ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ် ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ် အမြတ်ထားကြသော အံ့ဖွယ် ဆင်စွယ်ကြီး

News

ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ် ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ် အမြတ်ထားကြသော အံ့ဖွယ် ဆင်စွယ်ကြီး

ဘယ်သူဘဲယူယူ ဘယ်သူဘဲခိုးခိုး ဘယ်သူဘဲဝှက် ဝှက် မူလတည်ရှိနေရာကို မပျက်မကွက်ပြန်ရောက် လာတဲ့ မြတ်ဗုဒ္ဓပုံတော်ပါရှိတဲ့တလာခုံး ဘာသာဝင် ကရင်လူမျိုးတွေအထွဋ်အမြတ်ထားတဲ့ ဆင်စွယ်တော် ဟာ

ထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်အုန်းဖန် မြို့နယ်အတွင်းက လေးတောခိုကျေးရွာမှာနေထိုင်ကြတဲ့ တာလခုန်းဘာသာဝင်တွေသူတို့ရွာမှာ အထဋ်အမြတ်ထားကိုးကွယ်တဲ့ရှေးဟောင်း ဆင်စွယ်တော်ကို မသူတော်အချို့ကသူတို့ပိုင်သလိုလို ဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြ လာရောက် ယူဆောင်တာတွေရှိခဲ့ပါတယ်။

လေးတောခိုရွာ တည် ရှိတဲ့ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြန်မာဖက် အခြမ်းမှာတော့ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တည် ရှိပါတယ်။မသူတော်တွေဟာဆင်စွယ်တော်ကိုရေခြားမြေခြားထိတိုင်အောင် ယူဆောင်သွားတာမျိုးလည်းရှိခဲ့ကြ ပါတယ်။သို့ပေမဲ့ အချိန်တန်တော့လည်း မူလတည်နေရာကိုဘဲ ပြန်လည်လို့ရောက်ရှိလာတာကတော့ထူးခြားမှု ဖြစ်စဉ် တရပ်ဖြစ်တယ်လို့ဒေသခံအချို့က သုံးသပ် ပြောဆိုကြ ပါတယ်။သက်သတ်လွတ်စားတဲ့ တလာခုံးတွေကိုးကွယ်ကြတဲ့ ဆင်စွယ်တော်ကို အများပြည်သူတွေမြင်တွေ့ရလေအောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

လေးတောခိုရွာက တလာခုံးဘာသာဝင်တွေဟာလမ်းပန်း ခရီးခက်ခဲလှတဲ့ တောကြီးမျက်မည်းထဲမှာ သီးသန့်ရွာတည်ပြီးနေထိုင်ကြတာဖြစ်ပါတယ်။အခုတော့ လေးတောခိုမှာနေထိုင်ကြတဲ့တလာခုံး ဘာသာဝင်အများစုဟာထိုင်းနိုင်ငံသားတွေဖြစ်နေကြ ပါပြီ။သူတို့ပြောတဲ့စကားကတော့ ပိုးကရင်ဘာသာစကား ဖြစ်ပါတယ်။တလာခုံးဘာသာဝင်ကရင် လူမျိုးတွေကို လူသိများစေတာကတော့မီးပုံပွဲပူဇော် ကျင်းပတာဘဲ ဖြစ်ပါတယ်။

မီးပုံပူဇော်တဲ့ပွဲတွေထဲမှာတော့ ကရင်ပြည်နယ်ကျုံဒိုးမြို့ က မီးပုံပူဇော်ပွဲဆိုရင်ထူးခြားတဲ့ဝိသေသတွေနဲ့အတူ မြန်မာနိုင်ငံမှာအထူးထင်ရှား လူသိများ ပါတယ်။တလာခုံးဘာသာဝင်တွေက တာဝတိံံသာမှာတည်ရှိ တဲ့ စူဋ္ဌာမဏဘုရားကို ရည်စူးပြီးတော့ကျင်းပကြတဲ့ မီးပုံပူဇော်ပွဲအကြောင်းကိုသီးသန့် ရေးသားပါမည်။

Leave a Reply