အဖွဲ့က သတိပေးထားတယ်လို့ သိရပါတယ်။

သီလရှင် ၊ဘုန်းကြီးတွေအနေနဲ့ သီချင်းဆိုတာတွေ ကခုန်တာတွေမလုပ်ဖို့ သက်ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့ကတဆင့် ကျောင်းထိုင်ဆရာတော်၊ ကျောင်းအုပ် ၊ ချောင်အုပ် ၊ ဇရပ်သီလရှင်ဆရာကြီးတွေဆီအသိပေးထားတယ်လို့သိရပါတယ်။

” အခုနောက်ပိုင်း ဖေ့ဘုတ်စ်တွေ ၊ Tik Tok မှာ သီချင်းဆိုပြီး ကတဲ့ဗီဒီယိုတွေ၊ကနေတာတွေတင်တာ များလာတယ်။အဲ့ဒါတွေက လူပြောများလာပြီး ကဲ့ရဲ့စရာဖြစ်လာတယ်၊ဒါကြောင့် မဟန ဆရာတော်ကြီးတွေက အခုလိုသတိပေးလိုက်တာ”လို့ ကျောင်းထိုင်ဆရာတော်တပါးကမိန့်ပါတယ်။

ဇန်နဝါရီလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲရဲ့ပဉ္စမအကြိမ် ဧကာဒသမအစည်းအဝေးမှာ ဆရာတော်ကြီးတွေက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အကယ်၍ သတိပေးတားမြစ်ချက်ကို မလိုက်နာပါက ရဟန်း၊ သံဃာ​တွေ၊ သီလရှင်တွေကို လူဝတ်လဲပြီး သံဃနာယကလုပ်ထုံးတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ Tik Tok နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဘုန်းကြီးတွေ ၊သီလရှင်တွေဟာ သီချင်းနောက်ခံနဲ့ သရုပ်ဆောင်တဲ့ ရုပ်သံဗီဒီယိုတွေတင်မှုများလာတာကို တွေ့ရပါတယ်။
CRD
#voiceofmyanmar #VOM #ဘုန်းကြီး၊သီလရှင် #မဟန #သီချင်းဆိုကခုန် #လူဝတ်လဲအရေးယူမယ်

Crd