ဗုံးကြဲလေယာဉ်အုပ် ၁၉ စင်းနဲ့ တရုတ်တို့ ထိုင်၀မ်ကိုထပ်မံကျူးကျော်၀င်ရောက်ခဲ့

Militarily News

စက်တင်ဘာ ၅ ရက်- တနင်္ဂနွေနေ့က ထိုင်ဝှမ်လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်ဗုံးကြဲလေယာဉ်အုပ် ၁၉ စင်းမျှကျူး​ကျော်ဝင်ရောက်ခဲ့ဟု တိုင်ပေ-ထိုင်ဝှမ်သတင်းမှထုပ်ပြန်ခဲ့

ထိုင်ဝှမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုပ်ပြန်ချက်အရ PLA AF တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်၏ Shenyang J-16 တိုက်လေယာဉ် ၁ဝ စင်း၊ Xian H-6 ဗုံးကြဲလေယာဉ် ၄ စင်း၊ SU-30 တိုက်လေယာဉ် ၄ စင်းနှင့် Shaanxi (Y-8 ASW) ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်လေယာဉ် ၁ စင်း စုစုပေါင်း ၁၉ စင်းတို့ဟာ ထိုင်ဝှမ်လေကြောင်းကာကွယ်ရေး အမှတ်အသား (ADIZ) ဇုန်၏ အနောက်တောင်ထောင့်သို့ တနင်္ဂနွေနေ့က ထိုးဖောက်ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

ထိုကဲ့သို့ ကျူးကျော်ဝင်ရောက်နေသော တရုတ်လေယာဉ်များကိုသတိပေးရန် ထိုင်ဝှမ် ​လေတပ်မှ F-16 တိုက်လေယာဉ်များစေလွှတ်ခြင်း၊ရေဒီယိုအသံလွှင့် သတိပေးချက်များထုပ်ပြန်ခြင်းနှင့်မြေပြင်အခြေစိုက် Air Defense System ဒုံးကျည်စနစ်များမှရေဒါထောင်လှမ်းခြင်း၊ ခြေရာခံခြင်းများဖြင့် တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ပညာရှင် Su Tzu-yun က ၎င်း ဝင်ရောက်ပျံသန်းမှုတွင်ပါဝင်ခဲ့တဲ့ တရုတ်ရဲ့ J-16 တိုက်လေယာဉ်တွေဟာ အီလက်ထရောနစ်စစ်ဆင်ရေးအတွက် ဒီဇိုင်းပြုလုပ်ထားတဲ့ J-16D တိုက်လေယာဉ်အသစ်တွေ ဖြစ်နိုင်ကြောင်း၊ ထိုင်ဝှမ် စစ်တပ်အနေဖြင့်၎င်းကို စောင့်ကြည့်သင့်ကြောင်း ပြောကြားခဲ့ပြီး၊ အဆိုပါ J-16D တွေဟာ Boeing EA-18G Growler ကဲ့သို့စွမ်းရည်များပါဝင်ပြီး မြေပြင်၊ ပင်လယ် ဝေဟင်ကာကွယ်ရေးစနစ်များနှင့် Jam ရေဒါစနစ်များကို နှိမ်နင်းဖျက်စီးနိုင်လိမ့်မယ်လို့ ယုံကြည်ရကြောင်း သတိ​ပေးပြောကြားခဲ့ပါတယ်။

ယခုဖြစ်စဉ်အပါအဝင် PLA AF လေယာဉ်များဟာ ထိုင်ဝှမ် ADIZ ဇုန်အတွင်းသို့ မကြာခဏကျူးကျော်ဝင်ရောက်မှုများပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ပျံသန်းခဲ့သည့် လေယာဉ် ၂၈ စင်း အုပ်ကတော့ အကြီးမားဆုံးကျူး​ကျော်မှုမှတ်တမ်း ဖြစ်ခဲ့ပါတယ်။

Photo @MoNDefense
@hwo (DefenceHub)
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

စက္တင္ဘာ ၅ ရက္- တနဂၤေႏြေန႔က ထိုင္ဝွမ္ေလေၾကာင္းကာကြယ္ေရးဇုန္အတြင္းသို႔ တ႐ုတ္ဗုံးၾကဲေလယာဥ္အုပ္ ၁၉ စင္းမၽွက်ဴး​ေက်ာ္ဝင္ေရာက္ခဲ့ဟု တိုင္ေပ-ထိုင္ဝွမ္သတင္းမွထုပ္ျပန္ခဲ့

ထိုင္ဝွမ္ အမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာန၏ ထုပ္ျပန္ခ်က္အရ PLA AF တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ ေလတပ္၏ Shenyang J-16 တိုက္ေလယာဥ္ ၁ဝ စင္း၊ Xian H-6 ဗုံးၾကဲေလယာဥ္ ၄ စင္း၊ SU-30 တိုက္ေလယာဥ္ ၄ စင္းႏွင့္ Shaanxi (Y-8 ASW) ေရငုပ္သေဘၤာတိုက္ဖ်က္ေရးစစ္ေလယာဥ္ ၁ စင္း စုစုေပါင္း ၁၉ စင္းတို႔ဟာ ထိုင္ဝွမ္ေလေၾကာင္းကာကြယ္ေရး အမွတ္အသား (ADIZ) ဇုန္၏ အေနာက္ေတာင္ေထာင့္သို႔ တနဂၤေႏြေန႔က ထိုးေဖာက္ဝင္ေရာက္ခဲ့တာ ျဖစ္တယ္လို႔ဆိုပါတယ္။

ထိုကဲ့သို႔ က်ဴးေက်ာ္ဝင္ေရာက္ေနေသာ တ႐ုတ္ေလယာဥ္မ်ားကိုသတိေပးရန္ ထိုင္ဝွမ္ ​ေလတပ္မွ F-16 တိုက္ေလယာဥ္မ်ားေစလႊတ္ျခင္း၊ေရဒီယိုအသံလႊင့္ သတိေပးခ်က္မ်ားထုပ္ျပန္ျခင္းႏွင့္ေျမျပင္အေျခစိုက္ Air Defense System ဒုံးက်ည္စနစ္မ်ားမွေရဒါေထာင္လွမ္းျခင္း၊ ေျခရာခံျခင္းမ်ားျဖင့္ တုံ႔ျပန္ခဲ့တယ္လို႔ ဆိုပါတယ္။

ထိုင္ဝမ္ပညာရွင္ Su Tzu-yun က ၎ ဝင္ေရာက္ပ်ံသန္းမႈတြင္ပါဝင္ခဲ့တဲ့ တ႐ုတ္ရဲ့ J-16 တိုက္ေလယာဥ္ေတြဟာ အီလက္ထေရာနစ္စစ္ဆင္ေရးအတြက္ ဒီဇိုင္းျပဳလုပ္ထားတဲ့ J-16D တိုက္ေလယာဥ္အသစ္ေတြ ျဖစ္နိုင္ေၾကာင္း၊ ထိုင္ဝွမ္ စစ္တပ္အေနျဖင့္၎ကို ေစာင့္ၾကည့္သင့္ေၾကာင္း ေျပာၾကားခဲ့ၿပီး၊ အဆိုပါ J-16D ေတြဟာ Boeing EA-18G Growler ကဲ့သို႔စြမ္းရည္မ်ားပါဝင္ၿပီး ေျမျပင္၊ ပင္လယ္ ေဝဟင္ကာကြယ္ေရးစနစ္မ်ားႏွင့္ Jam ေရဒါစနစ္မ်ားကို ႏွိမ္နင္းဖ်က္စီးနိုင္လိမ့္မယ္လို႔ ယုံၾကည္ရေၾကာင္း သတိ​ေပးေျပာၾကားခဲ့ပါတယ္။

ယခုျဖစ္စဥ္အပါအဝင္ PLA AF ေလယာဥ္မ်ားဟာ ထိုင္ဝွမ္ ADIZ ဇုန္အတြင္းသို႔ မၾကာခဏက်ဴးေက်ာ္ဝင္ေရာက္မႈမ်ားျပဳလုပ္ေလ့ရွိၿပီး ၿပီးခဲ့သည့္ ဇြန္လ ၁၅ ရက္ေန႔က ပ်ံသန္းခဲ့သည့္ ေလယာဥ္ ၂၈ စင္း အုပ္ကေတာ့ အႀကီးမားဆုံးက်ဴး​ေက်ာ္မႈမွတ္တမ္း ျဖစ္ခဲ့ပါတယ္။

Photo @MoNDefense
@hwo (DefenceHub)
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။