Unicode
အမေရိကန်နိုင်ငံ၊ဗာဂျီးနီးယားပြည်နယ်က ဘီယာကုမ္ပဏီတစ်ခုဟာ တောင်တက်အရာရှိချုပ် Chief Hiking Officer တစ်ဦးကို ရှာဖွေလျက်ရှိပြီးအဲဒီသူလုပ်ရမှာကတော့ ရှည်လျားလှတဲ့ Appalachian တောင်တန်းတစ်လျှောက် (၅) လကနေ (၇) လအထိလမ်းလျှောက်ကာ ဘီယာသောက်ရမှာပါတဲ့။
လက်ဇင်တန်မြို့အခြေစိုက် The Devil’s Backbone Brewing Co ကုမ္ပဏီအနေနဲ့ တောင်တက်လမ်းလျှောက်ရတာ၊ ဘီယာသောက်ရတာတွေကိုနှစ်ခြိုက်သူမည်သူမဆို ထူးခြားလှတဲ့အလုပ်နေရာအတွက် အလုပ်လျှောက်လွာတွေ စတင်လက်ခံနေပြီဖြစ်ပါတယ်။
ရွေးချယ်ခံရသူ =အနေနဲ့ ၂ဝ၂၁ ခုနှစ်မှာလုပ်ငန်းစတင်ရမှာဖြစ်ပြီး မိုင်ပေါင်း (၂,၂ဝဝ) ခရီးစဉ်အတွက် Appalachian တောင်တန်းတွေဆီကို လေကြောင်းခရီးနဲ့ အရောက် ပို့ဆောင်ပေးမှာပါတဲ့။.
အဆိုပါခရီးရှည်ကြီးကို ၂ဝ၂၁ ခုနှစ်၊မေလကနေစက်တင်ဘာလအတွင်း အပြီးလျှောက်လှမ်းရမှာဖြစ်ပြီး ယင်းဘီယာကုမ္ပဏီကနေ လိုအပ်သောပစ္စည်းကိရိယာတွေ ပံ့ပိုးပေးမှာဖြစ်သလို ခရီးလမ်းတစ်လျှောက်မှာလည်း ဘီယာပါတီပွဲတွေစီစဉ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင်ဒေါ်လာ (၂ဝ,ဝဝဝ) ကိုလည်းပေးအပ်သွားမှာပါတဲ့။
The Devil’s Back-bone Brewing Co ကုမ္ပဏီဝက်ဘ်ဆိုက်မှာဖော်ပြထားမှုအရ လျှောက်ထားသူတွေဘက်ကနေ ကိုယ်ရေးအချက်အလက်အချို့၊ လူမှုကွန်ယက်သို့မဟုတ် ဘလော့ဂ်ရေးသားမှုအတွေ့အကြုံ၊ တတ်ကျွမ်းနားလည်မှုတွေနဲ့အတူ ဘာကြောင့်မိမိကိုအလုပ်ခန့်အပ်သင့်သလဲဆိုတာကို ကိုယ်တိုင်ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်းပဲ ပေးပို့ရမှာဖြစ်ကြောင်းသိရပါတယ်။
အကောင်းဆုံးလျှောက်ထားသူတွေကို အင်တာဗျူးမေးမြန်းဖို့အတွက် ရွေးချယ်သွားမှာဖြစ်ကာဒုတိယအဆင့်စိစစ်အကဲဖြတ် မှုတွေထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။
Crd
Zawgyi
အေမရိကန္ႏိုင္ငံ၊ဗာဂ်ီးနီးယားျပည္နယ္က ဘီယာကုမၸဏီတစ္ခုဟာ ေတာင္တက္အရာရွိခ်ဳပ္ Chief Hiking Officer တစ္ဦးကို ရွာေဖြလ်က္ရွိၿပီးအဲဒီသူလုပ္ရမွာကေတာ့ ရွည္လ်ားလွတဲ့ Appalachian ေတာင္တန္းတစ္ေလွ်ာက္ (၅) လကေန (၇) လအထိလမ္းေလွ်ာက္ကာ ဘီယာေသာက္ရမွာပါတဲ့။
လက္ဇင္တန္ၿမိဳ႕အေျခစိုက္ The Devil’s Backbone Brewing Co ကုမၸဏီအေနနဲ႔ ေတာင္တက္လမ္းေလွ်ာက္ရတာ၊ ဘီယာေသာက္ရတာေတြကိုႏွစ္ၿခိဳက္သူမည္သူမဆို ထူးျခားလွတဲ့အလုပ္ေနရာအတြက္ အလုပ္ေလွ်ာက္လြာေတြ စတင္လက္ခံေနၿပီျဖစ္ပါတယ္။
ေ႐ြးခ်ယ္ခံရသူ =အေနနဲ႔ ၂ဝ၂၁ ခုႏွစ္မွာလုပ္ငန္းစတင္ရမွာျဖစ္ၿပီး မိုင္ေပါင္း (၂,၂ဝဝ) ခရီးစဥ္အတြက္ Appalachian ေတာင္တန္းေတြဆီကို ေလေၾကာင္းခရီးနဲ႔ အေရာက္ ပို႔ေဆာင္ေပးမွာပါတဲ့။
အဆိုပါခရီးရွည္ႀကီးကို ၂ဝ၂၁ ခုႏွစ္၊ေမလကေနစက္တင္ဘာလအတြင္း အၿပီးေလွ်ာက္လွမ္းရမွာျဖစ္ၿပီး ယင္းဘီယာကုမၸဏီကေန လိုအပ္ေသာပစၥည္းကိရိယာေတြ ပံ့ပိုးေပးမွာျဖစ္သလို ခရီးလမ္းတစ္ေလွ်ာက္မွာလည္း ဘီယာပါတီပြဲေတြစီစဥ္ေပးမွာျဖစ္ပါတယ္။ ဒါ့အျပင္ေဒၚလာ (၂ဝ,ဝဝဝ) ကိုလည္းေပးအပ္သြားမွာပါတဲ့။
The Devil’s Back-bone Brewing Co ကုမၸဏီဝက္ဘ္ဆိုက္မွာေဖာ္ျပထားမႈအရ ေလွ်ာက္ထားသူေတြဘက္ကေန ကိုယ္ေရးအခ်က္အလက္အခ်ိဳ႕၊ လူမႈကြန္ယက္သို႔မဟုတ္ ဘေလာ့ဂ္ေရးသားမႈအေတြ႕အႀကဳံ၊ တတ္ကြၽမ္းနားလည္မႈေတြနဲ႔အတူ ဘာေၾကာင့္မိမိကိုအလုပ္ခန႔္အပ္သင့္သလဲဆိုတာကို ကိုယ္တိုင္ရွင္းျပထားတဲ့ ဗီဒီယိုဖိုင္တစ္ခုကိုလည္းပဲ ေပးပို႔ရမွာျဖစ္ေၾကာင္းသိရပါတယ္။
အေကာင္းဆုံးေလွ်ာက္ထားသူေတြကို အင္တာဗ်ဴးေမးျမန္းဖို႔အတြက္ ေ႐ြးခ်ယ္သြားမွာျဖစ္ကာဒုတိယအဆင့္စိစစ္အကဲျဖတ္ မႈေတြထပ္မံျပဳလုပ္သြားမွာျဖစ္ပါတယ္။
Crd
Crd