ဘဝကိုအရှုံးမပေးဘဲ ဆက်လက်ကြိုးစားနေခဲ့ပြီး လှပတဲ့ဇနီး နှင့်အတူ ကလေး ၁၈ ယောက်တို့ရဲ့ဖခင်ဖြစ်လာခဲ့တဲ့ အကြောသေအမျိုးသားတစ်ဦး











Zawgyi

ဘဝကိုအရှုံးမပေးဘဲ ဆက်လက်ကြိုးစားနေခဲ့ပြီး လှပတဲ့ဇနီး နှင့်အတူ ကလေး ၁၈ ယောက်တို့ရဲ့ဖခင်ဖြစ်လာခဲ့တဲ့ အကြောသေအမျိုးသားတစ်ဦး


လွန်ခဲ့တဲ့ 2010 ခုနှစ်တွင် Chris Norton အမည်ရှိကောင်လေးတစ်ဦးဟာ အမေရိကန် Northeast Iowa ပြည်နယ်ရှိ Luther College တွင် ဘောလုံးကစားနေစဉ် မတော်တဆမှုတစ်ခု ဖြစ်ပွါးခဲ့ပါတယ်။ ထို့နောက် ကောင်လေးက ကျောရိုးကျိုးပြီး ခြေလက်အင်္ဂါတွေကိုလှုပ်ရှားနိုင်စွမ်းရဲ့ ၃ ရာခိုင်နှုန်းပဲ ကျန်ရှိပါတော့တယ်။

ထိုစဉ် အသက် 18 နှစ်အရွယ် Chris Norton ဟာ လည်ပင်းအောက်ပိုင်း အကြောသေသွားခဲ့ပေမယ့် အဲဒီ 3 ရာခိုင်နှုန်းကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူဟာ physiotherapy ကိုခံနိုင်ရည်ရှိအောင် တစ်နေ့လျှင် 6 နာရီကြာလေ့ကျင့်ခန်းများပြုလုပ်ခဲ့ရကြောင်းကိုပြောပြရင်း “ ကြောက်ရွံ့ခြင်းထက် ယုံကြည်ခြင်းကို ငါရွေးချယ်ရမည်” ဟုဆိုခဲ့ပါတယ်။ သို့ပေမဲ့ Chris ရဲ့ဘဝဟာ ဒီတိုင်းလေးဘဲ အဆုံးမသတ်သွားပါဘူး။

2013 ခုနှစ်မှာ Emily Summers အမည်ရှိအမျိုးသမီးက online ပေါ်တွေ့ဆုံမှုအဖြစ် Chris ရဲ့ဘဝထဲသို့ဝင်ရောက်လာခဲ့ပါတယ်။ စကားစမြည်ပြောဆိုကြပြီးတဲ့နောက် Emily ဟာ သူမရဲ့ကြင်နာမှု၊ ကရုဏာနှင့် အလှတရားတို့ဖြင့် Chris ရဲ့စိတ်ဝင်စားအာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ အထူးသဖြင့်၊ သူမဟာ Chris အားဘီးတပ်ကုလားထိုင်ပေါ်မရှိနေတဲ့စိတ်ခံစားချက်မျိုးကိုပေးစွမ်းစေခဲ့ခြင်းကြောင့်ဘဲဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း Emily ဟာ Chris ရဲ့ဇာတ်လမ်းများကိုကြားသိခဲ့ရပြီး သူ့ဇာတ်လမ်းထဲမှာပါဝင်လာခဲ့ပါတယ်။

Emily ဟာ Chris ကို သူမရဲ့အချစ်ဆုံးသူငယ်ချင်းအဖြစ်သတ်မှတ်ထားခဲ့ပြီး ဘွဲ့နှင်းသဘင်နေ့တွင် စင်မြင့်ပေါ်၌လမ်းလျှောက်လိုသော Chris ၏ဆန္ဒကို ပြီးမြောက်အောင် ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။

2015 ခုနှစ်တွင် Chris ဟာ သူ့ကောင်မလေးရဲ့ပံ့ပိုးမှုဖြင့် ဘွဲ့လက်မှတ်အတွက် စင်မြင့်ပေါ်တက်တဲ့အချိန်မှာ သူ့ရဲ့ဆရာများနှင့်သူငယ်ချင်းများကို အံ့အားသင့်သွားစေခဲ့ပါတယ်။ ၎င်းအခိုက်အတန့်ဗီဒီယိုဟာ ကြည့်ရှုသူပေါင်း ၁ သန်းကျော်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Chris ဟာ သူ့မင်္ဂလာဆောင်မှာ သူ့ဘာသာသူ လျှောက်လှမ်းဖို့ နောက်ထပ်ပန်းတိုင်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

2018 ခုနှစ် ဧပြီလမှာ သူတို့စုံတွဲဟာ သူတို့ရဲ့မင်္ဂလာပွဲကို outdoor မှာ ကျင်းပခဲ့ပါတယ်။ ပွဲအပြီးမှာတော့ Emily က Chris ကိုသိုင်းဖက်ပြီး ဘီးတပ်ကုလားထိုင်ပေါ်ကနေ ကူညီပေးခဲ့ကာ ၎င်းတို့စုံတွဲဟာ မိသားစုများနှင့်သူငယ်ချင်းများရဲ့မျှော်မှန်းထားသည်ထက် 7 ကိုက်ရှည်လျားတဲ့ခန်းမထဲသို့ လျှောက်သွားပြနိုင်ခဲ့ကြပါတယ်။

“ အဲ့ဒီ ရ ကိုက်အရှည်ကို လျှောက်လှမ်းနိုင်ဖို့ ရနှစ်လောက် လမ်းလျှောက်နိုင်အောင်လေ့ကျင့်ခဲ့တာ။ အဲ့တုန်းက တစ်ခုခုများဖြစ်သွားခဲ့ရင်တောင် ကျွန်တော်မှာ Emily ရှိနေလို့ အဆင်ပြေမှာပါလို့ တွေးထားခဲ့တယ် ” လို့ Chris က ဆိုခဲ့ပါတယ်။ မတော်တဆမှုဖြစ်ပြီးနောက် Chris နှင့် ဇနီးဖြစ်သူတို့ဟာ Chris Norton ဆိုတဲ့ရန်ပုံငွေအောက်တွင် ကျောရိုးထိခိုက်ဒဏ်ရာရရှိသူများအတွက် USD 800,000 ကျော် ရန်ပုံငွေရှာဖွေနိုင်ခဲ့သလို ကလေး ၁၈ ယောက်ကိုလည်း မွေးစားခဲ့ကြပါသေးတယ်။

Chris ၏ဆုံးဖြတ်ချက်ကြောင့် စိတ်အားထက်သန်သော အစိုးရမဟုတ်တဲ့အဖွဲ့အစည်း Fotolanthropy က ယနေ့သူမည်သူဖြစ်ရန် သူ့ရဲ့ခရီးစဉ်ဇာတ်ကြောင်းကိုပြောပြသည့် “7 ကိုက်” အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ လက်ရှိတွင် Chris ဟာ စိတ်အားထက်သန်သောဟောပြောသူဖြစ်ပြီး ချစ်လှစွာသောခင်ပွန်းနှင့် ကလေး 18 ဦးတို့ရဲ့ဖခင်လည်းဖြစ်ပါတယ်။

Chris က ကျောရိုးဒဏ်ရာက သူ့ရဲ့ကံတရားလို့သာ လက်ခံထားပြီး “ ကျွန်တော် လူတွေနဲ့ Emily ၊ မွေးစားမှုနဲ့ ရုပ်ရှင်တစ်ကားကို လှုံ့ဆော်ပေးနိုင်ခဲ့တယ်… ဖြစ်ပျက်ခဲ့တာတွေအတွက် ကျေးဇူးတင်မိပြီး ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာစေခဲ့တယ် ” Chris က ဂုဏ်ယူစွာနဲ့ပြောကြားခဲ့ပါတယ်။

Crd