ဘဝပြောင်းလဲလိုက်ပြီးနောက် မယုံနိုင်စရာကောင်းလောက်အောင် တောက်ပလာသူတို့ရဲ့ ဓာတ်ပုံ(၃၀) – TGI Daily News

News Social News

မင်္ဂလာပါ။လူတွေဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့ လမ်းကြောင်းကို ရှာဖွေတွေ့ ရှိဖို့ ဆိုတာ ခက်ခဲပါတယ်။ တစ်ချို့လူတွေအတွက် ရိုးရှင်းပေမယ့် တစ်ချို့သောလူတွေအတွက်ကတော့ ရိုးရှင်း မနေခဲ့ပါဘူး။ ဒီလိုခက်ခဲလွန်းတဲ့ ကိစ္စရပ်တွေကို အစစ်အမှန်ကျော်ဖြတ်နိုင်ခဲ့ပြီးတော့ နောက်ဆုံးမှာ ဖြစ်ချင်တဲ့ ဘဝကို ပိုင်ဆိုင်သွားနိုင်တဲ့ အိပ်မက်တွေကို လက်တွေ့အကောင်ထည်ဖော်နိုင်ခဲ့သူတွေလည်း ရှိနေခဲ့ပါပြီ။ အခုဖော်ပြပေးမှာကတော့ ဖြစ်ချင်တဲ့ ဘဝကို ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာ မယုံနိုင်စရာကောင်းလောက်အောင်ကို တောက်ပလာသူတို့ရဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

(၁)

ကိုယ့်ရဲ့ ဆံနွယ်တွေကို ဘယ်တော့မှ အဆုံးရှုံးမခံတော့ပါတဲ့နော်။ တကယ်လည်း လှပသွားတဲ့ လူတစ်ယောက်ဖြစ်ပါတယ်နော်။

(၂)

ဖြတ်သန်းခဲ့ရတဲ့ ခရီးရှည်တွေကို ပြန်လှည့်မကြည့်ချင်တော့ပါဘူး။

(၃)

အခုမှ ငါလိုချင်တဲ့ လမ်းကြောင်းအမှန်ပေါ် ရောက်တာပါတဲ့။

(၄)

“ဒီနေ့ဟာ ကျွန်တော့်ဘဝရဲ့ အပြောင်းအလဲကို စတင်ခဲ့တဲ့ နှစ်နှစ်ပြည့်နေ့လေးပါပဲ”

(၅)

ပြောင်းလဲပြီး နှစ်နှစ်ခွဲကြာတဲ့အခါ လိုချင်တာတွေဟာ အသားကျလာခဲ့ပါတယ်။

(၆)

“၂၀၀၈ နဲ့ ၂၀၂၁… အရမ်းကို ပြောင်းလဲသွားခဲ့ပါပြီ!”

(၇)

“လွန်ခဲ့တဲ့ ၇ နှစ်လောက်က ငါ့ရဲ့ပုံတစ်ပုံကို နှိုင်းယှဉ်ကြည့်ရာဝယ်!”

(၈)

မပြောင်းလဲခင် လွန်တဲ့ခဲ့ နှစ်လလောက်ကလည်း ငါဟာအင်မတန်ကောင်းမွန်တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်တဲ့။

(၉)

အရင်တုန်းက ဟိုမုန်းဓာတ်တွေနဲ့နပမ်းလုံးနေရတဲ့ အချိန်နဲ့ အခုလက်ရှိနှစ်နှစ်ကြာပြီး အခြေအနေတစ်ခု ဖြစ်ပါတယ်။

(၁၀)

အသက်၁၈နှစ်တုန်းကပုံနဲ့ အသက်၂၅နှစ်အရွယ်ပုံက သူများတွေအတွက် သိပ်ကွာခြားမှာ မဟုတ်ပေမယ့် ကိုယ့်အတွက်ကတော့ဖြင့် ဘဝခြင်းမှာ ခြားသွားခဲ့ပါတယ်။

(၁၁)

“လွန်ခဲ့တဲ့ 3 နှစ်က နွေရာသီနဲ့ အခု”

(၁၂)

၅နှစ်ဆိုတဲ့ အချိန်အတိုင်းအတာအတွင်းမှာ အများကြီး ဖြစ်လာနိုင်တယ်။”

(၁၃)

“ကိုယ့်ကိုယ်ကို ဘယ်လိုဘဝ ဖြစ်ချင်တယ်ဆိုတာ အမှန်အတိုင်းတင်ပြတာမျိုးလောက် ပျော်ရွှင်ခဲ့ရတာ မရှိခဲ့ဖူးပါဘူး”

(၁၄)

“ဟိုမုန်းပြောင်းလဲမှုတွေကြောင့် ဒွိဟတွေဖြစ်ခဲ့ပြီး နေခဲ့ရတာ နှစ်အတော်ကြာလွန်းလှပါတယ်”

(၁၅)

ဒါဟာ ငါဖြစ်ချင်တဲ့ဘဝလေးတစ်ခုပါပဲ။

(၁၆)

အသက်၁၈နှစ်ကျော်မှ ဘဝဟာ အမှန်တကယ်ပျော်ရွှင်ခဲ့ရတာပါတဲ့နော်။

(၁၇)

၂၀၁၅မှ ၂၀၂၁ ခုနှစ်အထိ ဖြတ်သန်းခြင်း ပြယုဂ်တစ်ခုဖြစ်ပါတယ်။

(၁၈)

“ကျွန်တော်က ပိုကျန်းမာပြီး ပိုပျော်လာပါတယ်။”

(၁၉)

“ဒီဆံပင်တွေအောက်မှာ ဘယ်သူပုန်းနေမလဲ ကြည့်စမ်း။”

(၂၀)

အပျော်ရွှင်ဆုံး ဘဝတစ်ခုကို ပြောင်းလဲလိုက်ပြီးတဲ့ နောက်ဝယ်။

(၂၁)

စိတ်ကျကုထုံးတွေကို ဆယ်စုနှစ်တစ်ခုကြာ ခံယူပြီးနောက် ဘဝပြောင်းလဲလိုက်တဲ့ ကြယ်တစ်ပွင့်

(၂၂)

US ရဲ့ အထင်ရှားဆုံး ကြယ်တစ်ပွင့် တောက်ပလင်းလက်လာပုံ။ ငယ်တုန်းကဆို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ကြိုးစားခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

(၂၃)

Wachowski မောင်နှမတွေကတော့ တကယ့်ကိုပဲ အရည်အချင်းရှိတဲ့ ဟောလိဝုဒ် ရုပ်ရှင် ဒါရိုက်တာတွေ ဖြစ်ပြီး ထူးခြားတဲ့ ဘဝပြောင်းထားတဲ့ ညီအစ်မတွေပဲ ဖြစ်ပါတယ်။

(၂၄)

သူကတော့ ကမ္ဘာ့ကျော်ကြားဆုံး ဘဝပြောင်းထားတဲ့ အမျိုးသားများထဲက တစ်ဦးဖြစ်ပါတယ်။

(၂၅)

၂၀၀၀ခုနှစ်လောက်တုန်းက နာမည်ကြီးခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသမီးပေါ့ပ်အဆိုတော်ရဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ အချိန်တွေ၊ အခုတော့ သူ့ပျော်ရွှင်တဲ့ ဘဝကို ရှာတွေ့သွားခဲ့ပါပြီနော်။

(၂၆)

အားကစားကြယ်ပွင့်တစ်ဦးရဲ့ ပျော်ရွှင်နေမှုလေးပါ။ ဆက်တိုက်ဒဏ်ရာတွေ ရရှိခဲ့လို့ အားကစားလောက ကနေ ၂၀၀၇ခုနှစ်မှာ ထွက်ခွာခဲ့ပြီးနောက် အခုချိန်မှာတော့ သူဟာပျော်ရွှင်မှုတွေ ရရှိနေပါပြီ။

(၂၇)

ဖိလစ်ပိုင် အမေရိကန်စူပါမော်ဒယ်လေးဖြစ်ပြီး LGBT အသိုင်းအဝိုင်းအခွင့်အရေးအတွက် တက်ကြွ လှုပ်ရှားပေးနေသူလည်း ဖြစ်ပါတယ်။

(၂၈)

အမေရိကန် ပန့်ရော့ခ် ဂီတအဖွဲ့Against Me! ၏ အဆိုတော်နှင့် ဂစ်တာသမားဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ အမျိုးသမီးတစ်ယောက်အဖြစ် ပွင့်လင်းစွာနေထိုင်ဖို့ ကြော်ငြာခဲ့သူတစ်ဦးဖြစ်ပါတယ်။

(၂၉)

သူလေးကတော့ အသက်အငယ်ဆုံး LGBT အခွင့်အရေး လှုပ်ရှားသူလေးဖြစ်ပြီး ထင်ရှားကျော်ကြားတဲ့ ယူကျုဘာတစ်ဦးလည်း ဖြစ်ပါတယ်။

(၃၀)

Aydian ကတော့ Men’s Health မဂ္ဂဇင်း မျက်နှာဖုံးတွင် ပထမဆုံး ဘဝပြောင်းလဲထားမှုကို ဖော်ပြခံရသူ တစ်ဦးဖြစ်ကာ Gay Times မဂ္ဂဇင်း မျက်နှာဖုံးမှာ ဖော်ပြဖူးတဲ့ ပထမဆုံး လိင်ပြောင်းအမျိုးသားလည်း ဖြစ်ပါတယ်။

Ref;Brightside

Credit-Shwenyanshin

Crd