ဘတ်စ်ကား ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးဖို့ တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်ညွှန်ကြား ပါကစ္စတန်တွင် တရုတ်အင်ဂျင်နီယာများ သေဆုံးမှုကြောင့် တရုတ်အစိုးရ ဒေါသထွက်နေ

News

ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက် Khyber Pakhtukhwa ခရိုင် Kohistan မြို့နယ် တောင်ပေါ်လမ်းတွင် ဇူလိုင်လ ၁၄ ရက်နေ့က ဘတ်စ်ကားတစ်စီး ရုတ်တရက်ပေါက်ကွဲကာ ချောက်ထဲထိုးကျခဲ့သဖြင့် တရုတ်နိုင်ငံသားဆောက်လုပ်ရေးအင်ဂျင်နီယာ ၉ ဦးအပါ ၁၃ ဦးသေဆုံခဲ့သည်ဟု State Time သတင်းတစ်ပုဒ်တွင်ဖော်ပြခဲ့သည် ။

၄င်းတို့သည် ပါကစ္စတန်နိုင်ငံ ဒါဆူမြို့တွင် ရေကာတာနှင့်ရေအားလျှပ်စစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့သွားရောက်ကြရန်ထွက်ခွါလာတဲ့ဘတ်စ်ကားဖြစ်ပါသည် ။

စက်ချို့ယွင်းမှုကြောင့် တရုတ်နိုင်ငံသား အင်ဂျင်နီယာပညာရှင် ၉ ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ပြီး ၃၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Kohistan မြို့နယ် ကော်မရှင်နာ Mr. Arif Javed က ကနဦး အတည်ပြုပြောကြားခဲ့ပါတယ် ။

ဖြစ်စဉ်နဲ့ပတ်သက်လို့ တရုတ်အစိုးရက အကြမ်းဖက်တိုက်ခိုက်မှုကြောင့်လို့ ပြောခဲ့ပြီး ပါကစ္စတန်တန်အစိုးရက တော့ ကားအင်ဂျင်ပေါက်ကွဲမှုကြောင့်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ မနေ့ကတော့ အင်ဂျင်ပေါက်ကွဲမှုကြောင့်မဟုတ်ပဲ အကြမ်းဖက်တိုက်ခိုက်ခံရတာလို့ ပါကစ္စတန်အစိုးရက ပြောင်းလဲပြောခဲ့ပါတယ်။

ပါကစ္စတန်မှာ တရုတ်နိုင်ငံသားတွေသေဆုံးမှုကို စုံစမ်းဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်မယ်လို့ တရုတ်အမျိုးသားလုံခြုံရေးဝန်ကြီး Zhao Kezhi က မနေ့က ပြောပါတယ်။

စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးနိုင်ဖို့ တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်ညွှန်ကြားတာလို့ သူကပြောပါတယ်။

တရုတ်အကျိုးစီးပွါးကို မနာလိုသူတွေရဲ့တိုက်ခိုက်မှုလို့ တရုတ်ကစွတ်စွဲထားပြီး ကျူးလွန်သူတရားခံတွေကို ပါကစ္စတန်အစိုးရက ဖမ်းဆီးအပြစ်ပေးဖို့တောင်းဆိုထားသလို တရုတ်စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်အစိုးရအနေနဲ့ တရုတ်နိုင်ငံသားတွေကို သေချာကာကွယ်စောင့်ရှောက်ဖို့လည်း တရုတ်အစိုးရက တောင်းဆိုထားပါတယ်။

တရုတ်အစိုးရအာဘော်သတင်းတွေကတော့ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေဟာ ပါကစ္စတန်တာလီဘန်တွေဖြစ်ဖို့များတယ်လို့ ဖေါ်ပြနေကြပါတယ်။

Leave a Reply