ဗြိတိသျှတော်ဝင်မိသားစုတွေပိုင်ဆိုင်ထားတဲ့ အဖိုးတန်ရတနာ (၁၀)မျိုး
ဗြိတိသျှတော်ဝင်မိသားစုတွေဟာ တချိန်က နေမဝင်အင်ပါယာကြီးကို အုပ်စိုးနိုင်ခဲ့သလို အလွန်လည်း ကြွယ်ဝချမ်းသာကြပါတယ်။
အခုတင်ပြချင်တာကတော့ သူတို့ ကြွယ်ဝမှုတွေထဲမှ အဖိုးတန်ရတနာ (၁၀) မျိုးနဲ့ ပိုင်ဆိုင်ဝတ်ဆင်သူတွေရဲ့အကြောင်း ဖြစ်ပါတယ်။
(၁၀) မင်းသမီး ဒိုင်ယာနာရဲ့ စေ့စပ်လက်စွပ် (Princess Diana Engagement Ring)
တန်ဖိုး ဒေါ်လာ (၆၇၅,၀၀၀) ရှိတဲ့ ဒီလက်စွပ်ဟာ ၁၂ ကာရက်ရွှေဖြူနဲ့ ပြုလုပ်ထားပြီး တချိန်က မင်းသမီး အမြတ်တနိုးဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ချားလ်မင်းသားဟာ ဒီလက်စွပ်ကို သူမအတွက် ၁၉၈၁ ခုနှစ်မှာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ လက်စွပ်ဟာ အလယ်မှာ မြကျောက်ကို ဘေးပါတ်လည်က စိန်ပွင့်တွေနဲ့ ဝန်းရံစီခြယ်ထားလို့ လှပလွန်းပါတယ်။
အခုတော့ ဒီလက်စွပ်ကို ကိတ်မစ်ဒယ်တန်က ပိုင်ဆိုင်သွားပါပြီ။ သူမကို မင်းသားဝီလျံက ၂၀၁၀ ခုနှစ်မှာ ဝတ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
(၉) စိန်သရဖူ (Cartier Halo Scroll Tiara)
တန်ကြေးကတော့ ဒေါ်လာ (၁.၅) သန်းပါ။ ဒီ စိန်သရဖူကို ၁၉၃၆ ခုနှစ်မှာ ဂျော့(၆) ဘုရင်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မိဖုရားအတွက် ဖြစ်ပါတယ်။
အဲလစ်စဘတ်ဘုရင်မကြီးက ဒါကို လက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။ သူမရဲ့ (၁၈)နှစ်မြောက်မွေ့နေ့မှာပါ။
ဒီသရဖူကို ကိတ်မစ်ဒယ်တန်ကလည်း ၂၀၁၁ ခုနှစ် သူမရဲ့ မင်္ဂလာပွဲမှာ ဝတ်ဆင်ခဲ့ပါတယ်။ စိန်အလုံးရေ တစ်ရာကျော်ပါတယ်တဲ့။
(၈) ကိန်းဘရစ်ချစ်သူများ ခေါင်းစည်းသရဖူ (Cambridge Lover’s Knot Tiara)
ဒေါ်လာ တစ်သန်းကနေ နှစ်သန်းလောက် တန်ကြေးရှိပါတယ်။ လက်ရာက ရာစုနှစ်တစ်ခုစာရှိတဲ့ သမိုင်းဝင်ရတနာ ဖြစ်ပါတယ်။ မူလပိုင်ရှင်ကတော့ ဂျော့ဘုရင်ရဲ့မိဖုရား မာရီဖြစ်ပါတယ်။
နောက်ဆုံးတော့ မင်းသမီးဒိုင်ယာနာဆီ ရောက်လာပါတယ်။ မင်္ဂလာလက်ဖွဲ့အနေနဲ့ ဖြစ်ပါတယ်။
ဒါကိုလည်း ကိတ်မစ်ဒယ်တန်ဟာ ၂၀၁၁ ခုနှစ်၊ ပြည်နယ်စားသောက်ပွဲမှာ ဝတ်ဆင်ပြခဲ့ပါတယ်။ သူက စိန်နဲ့ပုလဲ ရောနှောစီချယ်ထားတာပါ။
(၇) ဘုရင်မမေရီရဲ့ စိန်ဆံထိုးခေါင်းဆောင်း (Queen Mary’s Diamond Bandeau )
တန်ဖိုး ဒေါ်လာ (၂.၇)သန်း ဖြစ်ပါတယ်။ ခေါင်းစည်းပုဝါပုံစံဖြစ်ပြီး စိန်အလုံးရေ ရာကျော် တပ်ဆင်ထားပါတယ်။ စိန်တွေကို ပလက်တီနမ်ကွပ်ထားပြီး ဘုရင်မမေရီအတွက် ၁၉၃၂ ခုနှစ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီပစ္စည်းဟာ အစိတ်အပိုင်းပေါင်း (၁၁) ခု ပေါင်းစပ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီခေါင်းဆောင်းကိုတော့ ၂၀၁၈ ခုနှစ် မီဂန်မာကယ်ရဲ့ မင်္ဂလာပွဲမှာ ဝတ်ဆင်ထားတာ တွေ့ခဲ့ရပါတယ်။
(၆) Oriental Circlet ခေါင်းဆောင်း
သူကတော့ ဒေါ်လာ (၈)သန်းလောက် တန်ပါတယ်။ အိမ်ရှေ့မင်းသား အဲဘတ်ရဲ့ စိတ်ကူးဒီဇိုင်းပုံ ဖြစ်ပါတယ်။
အဲဘတ်က ဘုရင်မကြီး ဗစ်တိုးရီးယားအတွက် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကိုတော့ လူမြင်ကွင်းမှာ တခါတလေမှ ဝတ်ဆင်ပြီး မတွေ့ရသလောက်ပါဘဲ။
ဘုရင်မကြီး အဲလီဇဘက်တောင်မှ တစ်ခါပဲ ဝတ်ဆင်ဖူးပါတယ်။ ထူးခြားချက်ကတော့ ပတ္တမြားနီနီကြီးကို စိန်ပွင့်တွေ ရာချီပြီး ဝန်းရံခြယ်မှုန်းထားတာပါ။ ဒီရတနာတွေဟာ အိန္ဒိယကလို့ ယူဆရပါတယ်။
(၅) ဂရာဗာလီ ဖက်စတွန် လည်ဆွဲ ( Greville Festoon Necklace)
ဒေါ်လာ ၈.၂ သန်းတန်ပါတယ်။ ကာတီးယားကုမ္ပဏီက ၁၉၂၉ ခုနှစ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ပြုပြင်ပြီး ရတနာတွေ ထပ်ဖြည့်ခဲ့ပါတယ်။
အထပ် (၅)ထပ်ပါ ဒီလည်ဆွဲမှာ ရွှေ ၂၅၀ ကနေ ၃၀၀ ကာရက်အထိ ရှိပါတယ်။ အဓိက စိန်ပွင့်ကြီးက (၅) ကာရက်လောက် ရှိပါတယ်။ ဒီလည်ဆွဲကို ကာမီလာ (ချားဘုရင် မိဖုရား) က တခါတလေ ဝတ်ဆင်လေ့ရှိပါတယ်။
(၄) ဘုရင်မမေရီရဲ့ ဖရင့် ခေါင်းဆာင်း (Queen Mary’s Fringe Tiara)
သူ့တန်ဖိုးကတော့ ၆.၈ ကနေ ၉ သန်းလောက်အထိ တန်ပါတယ်။သူကတော့ တော်ဝင်မိသားစုရဲ့ ဖေးဘရိတ်အဖြစ်ဆုံးလို့ ပြောလို့ရပါတယ်။ ဘုရင်မကြီး ဗစ်တိုးရီးယာက ဘုရင်မမေရီကို ပေးခဲ့ပြီး ၁၉၄၇ မင်္ဂလာပွဲမှာ ဝတ်ဆင်စေခဲ့ပါတယ်။
အဲဒီကစပြီး မင်းသမီးတွေရဲ့ မင်္ဂလာပွဲတွေမှာ ဝတ်ဆင်လေ့ရှိကြပါတယ်။ မင်းသမီး အန်နီက ၁၉၇၃ ခုနှစ်မှာ ဝတ်ဆင်တာ တွေ့ခဲ့ကြရပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ မင်းသမီး ဘီးတရစ် ဝတ်ဆင်ပါတယ်။ ခေါင်းဆောင်းသရဖူကို ရွှေ၊ ငွေ၊ စိန်တို့နဲ့ ပြုလုပ်ထားပါတယ်။
(၃ ) ဒိုင်ယာနာရဲ့ Swan Lake လည်ဆွဲ (Diana’s Swan Lake Necklace)
ဒီ လည်ဆွဲကတော့ ဒေါ်လာ ၁၂ သန်း တန်ပါတယ်။ တော်ဝင်မိသားစုရဲ့ နောက်ဆုံး ရတနာလို့ပြောလည်း ရနိုင်ပါတယ်။
မင်းသမီးဒိုင်ယာနာ ဝတ်ဆင်ခဲ့တာပါ။ သူမဟာ ဒီလည်ဆွဲကို ငန်းတို့ပျော်ရာ ရေကန်သာဆိုတဲ့ ဘဲလေးဖျော်ဖြေပွဲမှာ ဝတ်ဆင်ခဲ့လို့ Swan Lake လည်ဆွဲလို့ အမည်တွင်ခဲ့ပါတယ်။
စိန် ၁၇၈ လုံး ပါဝင်ပြီး ပုလဲတွေ၊ တွဲ ၇ တွဲဆွဲထားတဲ့ပုံစံမို့ အရမ်းလှပါတယ်။ ပန်းတိမ်ဆရာက နာမည်ကျော် ဂါရတ် (Garrard) ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဖြစ်ပါတယ်။
(၂) ဂရာဗာလီ ကိုကိုရှနစ် မြသရဖူ (Greville Emerald Kokoshnik Tiara)
ဒေါ်လာ ၆.၅ သန်းကနေ ၁၃ သန်းကြား တန်ဖိုးရှိပါတယ်။ လူတွေ သတိထားမိတာကတော့ ၂၀၁၈ ခုနှစ်လောက်မှာ ဖြစ်ပါတယ်။ ဒါကိုတော့ မင်းသမီး Eugenie က သူမရဲ့ မင်္ဂလာပွဲမှာ ဝတ်ဆင်ခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ သူ့သက်တမ်းက နှစ်တစ်ရာကျော် ရှိနေပါပြီ။ စိန်နဲ့ ပလက်တီနမ်တို့ ပေါင်းစပ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဘဲဥပုံ မြကျောက်ကြီးက ၉၃.၇ ကာရက်တောင် ရှိပါတယ်။ ခေါင်းတောင်းရဲ့ အလယ်တည့်တည့်မှာ တပ်ဆင်ထားပါတယ်။
(၁) Nizam of Hyderabad လည်ဆွဲ
ဒီလည်ဆွဲကတော့ ဒေါ်လာ ၉၁ သန်းမှ ၁၂၁ သန်းလောက်ထိ တန်ပါတယ်။ ကာတီးယားကုမ္ပဏီက ဒီဇိုင်းဆွဲခဲ့တာပါ။
ဘုရင်မကြီး အဲလိဇဘက်ရဲ့ ၁၉၄၇ ခုနှစ်က မင်္ဂလာပွဲအတွက် လက်ဖွဲ့ပစ္စည်း ဖြစ်ပါတယ်။ စိန် ၃၈ လုံး၊ မြ ၁၃ လုံး ပါဝင်ပါတယ်။ မျက်ရည်စက်ပုံ စိန်ပွင့်ကြီးက အလယ်မှာ တပ်ဆင်ထားပါတယ်။
ဒါကိုလည်း မင်းသမီး ကိတ်မစ်ဒယ်တနိဟာ ၂၀၁၄ ခုနှစ်မှာ ဝတ်ဆင်ပြခဲ့ပါတယ်။
ကဲ စာလည်းရှည်သွားပြီမို့ ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါတယ်။
Knight News Team
Knight News © 2022
Crd