ဘီလီယံနှင့်ချီပြီး ငွေများရှာပေးခဲ့သော တိုက်ကြက်လေးအား သေဆုံးသွားချိန်တွင် ကြင်နာစွာ အသုဘအခမ်းအနား ပြုလုပ်ပေးခဲ့သည့် ပိုင်ရှင်

News

တိရစ္ဆာန်လေးတွေကို ချစ်သည့်သူတိုင်း သူတို့တယုတယနှင့် ဂရုစိုက်ကာ မွေးထားသော တိရစ္ဆာန် လေးတွေနှင့် ခွဲခွာနှုတ်ဆက်ရချိန်တွင် အလွန် ဝမ်းနည်းကြေကွဲရပါသည်။

ယခုအခါတွင်လည်း ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးသည် သူဧ။် ကျေးဇူးရှင် မိတ်ဆွေအဖြစ် သတ်မှတ်ထားသော တိုက်ကြက်လေးမှာ သေဆုံးသွားခဲ့ရ၍ အလွန်အမင်း ဝမ်းနည်းကာ သူငယ်ချင်းများကို ဖိတ်ပြီး အသုဘအခမ်းအနားလေး ပြုလုပ်ပေးခဲ့သည်။

အမျိုးသားသည် ကြက်လေးအား တိုက်ခတ်ရန်အတွက် မွေးထားခဲ့ပြီး ကြက်လေးမှာလည်း ပွဲတိုင်းနိုင်ကာ ထိုင်းဘတ်ငွေကို ဘီလီယံနှင့်ချီပြီး ရသည်ထိကို စွမ်းဆောင်နိုင်ခဲ့သည်။

ကြက်လေးသည် မည်သို့ နာကျင် ခက်ခဲနေပါစေ သခင်ဖြစ်သူအတွက် အောင်ပွဲများသာ ယူဆောင်လာပေးပြီး တစ်နေ့တွင် ကံဆိုးစွာဖြင့် ကြက်လေးမှာ တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက်ဆုံး နလန်ပင်မထူနိုင်တော့ပဲ သေဆုံးသွားခဲ့သည်။

အမျိုးသားလည်း သူဧ။် အဖိုးတန်ကြက်လေးကို ဆုံးရှုံးလိုက်ရခြင်းဖြင့် အင်မတန် ဝမ်းနည်းစွာဖြင့် အသုဘအခမ်းအနားနှင့်အတူ နှုတ်ဆက်ခဲ့ရသည်။

Credit-Hlaing (Love Feeling)

Leave a Reply