
News Social News

ဖလော်ရီဒါပြည်နယ်က သမင်တစ်ကောင်လုံးတောင် မျိုနိုင်တဲ့ စပါးအုံးမြွေကြီးကို ဗိုက်ခွဲကြည့်လိုက်ရာမှာ ပညာရှင်များ အံ့အားသင့်စရာကြုံတွေ့ရ

ဖလော်ရီဒါပြည်နယ်မှာ ဖမ်းမိခဲ့တဲ့ အရှည် ၁၈ ပေရှိ မြန်မာ့ စပါးအုံးမြွေကြီးဟာ တွေ့ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ယင်းမြွေကြီးကို ဖမ်းမမိခင်က နောက်ဆုံး သမင်တစ်ကောင်ကို အမဲလိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ တောရိုင်းတိရိစ်ဆာန် ဇီဝဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့ကတော့ သူတို့မြင်တွေ့ဖူးသမျှထဲက

အကြီးဆုံး ‌မြွေကြီးကို လေ့လာဖို့အတွက် ဖမ်းဆီးရာမှာ မိနစ် ၂၀ လောက်ကြာခဲ့ပါတယ်။ ယင်းမြွေကြီးကို ဒီဇင်ဘာလက ဖမ်းမိခဲ့တာဖြစ်ပြီး ဧပြီလအထိ ရေခဲသေတ္တာထဲမှာ ထိန်းသိမ်းထားရာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ အပြင်ကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီစပါးအုံးမြွေကြီးရဲ့ ဝမ်းဗိုက်အတွင်းကနေ မျိုးဥ အလုံးပေါင်း ၁၂၂ လုံးကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ စပါးအုံးအမများရဲ့

မျိုးပွားမှု အများဆုံးကို စံချိန်တင် ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စပါးအုံး‌မြွေမကြီးရဲ့ ဝမ်းဗိုက်အတွင်းကနေ သမင်တစ်ကောင်ရဲ့ အရိုးများလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖလော်ရီဒါပြည်နယ်ရဲ့

အနောက်တောင်ဘက် မိုင် ၁၀၀ ကျယ်ဝန်းတဲ့ ဧရိယာမှာ စပါးအုံးမြွေ ၁,၀၀၀ ကျော်ကို ခြေရာခံကိရိယာများဖြင့် ကင်း‌ထောက်နိုင်ခဲ့တယ်လို့ ဖော်ပြချက်မှာ တွေ့ရပါတယ်။

crd-

ယူနီကုတ်






crd-

Crd