■ဖိလစ်ပိုင်နိုင်ငံမှပြုလုပ်သော ကသလစ်ဓလေ့ထုံးတမ်းတစ်မျိုးဖြစ်သည့် ဟောလိုးဝင်း
Article Knowledge Travel World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဖိလစ်ပိုင်နိုင်ငံမှပြုလုပ်သော ကသလစ်ဓလေ့ထုံးတမ်းတစ်မျိုးဖြစ်သည့် ဟောလိုးဝင်း
အာရှနိုင်ငံတွေထဲမှာ မက္ကဆီကန်တွေနဲ့တူတဲ့ ပွဲတစ်ခုခုများတွေးမိကြရဲ့လား ပရိတ်သတ်ကြီးရေ. ဖိလစ်ပိုင်နိုင်ငံမှာရှိပါတယ်နော်။ စပိန်ကိုလိိုနီနိုင်ငံ အဖြစ်အုပ်ချုပ်ခြင်းခံခဲ့ရတဲ့ အမွေအနှစ် တစ်ခုအဖြစ် ခိုင်မာတဲံ့ ကသလစ် ဓလေ့ထုံးတမ်းတွေက ဖိလစ်ပိုင်မှာရှိနေပါသေးတယ်။
‘ဒီပွဲမှာတော့ပုံမှန်လုပ် နေကျ ‘မုန့်ကျွေးမလား၊ အစခံမလား’ ဆိုတဲ့ပုံစံမျိုးထက် ပိုပြီးတော့ဘာသာရေး နဲ့ ဆက်နွယ်ပါတယ်။
ပန်းတွေ၊ ဆုတောင်းတာတွေ၊ မီးထွန်းထားတဲ့ ဖယောင်းတိုင်တွေ နဲ့ သင်္ချိုံင်းကိုလာရောက်လည်ပတ်သူတွေ နဲ့ပါ။ သူတို့ရဲ့ ဟောလိုးဝင်း ကတော့ တစ်ညတည်းပါ။
ဒါပေမယ့် တစ်ပတ်လောက်ကြိုတင်ပြင်ဆင်ကြ ရတာပါ။ သင်္ချိုံင်းတွေအားလုံးကို သန့်ရှင်းရေးလုပ်၊ မြေပုံမှတ်တိုင်တွေကို ဆေးခြယ်၊ မြက်တွေရိတ်ပြီးအားလုံး ကြည့်လို့လှနေပါတယ်။
ဒါမှသာ သချိုင်းတွေကို ချစ်ရတဲ့သူတွေလာလည်တဲ့ အဓိကနေ့တွေ ဖြစ်တဲ့ နိုဝင်ဘာတစ်ရက်နဲ့နှစ်ရက်နေ့တွေကတော့ ပြီးပြည့်စုံတဲ့ နေ့လေးတွေ ဖြစ်နေမှာပါ။ ပရိတ်သတ်ကြီးကတော့ တစ်နေ့တာလုံး သင်္ချိုံင်းမှာပဲ ဖြတ်သန်းရတာကို ပျင်းစရာကောင်းတယ်လို့ ထင်ရပါလိမ့်မယ်။
ဒါပေမယ့် မိသားစုတစ်စုလုံး ၁ နှစ်မှာ ၁ခါသာတွေ့ပြီး ကြည့်နူးစရာ အခိုက်အတန့်လေးတွေ အတူဆင်နွှဲကြတာဆိုတော့ ကိစ္စတော့မရှိပါဘူးနော်။ ကာရာအိုကေတွေ ၊ လမ်းဘေးစျေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေတောင်ရှိပါတယ်နော်။ ဒီလိုဆိုတော့ လာလည်တဲ့သူတွေက သူတို့ရဲ့ ဘိုးဘေးတွေနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေ ဖြတ်သန်းနိုင်တာပေါ့။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext