ဘယ်ကမှန်းမသိတဲ့ လေယာဉ်တစ်စင်း ဖိလပိုင် လေပိုင်နက်နားကိုအမည်မသိ၀င်ရောက်ခဲ့

News

(စက်တင်ဘာ ၂ ရက်နေ့က) – ဖီလပိုင် လေပိုင်နက်နားကိုအမည်မသိလေယာဉ်တစ်စင်း ချဉ်းကပ်လာတာကြောင့် PAF မှ ဂျက်တိုက်လေယာဉ်နှစ်စီးအား ကြားဖြတ်ရန် စေလွှတ်ခဲ့ရကြောင်း ယနေ့ (စက်တင်ဘာ ၄ ရက်) သတင်းမှာ ထုပ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့သည့် ကြာသာပ​တေးနေ့က အမည်မသိလေယာဉ်တစ်စင်းဟာ ဖီလပိုင် လေပိုင်နက်အနားသို့ ချဉ်ကပ်လာတာကိုရေဒါထောက်လှမ်းမှုများမှ တွေ့ရှိခဲ့ရပြီးနောက်၊ ဖိလစ်ပိုင်လေတပ်က အဆိုပါလေယာဉ်အား ကြားဖြတ်ရန်အတွက် FA-50 ဂျက်တိုက်လေယာဉ်နှစ်စီးကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်-လေကြောင်းကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (PADCC) ၏ ပြောကြားချက်အရ – အဆိုပါလေယာဉ်ကိုBolinao, Panasinan ၏ အနောက်မြောက်ဘက် ​ရေမိုင် 120 ခန့်၊ ဖီလပိုင်လေကြောင်းကာကွယ်ရေးအမှတ်(PADIZ) အတွင်းမှာ ထောက်လှမ်းတွေ့ရှိခဲ့ရပြီး ၎င်းဟာ အမြန်နှုန်း 265 knots ဖြင့် ပေ 20000 မှာပျံသန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထို့နောက်မှာတော့ PAF က (DDCC) လေကြောင်းကာကွယ်ရေးအချက်ပေးဌာနခွဲမှာ တပ်ဆွဲထားတဲ့ FA-50 ဂျက်တိုက်လေယာဉ်နှစ်စီးအား “Scramble” အမိန့်ထုပ်ခဲ့ပြီး အမည်မသိလေယာဉ်ကိုကြားဖြတ်ဖော်ထုပ်ရန် မစ်ရှစ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

FA-50 ဂျက်တိုက်လေယာဉ်တွေရဲ့ ကြားဖြတ်အချိန် ၄ မိးနစ်ခန့်မှာတော့ အမည်မသိလေယာဉ်ဟာ အမြန်နှုန်း 400 knots အထိ မြှင့်တင်ကာ မြောက်ဘက်သို့ဦးတည်သွားခဲ့ပြီး ဖိလစ်ပိုင်လေပိုင်နက်မှ ထွက်ခွာသွားခဲ့တာကြောင့်၊ ဒေသစံတော်ချိန် 09:45 AM မှာပဲ ကြားဖြတ်မစ်ရှင်ကို ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။

ဖီလပိုင်လေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး Maynard Mariano က အမည်မသိလေယာဉ်ရဲ့ ချဉ်းကပ်မှုရည်ရွယ်ချက်ကိုမသိနိုင်ကြောင်းနှင့်
၎င်းလေယာဉ်ဟာ ရေဒီယိုသတိပေးချက်ကို တုံ့ပြန်မှုမရှိခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

crd:hwo (DefenceHub)
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

(စက္တင္ဘာ ၂ ရက္ေန႔က) – ဖီလပိုင္ ေလပိုင္နက္နားကိုအမည္မသိေလယာဥ္တစ္စင္း ခ်ဥ္းကပ္လာတာေၾကာင့္ PAF မွ ဂ်က္တိုက္ေလယာဥ္ႏွစ္စီးအား ၾကားျဖတ္ရန္ ေစလႊတ္ခဲ့ရေၾကာင္း ယေန႔ (စက္တင္ဘာ ၄ ရက္) သတင္းမွာ ထုပ္ျပန္ခဲ့ပါတယ္။

ၿပီးခဲ့သည့္ ၾကာသာပ​ေတးေန႔က အမည္မသိေလယာဥ္တစ္စင္းဟာ ဖီလပိုင္ ေလပိုင္နက္အနားသို႔ ခ်ဥ္ကပ္လာတာကိုေရဒါေထာက္လွမ္းမႈမ်ားမွ ေတြ႕ရွိခဲ့ရၿပီးေနာက္၊ ဖိလစ္ပိုင္ေလတပ္က အဆိုပါေလယာဥ္အား ၾကားျဖတ္ရန္အတြက္ FA-50 ဂ်က္တိုက္ေလယာဥ္ႏွစ္စီးကို ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။

ဖိလစ္ပိုင္-ေလေၾကာင္းကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးစင္တာ (PADCC) ၏ ေျပာၾကားခ်က္အရ – အဆိုပါေလယာဥ္ကိုBolinao, Panasinan ၏ အေနာက္ေျမာက္ဘက္ ​ေရမိုင္ 120 ခန႔္၊ ဖီလပိုင္ေလေၾကာင္းကာကြယ္ေရးအမွတ္(PADIZ) အတြင္းမွာ ေထာက္လွမ္းေတြ႕ရွိခဲ့ရၿပီး ၎ဟာ အျမန္ႏႈန္း 265 knots ျဖင့္ ေပ 20000 မွာပ်ံသန္းခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ထို႔ေနာက္မွာေတာ့ PAF က (DDCC) ေလေၾကာင္းကာကြယ္ေရးအခ်က္ေပးဌာနခြဲမွာ တပ္ဆြဲထားတဲ့ FA-50 ဂ်က္တိုက္ေလယာဥ္ႏွစ္စီးအား “Scramble” အမိန႔္ထုပ္ခဲ့ၿပီး အမည္မသိေလယာဥ္ကိုၾကားျဖတ္ေဖာ္ထုပ္ရန္ မစ္ရွစ္ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။

FA-50 ဂ်က္တိုက္ေလယာဥ္ေတြရဲ့ ၾကားျဖတ္အခ်ိန္ ၄ မိးနစ္ခန႔္မွာေတာ့ အမည္မသိေလယာဥ္ဟာ အျမန္ႏႈန္း 400 knots အထိ ျမႇင့္တင္ကာ ေျမာက္ဘက္သို႔ဦးတည္သြားခဲ့ၿပီး ဖိလစ္ပိုင္ေလပိုင္နက္မွ ထြက္ခြာသြားခဲ့တာေၾကာင့္၊ ေဒသစံေတာ္ခ်ိန္ 09:45 AM မွာပဲ ၾကားျဖတ္မစ္ရွင္ကို ရပ္တန႔္ခဲ့ရတယ္လို႔ သိရပါတယ္။

ဖီလပိုင္ေလတပ္ရဲ့ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးႀကီး Maynard Mariano က အမည္မသိေလယာဥ္ရဲ့ ခ်ဥ္းကပ္မႈရည္ရြယ္ခ်က္ကိုမသိနိုင္ေၾကာင္းႏွင့္
၎ေလယာဥ္ဟာ ေရဒီယိုသတိေပးခ်က္ကို တုံ႔ျပန္မႈမရွိခဲ့ေၾကာင္း သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

crd:hwo (DefenceHub)
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။