



crd
Photo: AFP

Unicode
ဗီယက်နမ်နှစ်သစ်ကူးကာလ ချမ်းသာကြွယ်ဝသူတွေကြား ရေပန်းအစားဆုံး ဟင်းတစ်ခွက်(သို့) တစ်ကောင်မြန်မာငွေ သိန်းသုံးရာကျော်ပေးရတဲ့ ရှားပါးနဂါးကြက်

■ လာမယ့် တနင်္ဂနွေနေ့ဟာ ဗီယက်နမ်နှစ်သစ်ကူးပါ။
ဒီလိုနှစ်သစ်ကူးကာလ ဗီယက်နမ်မှာ ရေပန်းအစားဆုံးတွေထဲ တစ်ခုကတော့ Dong Tao လို့ခေါ်တဲ့ “နဂါးကြက်” ပဲ ဖြစ်ပါတယ်။

ရှားပါးကြက်အမျိုးအစားဖြစ်ပြီး၊ အုတ်ခဲတစ်ခဲစာအရွယ် ကြီးမားတဲ့ သူ့ခြေထောက်တွေက
နဂါးခြေထောက်နဲ့ တူနေတာပါ။
တန်ဖိုးက တစ်ကောင်ကို ဒေါ်လာ ၁၂၅ဝ ကနေ ၂၅ဝဝ အထိ ရှိပါတယ်။

ကြက်ဥ တစ်လုံးတည်းတင် ၈ ဒေါ်လာ ပေးဝယ်ရတာပါ။
ထူးကဲတဲ့ အရသာမျိုး ပေးစွမ်းတဲ့ သူ့ခြေထောက်တွေဟာ ဗီယက်နမ်နှစ်သစ်ကူးကာလ ချမ်းသာကြွယ်ဝသူတွေ ကြား ရေပန်းအစားဆုံး ဟင်းတစ်ခွက်လို့ ဆိုပါတယ်။

Crd