ဘယ်ချိန်မဆို အပြင်က ပြန်လာရင် အိမ်ထဲ မဝင်ခင် (၃၆၀) ဒီဂရီ လှည့်ကြည့်ပြီးမှ ဝင်ကြပါ

သတိကြီးကြီးထားကြပါ.. အိမ်တစ်အိမ်ကို ဓါးပြတိုက်တာမှာ အဲ့အိမ်ကခေါ်ထားတဲ့ အိမ်အကူကောင်မလေးက မနက် ၆:၃၀ လောက်စျေးသွားဖို့ ခြံတံခါးဖွင့်ပြီးအထွက်.. အဲ့ကောင်မလေးနားကို ယောက်ျားတစ်ယောက်ပြေးလာ ဓားထောက် ခြံတံခါးပြန်ဖွင့်ခိုင်းပြီး အိမ်ထဲပြန်ခေါ်သွားတာ..

ဖြစ်ချင်တော့အဲ့အိမ်က cctv တွေတပ်ထားတာ အိမ်ရှင်လင်မယားကလည်း cctv ကမြင်ပြီး အိမ်နီးနားချင်းအိမ်ကိုဖုန်းဆက်လှမ်းပြော အကူအညီတောင်းတာ အဲ့တာနဲ့ ပတ်ဝန်းကျင်ကလူတွေကို သူကတစ်ဆင့်ဟိုလူဆက် ဒီလူဆက်နဲ့ ရပ်ကွက်လူကြီးခေါ်ပြီး ရပ်ကွက်ကလူတွေထွက်လာဝိုင်းတော့မှ အဲ့ကောင်တွေ ပြန်လစ်ပြေးသွားတာ..

အခြေအနေစောင့်ကြည့်ဖို့လည်း အပြင်မှာသူတို့လူလို့ထင်ရတဲ့ကောင် ၂ ယောက်လောက်က ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာကြည့်နေတာ။ လူတွေစုလာတော့ထွက်ပြေးတာ မိတော့မမိလိုက်ဘူး အသက်အန္တရာယ်မပေးတာ ကံကောင်း။

အပြင်ကပြန်လာရင်လည်း ခြံထဲ အိမ်ထဲမဝင်ခင် သတိထားနောက်လှည့်ကြည့် မလှမ်းမကမ်းကပါလာပြီး အိမ်ထဲပြေးဝင်လိုက်ပြီး ဓါးထောက်ဓါးပြတိုက်တာတွေလည်း ကြားနေရတယ်။ အဲ့တော့အပြင်ထွက်မှ မဟုတ်ဘူး အိမ်အပြင်ထွက်ဖို့တံခါးမဖွင့်ခင် အိမ်ထဲမဝင်ခင် ၃၆၀ ဒီဂရီ ကြည့်ပြီးမှ ဖွင့်ထွက်ကြပါ ဝင်ကြပါ။

အဲ့လိုဘဲ ကားပေါ်ရောက်ရင် lock အရင်ချ ပြီးမှခါးပတ်ပတ် လုပ်စရာရှိတာလုပ်ပြီးမောင်း ကားပေါ်ကဆင်းဖို့ lock မဖွင့်ခင် ဘေးပတ်လည် ၃၆၀ ဒီဂရီအရင်ကြည့် ပြီးမှဆင်း။ တတ်နိုင်ရင် ကားမှန်လည်းချမမောင်းပါနဲ့ ကားထဲလက်ဝင်လာပြီး ဖုန်းလု/ ပိုက်ဆံအိတ်လုတွေကလည်း အရမ်းပေါ။

ဖုန်းပြောပြီးလည်းလမ်းမလျှောက်ပါနဲ့ အပြင်သွားနေတုန်းဖုန်းကို လက်မှာမကိုင်ထားပါနဲ့ လုမှာပါ.. ဟိုနေ့ကကြားရတဲ့ case တစ်ခုဆိုလည်း ကောင်မလေးတစ်ယောက် လမ်းလျှောက်ရင်းလက်မှာကိုင်ထားတဲ့ဖုန်းကို လုပြေးပါတယ်.. အဲ့မှာကောင်မလေးက ကူပါအုန်း ကယ်ပါအုန်း အော်တာပေါ့.. ကူမယ့်လူကမပေါ်လာဘူး.. လုတဲ့ကောင်နဲ့ တစ်ဖွဲ့ထဲပါလာတဲ့တစ်ခြားကောင်က ခေါင်းကိုအသင့်ပါလာတဲ့ တုတ်လား/သံတရွင်းနဲ့လားမသိဘူး ရိုက်ချလိုက်တာ ပွဲချင်းပြီးပါပဲ..

အဲ့တော့ အပြင်မှာရောက်နေတာနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ၃၆၀ ဒီဂရီလိုက်ကြည့်နေပါ။ အိမ်ထဲမှာနေလည်း တံခါး/ ပြတင်းပေါက် အလွယ်ဖွင့်မထားပါနဲ့ လူစိမ်း/ အလှူခံ ဘာလာလာ တံခါးမဖွင့်ဘဲပြောကြပါ။ ဒါတွေက ညမှာဘဲဖြစ်နေတာမဟုတ်ပါဘူး မနက်ရော နေ့လည်ရော ညနေ ညအချိန်မရွေး နေရာမရွေးဖြစ်နေတာပါ။ ကျွန်မဆို အရင်ကအပြင်သွားရင် အကျောတင်းတင်း ဘယ်သူ့ကိုမှလှည့်မကြည့်တတ် ကိုယ့်လမ်းကိုယ်ဘဲခပ်တည်တည်သွားတာ ခုတော့ တစ်ချိန်လုံး ၃၆၀ ဒီဂရီလှည့်ပြီးလိုက်ကြည့်ရတာအမော ဘယ်သူကဘာလုပ်မလဲဟဲ့ဆိုတဲ့စိတ်ကြီးပဲ ကပ်နေတော့တာ အားလုံးလည်းသတိကြီးကြီးထားပြီး ဂရုစိုက်ကြပါ။


1

Crd