ဘာမှလုပ်စရာမလို ဘေးနားအသာထိုင်ပေးရုံနဲ့ ဝင်ငွေ‌ကောင်းကောင်းရနေတဲ့ ဂျပန် အမျိုးသား

News Social News

ကြံရည်ဖန်ရည်ကောင်းလှတဲ့ ဂျပန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့အိပ်မက်ထဲကအလုပ်တစ်ခုကို တကယ်ရှာဖွေတွေ့ခဲ့ပါပြီ။ ဘာအလုပ်မှ မလုပ်ဘဲ ဝင်ငွေရနေတဲ့လုပ်ငန်းပဲ ဖြစ်ပါတယ်။

စာအုပ်ထုတ်ဝေရေးကုမ္ပဏီက ဝန်ထမ်းတစ်ဦးဖြစ်ခဲ့တဲ့ ရှိုဂျီမိုရီမိုတိုဟာ အထီးကျန်နေတဲ့ လူတွေအတွက် သူတို့နှင့်အတူ ရိုးရိုးကလေး အဖော်လိုက်ပေးဖို့ သူ့ကိုယ်သူ အငှားလိုက်တဲ့လုပ်ငန်းဖြင့် ဝင်ငွေရရှိနေတာပါ။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မိရီမိုတိုဟာ ဘာမှလုပ်ပေးစရာမလိုဘဲ ဘေးနားအသာထိုင်နေပေးရုံနဲ့ တနာရီကို ဒေါ်လာ (၇၀) ရတယ်။ ကျနော့်အလုပ်က ဖောက်သည်တွေက ရှိပေးစေချင်တဲ့နေရာမှာ နေပေးလိုက်ရုံပါပဲ၊ ဘာမှအထူးတလည် လုပ်ပေးစရာ မလိုပါဘူးတဲ့လေ။ တကယ်တော့ ကျနော့်အချိန်ကို ပြန်ရောင်းစားခြင်းတမျိုးပါပဲ။ တခါတရံမယ် အတူသွားနေသူအတွက် ဘာမှမပြောမလုပ်ဘဲ ဒီတိုင်းနေနေပေးရတာကလည်း လွယ်ကူတဲ့အလုပ်တော့ မဟုတ်လှပါဘူးတဲ့။

အခုဆို ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့သူတွေဟာ လွန်ခဲ့တဲ့ (၄) နှစ်အတွင်း လူလေးထောင်အထိရှိခဲ့တဲ့အတွက် သူ့ဇနီးနှင့်သူ့ကလေးကို ထောက်ပံ့ကျွေးမွေးဖို့ လုံလောက်တဲ့ဝင်ငွေတွေ ရရှိခဲ့ပါတယ်။

“အခြေခံအားဖြင့်ပြောရရင်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ငှားတာပဲလေ” လို့သူကပြောပါတယ်။ “ကျွန်တော်အလုပ်က ဖောက်သည်တွေ ဘယ်နေရာမှာ ရှိနေစေချင်လဲ အဖော်နေပေးရုံပဲ။ ဘာတစ်မှ မည်မည်ရရ လုပ်ပေးစရာကို မလိုတာ” လို့ သူက ပြောပါတယ်။

သူ့အလုပ်တွေထဲမှာ တစ်ခါက ဖောက်သည်တစ်ဦးက သူနှင့်အတူ ပန်းခြံတစ်ခုထဲမှာ ဆီးဆောအတူစီးပေးရတာ၊ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိန္ဒိယဆာရီကြောင့် သူ့သူငယ်ချင်းတွေ ရှက်ကိုးရှက်ကန်းဖြစ်မှာစိုးလို့ စားသောက်ဆိုင်တစ်ခုမှာ သူမနှင့်အတူ ထိုင်ပေးရတာစသဖြင့်ပါ။

“သူငယ်ချင်းတွေနှင့်အတူဆို ကျွန်မအနေနှင့် သူတို့ကိုဖျော်ဖြေပေးဖို့လိုလိမ့်မယ်လို့ ခံစားရတယ်။ ဒါပေမယ့် အခု အငှားအဖော်လိုက်တဲ့သူနှင့်အတူဆိုတော့ လေဝင်ပေါဖို့မလိုတော့ဘူးလို့ ထင်မိတယ်လေ” လို့ အသက် ၂၇ နှစ်အရွယ် အချက်အလက်သုတေသနမှူးတစ်ဦးက ပြောပါတယ်။

မိုရီမိုတိုရဲ့ အငှားအဖော်လိုက်ကြေးဟာ ယန်းတစ်သောင်း (မြန်မာငွေ ၂ သိန်းကျော်) ရှိပါတယ်။ ဒါဟာ သူ့ရဲ့ ပင်မဝင်ငွေဖြစ်နေပါပြီ။ ကိုဗစ်ကာလ မတိုင်ခင်တုန်းကဆိုရင် သူ့ရက် တစ်ရက်ဝင်ငွေဟာ ဒေါ်လာ ၃၀၀ နီးပါးအထိ ရှိခဲ့ပါတယ်။

“တကယ်လို့ ဖောက်သည်တွေကို ဘာမှမလုပ်ပဲ အဖော်နေပေးတဲ့ ဝန်ဆောင်မှုကိုပေးနိုင်ရင် ဘယ်လိုဖြစ်မလဲ ကျွန်တော်စပြီး စဉ်းစားမိခဲ့တယ်။ လူတွေက ကျွန်တော်ဘာမှမလုပ်ဘဲနေတဲ့အတွက် တန်ဖိုးရှိတယ်လို့ထင်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် အသုံးတည့်လို့လေ” လို့ သူကပြောပါတယ်။ ဒီလို ဆန်းဆန်းပြားပြားအလုပ်မျိုးလုပ်နေတာ ဂျပန်မှာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူးတဲ့။ (YGN)

Crd