ဗြိတိန်က အာရှရေပြင်တွင် လေယာဉ်တင်သင်္ဘောအုပ်စု ချထားမည်

News

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ယခုလနှောင်းပိုင်းမှာ အရှေ့တောင်အာရှဒေသသို့ ခရီးထွက်မှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုခဲ့ပြီး ယင်းခရီးစဉ်မှာ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံတွေဆီ သွားရောက်မှာဖြစ်တယ်လို့ ဟနွိုင်မြို့ အမေရိကန်သံရုံးက ဆိုပါတယ်။

ဝန်ကြီး အော်စတင်ရဲ့ ခရီးစဉ်ဟာ ဘိုင်ဒင်-ဟာရစ္စ အစိုးရအဖွဲ့အနေနဲ့ အရှေ့တောင်အာရှဒေသနဲ့ အာဆီယံကို အင်ဒို-ပစိဖိတ် မဟာဗျူဟာရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြရာရောက်လိမ့်မယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောဆိုခဲ့ပါတယ်။

အော်စတင်ရဲ့ ခရီးစဉ်ဟာ သောကြာနေ့မှာ စတင်လိမ့်မယ်လို့ ဟနွိုင်ရှိ အမေရိကန်သံရုံးက အင်္ဂါနေ့(ဇူလိုင် ၂၀) မှာ ပြောဆိုပါတယ်။

ဒီခရီးစဉ်ဟာ ဒေသတွင်း အမေရိကန်ရဲ့ ကတိကဝတ်ပြုမှုတွေ ခိုင်မာခြင်း၊ ဒေသတွင်း မိမိတို့အကျိုးစီးပွားတွေအပေါ် နိုင်ငံတကာ ဥပဒေနဲ့အညီ စည်းမျဉ်း စည်းကမ်းများအပေါ် အခြေခံတဲ့ လိုက်နာမှုရှိရေး၊ အာဆီယံ ဗဟိုချက်ပြုမှု မြှင့်တင်ရေးတို့ကို ပေါ်လွင်ထင်ရှားစေမှာဖြစ်ကြောင်း သံရုံးရဲ့ ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင် လက်ထက် အမေရိကန်ပြည်ထောင်စုဟာ ကုန်သွယ်ရေးမိတ်ဖက်အဖြစ် နဲ့ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကြီးမားနေတဲ့ ဒေသမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍလိုအပ်ချက်ကို အားဖြည့်ဖို့ ကြိုးစားနေပါတယ်။

ကုန်သွယ်ရေး မိတ်ဖက်အဖြစ် သြဇာလွှမ်းမိုးမှုရှိနေတယ်ဆိုသော်ငြား တရုတ်ဟာ တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့ရဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကြောင့် ဆက်ဆံရေး အဖုအထစ်လေးတွေတော့ ရှိနေခဲ့ပါတယ်။

အချိန်ကိုက်ဆိုသလိုပင် ဗြိတိန်ဟာ စက်တင်ဘာလအတွင်း Queen Elizabeth လေယာဉ်တင်သင်္ဘော ဂျပန်သို့ ဆိုက်ရောက်ပြီးနောက် တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ယင်းရဲ့ မဟာမိတ် ဂျပန်တို့အကြား တင်းမာမှု ဗဟိုချက် ရေပြင်လမ်းကြောင်းမှာ စစ်သင်္ဘောနှစ်စီး အမြဲတမ်း တပ်ဖြန့်ချထားတော့မှာ ဖြစ်တယ်လို့ အင်္ဂါနေ့(ဇူလိုင် ၂၀) မှာ ထုတ်ဖော်ပြောဆိုပါတယ်။

လန်ဒန်ဟာ တိုကျိုနဲ့ ဆက်ဆံရေးနက်ရှိုင်းစွာထားရှိနေမှုအဖြစ် တော်ဝင်ရေတပ်ဖွဲ့ဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘောရဲ့ အဆင့်မြင့် အလည်အပတ်ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

မကြာခင်လတွေအတွင်း ထိုင်ဝမ် အပါအဝင် ဒေသတွင်း တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှု ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်ဖွယ်ရာတွေ မြင့်တက်လာတယ်လို့ ဂျပန်က ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်အရေးဟာ ဂျပန်ရဲ့ Okinawa ကျွန်းကိုပါ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဂျပန်က ရှုမြင်ထားတာတယ်လို့လည်း Kyodo သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်မှာ အဓိကကျတဲ့ ပြသနာတစ်ခုဖြစ်ခဲ့မယ်ဆိုရင်၊ ဒါကအများကြီးပြောဖို့တော့ မလွယ်နိုင်ပါဘူး၊ ဒါပေမယ့် အဲဒီလိုဖြစ်ခဲ့ရင် ဂျပန်ရဲ့ရှင်သန်မှုကို ခြိမ်းခြောက်နေတဲ့ အခြေအနေနဲ့ ဆက်စပ်နေနိုင်ပါတယ်၊

ကျွန်တော်တို့အနေနဲ့ Okinawa က နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာကို စဉ်းစားဖို့လိုပါတယ်” လို့ ဂျပန်ဒုတိယဝန်ကြီးချုပ် Taro Aso က ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ကတော့ တရုတ်ရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ထားကာ အမေရိကန်နဲ့ အနောက်အုပ်စုတွေက ထောက်ခံပေးထားပြီး တရုတ်ကတော့ သူတို့ပိုင်နယ်မြေဖြစ်တယ်လို့ အငြင်းပွားနေခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောအုပ်စုရဲ့ ဖြန့်ကျက်မှုအပြီးမှာ ဗြိတိန်အနေနဲ့ ယခုနှစ်နှောင်းပိုင်းကစလို့ ဒေသတွင်းမှာ စစ်သင်္ဘောနှစ်စီး အမြဲတမ်းအဖြစ် တပ်ဖြန့်ချထားခဲ့မှာဖြစ်တယ်လို့ တိုကျိုမှာ ဂျပန် ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲကြေညာချက်အတွင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝဲလ်လေ့စ်က ပြောဆိုခဲ့ပါတယ်။

ရေဒါပျောက် တိုက်လေယာဉ် F-35 တွေ ပါဝင်တဲ့ ဗြိတိန် လေယာဉ်တင်သင်္ဘောဟာ ဂျပန်ရဲ့ ရေတပ်ဦးစီးဌာနနဲ့ အမေရိကန်ရေတပ် သတ္တမမြောက် လေယာဉ်တင်သင်္ဘောအုပ်စု USS Ronald Reagan တို့တည်ရှိနေတဲ့ ယိုကိုဆူကာ ရေတပ်အခြေစိုက်စခန်းကို ဆိုက်ကပ်မှာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply